Pages
Thursday, November 21, 2013
တရုတ်သံရုံးရှေ့ ချီတက်ဆန္ဒပြသူ ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်
Photo: တရုတ်သံရုံးရှေ့ ချီတက်ဆန္ဒပြသူ ၆ ဦးကို ထောင်ဒဏ်တွေ ချမှတ်
Thursday, November 21, 2013
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အခုလို ပြစ်ဒဏ်ချမှတ်တာဟာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးမဏ္ဍိုင် ခိုင်မာမှုမရှိတာကိုပြနေကြောင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုဒီငြိမ်းလင်းက RFA ကို ပြောပါတယ်။
“လက်ပံတောင်းတောင်မှာ အကြမ်းဖက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆန္ဒပြတယ်၊ အကြမ်းဖက်တဲ့ တရားခံတွေ မဖော်ဘဲနဲ့ ကျနော်တို့ကိုထောင်ချတယ်၊ ဒါတွေက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာ ဘယ်လောက်ယိုင်နဲ့နေတယ်ဆိုတာ ပေါ်လွင်နေတယ်ဗျာ၊ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို ဘယ်လိုဆက်လုပ်ရမှာလဲ၊ ဒီအတိုင်းပဲ ဆက်နေရမှာလား၊ ဒါဆို ကျနော်တို့လိုချင်တဲ့ တရားမျှတမှုတွေက ဘယ်ရောက်သွားမှာလဲဆိုတာကို စဉ်းစားစေချင်ပါတယ်၊ နိုင်ငံတော်သမ္မတကြီးက လွှတ်တယ်၊ ဖမ်းတယ်၊ ဒါနိုင်ငံရေး ကစားကွက်အနေနဲ့ ကျနော်တို့ကိုလုပ်တယ်”
ဒီနေ့ရုံးချိန်းမှာ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုခံထားရသူတွေဖြစ်တဲ့ ကိုဒီငြိမ်းလင်း၊ ကိုမိုးသွေး၊ ကိုအောင်မျိုးဦး၊ ကိုစိုးမိုးထွန်း၊ ကိုမြင့်ကျော်နဲ့ မသန္တာတို့ ၆ ဦး ကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့တာပါ။
သူတို့ ၆ ဦးကို အလုံမြို့နယ်နဲ့ စမ်းချောင်းမြို့နယ်တွေမှာလည်း တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး အဲဒီအမှုတွေကိုလည်း မနက်ဖြန်မှာ အပြီးသတ် စီရင်ချက်ချမှတ်မယ်လို့ သိရပါတယ်။
RFA
RangonNewsDaily:: November . 21 .2013
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေအရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို လမ်းလျှောက်ချီတက်ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူ ၆ ဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်ခဲ့ပါတယ်။
စီရိုနယ်လ်ဒို အတွက် ကျေနပ် ပျော်ရွင် မိကြောင်း ပြောကြားလိုက်သည့် လီယွန်နယ် မက်ဆီ
Photo: စီရိုနယ်လ်ဒို အတွက် ကျေနပ် ပျော်ရွင် မိကြောင်း ပြောကြားလိုက်သည့် လီယွန်နယ် မက်ဆီ
Thursday, November 21, 2013
 ၂၀၁၃ ဘောလုံး ရာသီ အတွက် ဥရောပ ရွှေဖိနပ် ဆုကို ပူပူ နွေးနွေး ဆွတ်ခူး ရရှိ ပိုင်ဆိုင် ထားသည့် ဘာစီလိုနာ အသင်း ဧ။် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ က သူဧ။် ပြိုင်ဘက်  ရီးရဲယ် မက်ဒရစ် အသင်း ဧ။် ပေါ်တူဂီ တောင်ပံ တိုက်စစ်မှူး စီရိုနယ်လ်ဒို ဧ။် အောင်ပွဲ အတွက် ကျေနပ် ပျော်ရွင် မိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့သည် ဟု သိရသည်။                   ပေါ်တူဂီ အသင်း နင့် ဆွီဒင် အသင်း တို့  ကစားခဲ့သည့် ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဒုတိယ အကျော့ ပွဲစဉ် ကစားအပြီး ပေါ်တူဂီ အသင်း က အသင်းခေါင်းဆောင် စီရိုနယ်လ်ဒို ဧ။် ဟက်ထရစ် သွင်းဂိုးများ ဖြင့် ကမ္ဘာ့ဖလား  ဖိုင်နယ် ပွဲစဉ်များ သို့  တက်ရောက်သွားသည့် ပွဲစဉ် အား ကြည့်ရှုပြီး နောက် သူ့ အနေဖြင့် စီရိုနယ်လ်ဒို အတွက် အလွန်အမင်း ကျေနပ် ပျော်ရွှင် မိကြောင်း ဖွင့်ပြော လိုက်ခြင်း ဖြစ်သည်။                 
ဒါပေမယ့် သေချာတာ ကတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး မှာ ဗိုလ်စွဲ ဖို့ ဆိုတာ ကျနော့် ရဲ့ အကြီးမားဆုံး အိပ်မက်ကြီး ပါ ။ ကျနော် မှ မဟုတ်ပါဘူး ကျနော် ၊ ကျနော့် ကစား ဖော်တွေ နဲ့  အာဂျင်တိုင်း သား အားလုံး အတွက် အဓိက အိပ်မက်ကြီး ပေါ့ဗျာ ။ ဒါပေမယ့် ကျနော့် ရဲ့  မျှော်လင့်ချက် အိပ်မက် က ကမ္ဘာ့ဖလား ကြီး ကို ပိုင်ဆိုင် နိုင်ပြီး ဘာစီလိုနာ အသင်း အတွက် ထာဝရ အကောင်းဆုံး ခြေစွမ်း နဲ့  ပေးဆပ် နိုင်ဖို့  ပါပဲ " ဟု ပြိုင်ဘက် ကို ချီးကျူး ထောပနာ ပြုရင်း ၄င်း ဧ။် မျှော်လင့်ချက် အိပ်မက် အားလည်း ဖွင့်ဟ ၀န်ခံ သွားခဲ့ကြောင်း သိရသည်။
( Sky Sports )Written by ၀ိုင်း ( ကျိန်းရိပ် )
http://www.football-cafe.com/
RangonNewsDaily:: November . 21 .2013
၂၀၁၃ ဘောလုံး ရာသီ အတွက် ဥရောပ ရွှေဖိနပ် ဆုကို ပူပူ နွေးနွေး ဆွတ်ခူး ရရှိ ပိုင်ဆိုင် ထားသည့် ဘာစီလိုနာ အသင်း ဧ။် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ က သူဧ။် ပြိုင်ဘက် ရီးရဲယ် မက်ဒရစ် အသင်း ဧ။် ပေါ်တူဂီ တောင်ပံ တိုက်စစ်မှူး စီရိုနယ်လ်ဒို ဧ။် အောင်ပွဲ အတွက် ကျေနပ် ပျော်ရွင် မိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့သည် ဟု သိရသည်။
ရွှေပြည်သာမှာ အထည်ချုပ်လုပ်သား ၆၀၀ ခန့် ဆက်လက်ဆန္ဒပြ
Photo: ရွှေပြည်သာမှာ အထည်ချုပ်လုပ်သား ၆၀၀ ခန့် ဆက်လက်ဆန္ဒပြ
Thursday, November 21, 2013
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့အတွက် စက်ရုံအလုပ်သမား ၆၀၀ ကျော်ဟာ ဒီကနေ့မှာ ၄ ရက်မြောက်နေ့အဖြစ် စက်ရုံရှေ့မှာ ဆက်လက်ဆန္ဒပြ နေကြပါတယ်။
ဒီလို စက်ရုံလုပ်သားတွေ ဆန္ဒပြမှုနဲ့ပတ်သက်လို့ ရွှေပြည်သာမြို့နယ် အလုပ်ရှင်နဲ့အလုပ်သမား မြို့နယ်ဖြန်ဖြေရေးရုံးမှာ အလုပ်ရှင်နဲ့ ဆန္ဒပြအလုပ်သမားတွေ ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီမှု မရရှိခဲ့ပါဘူး။
အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ နီးပါးလောက်ရှိပြီး အခြေခံလုပ်ခလစာ သုံးသောင်းကျော်ပဲရတာကြောင့် နောက်ထပ်ကျပ်သုံးသောင်း တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာပါ။
ဒီအတောအတွင်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းမှာရှိတဲ့ စပါးနှံတာယာစက်ရုံမှာ အလုပ်သမားသုံးရာကျော်က လစာငွေနှစ်သောင်းကျပ်တိုးပေးဖို့နဲ့ တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ပေးဖို့ မနေ့က တောင်းဆိုဆန္ဒပြခဲ့တဲ့အပေါ် အလုပ်ရှင်က တောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့တဲ့အတွက် အလုပ်သမားတွေရဲ့ဆန္ဒဖော်ထုတ်မှုဟာ မနေ့ညပိုင်းက ပြီးဆုံးသွားခဲ့ပါတယ်။
လစာကိုတိုးမြှင့်ပေးမှာဖြစ်ပြီး နားရက်ကိုတော့ ပြန်လည်ညှိနှိုင်းပေးမယ်လို့ အလုပ်ရှင်ဘက်က ကတိပေးခဲ့တယ်လို့ မနေ့ကဆန္ဒပြတဲ့အထဲ မှာပါဝင်တဲ့ ကိုဝင်းဇော်ဟိန်းကပြောပါတယ်။
“၁၁ လပိုင်းနဲ့ ၁၂ လပိုင်းကို ၇၅ဝဝ နဲ့ လစာတိုးပေးမယ်ပေါ့နော်၊ ၁ လပိုင်းကျရင် ၂ သောင်းကျော် ထပ်ပေးမယ်ပေါ့၊ မြို့နယ်က အထွေထွေအုပ်ချုပ်ရေးမှူးတို့ ဖျန်ဖြေရေးလူကြီးတွေရှေ့မှာပေါ့ သဘောတူပြီးတော့ စာချုပ်ချုပ်တယ်”
တာယာ စက်ရုံလုပ်သားတွေရဲ့ ဆန္ဒဖော်ထုတ်မှုကို အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ အပါအဝင် ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တာဝန်ရှိသူတွေက မနေ့က လာရောက်ညှိနှိုင်းပေးခဲ့တာပါ။ ဆန္ဒပြပွဲဖြစ်ပွားခဲ့တဲ့ အဲဒီ စပါးနှံ တာယာစက်ရုံမှာ အလုပ်သမားတွေဟာ တစ်လကိုကျပ်ကိုးသောင်းကျပ် လုပ်ခလစာ ရရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
RFA
RangonNewsDaily:: November . 21 .2013
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့အတွက် စက်ရုံအလုပ်သမား ၆၀၀ ကျော်ဟာ ဒီကနေ့မှာ ၄ ရက်မြောက်နေ့အဖြစ် စက်ရုံရှေ့မှာ ဆက်လက်ဆန္ဒပြ နေကြပါတယ်။
တယ်လီနော ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် ပြည်တွင်း ကုမ္ပဏီများနှင့် ပူးပေါင်းမည်
RangonNewsDaily:: November . 21 .2013
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာတွင် လက်ရှိ ရွေးချယ်ထားသော ပြည်ပ ကုမ္ပဏီများသာမက ပြည်တွင်း လုပ်ငန်းရှင်များနှင့်ပါ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း တယ်လီနော မြန်မာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg က ပြောကြားသည်။ တယ်လီနော ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် ဆွီဒင် ဆက်သွယ်ရေး ကုမ္ပဏီ Ericsson၊ အိန္ဒိယ နည်းပညာကုမ္ပဏီ Wipro နှင့် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ Huawei တို့ကို ရွေးချယ်ထားပြီး နားလည်မှု စာချွန်လွှာ ရေးထိုးထားကြောင်း တယ်လီနော မြန်မာက ပြောကြားထားသည်။
ကလေးတစ်ဦး၏ ကြီးမားသော လည်ပင်းကြီးကို VIAGRA ဆေးဖြင့်ကုသနိုင်
Photo: ကလေးတစ်ဦး၏ ကြီးမားသော လည်ပင်းကြီးကို VIAGRA ဆေးဖြင့်ကုသနိုင်
Thursday, November 21, 2013
မက္ကဆီကို နိုင်ငံမှ ၁ဝ နှစ်အရွယ် ဟိုဆေးဆာရာနို အမည်ရှိ ကလေးငယ်တစ်ဦးသည် လည်ပင်း၌ အလွန်ကြီးမားသော အကျိတ်ကြီး တစ်ခုဖြစ်ပေါ်နေပြီး ၎င်း၏ အသက်ရှူမှုကို ရပ်တန့်စေရန် ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။
သို့သော် ၎င်းအကျိတ်အား Viagra ဆေးဖြင့် ကုသနိုင်သည် ကို ပညာရှင်များက တွေ့ရှိထား ကြောင်း သိရသည်။
Viagra ဆေးသည် အမျိုးသား အားတိုးဆေးအဖြစ် ကျော်ကြားသော ဆေးတစ်မျိုးဖြစ်ပြီး ကလေးများတွင် ကြီးထွားမှုနှုန်းကို သေးငယ် ကျုံ့ဝင်သွားစေကြောင်း ရှာဖွေ တွေ့ရှိထားသည်။
သို့ရာတွင် အဆိုပါ အကျိတ်အား ပို၍ သေးငယ်သွားအောင် ခွဲစိတ် ကုသရန်မှာ စိတ်မချရသေးဟု ခွဲစိတ်ဆရာဝန်များက ပြောကြားထားသည်။
ဟိုဆေးဆာရာနိုသည် ယခု အခါ မျှော်လင့်ခြင်း များစွာဖြင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ ၎င်းသည်တစ်နေ့တွင် သာမန် ကလေးငယ် တစ်ဦးကဲ့သို့ အသက် ရှင် ရပ်တည်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြောင်း သိရသည်။
မြ၀တီ
RangonNewsDaily:: November . 21 .2013
မက္ကဆီကို နိုင်ငံမှ ၁ဝ နှစ်အရွယ် ဟိုဆေးဆာရာနို အမည်ရှိ ကလေးငယ်တစ်ဦးသည် လည်ပင်း၌ အလွန်ကြီးမားသော အကျိတ်ကြီး တစ်ခုဖြစ်ပေါ်နေပြီး ၎င်း၏ အသက်ရှူမှုကို ရပ်တန့်စေရန် ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။
ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း သုံးလပြည့်အဖြစ် တောင်သမန်အင်းစောင်းရှိ အမရပူရ တောင်လေးလုံး ကျောင်းတိုက်တွင် အထိမ်းအမှတ်ကျောက်စာ စိုက်ထူ
Photo: ဒဂုန်တာရာ ကွယ်လွန်ခြင်း သုံးလပြည့်အဖြစ် တောင်သမန်အင်းစောင်းရှိ အမရပူရ တောင်လေးလုံး ကျောင်းတိုက်တွင် အထိမ်းအမှတ်ကျောက်စာ စိုက်ထူ
Thursday, November 21, 2013 
ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း သုံးလပြည့်အဖြစ် အမရပူရ တောင်လေးလုံး ကျောင်းတိုက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့က ဒဂုန်တာရာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူခဲ့ကြသည်။
ယင်းကဲ့သို့ ဒဂုန်တာရာ သမိုင်းအထိမ်းအမှတ် ကျောက်စာကို မန္တလေးနှင့် အမရပူရမြို့မှ ကဗျာဆရာများ၊ စာပေ အနုပညာရှင်များက စုပေါင်း၍ ယခုကဲ့သို့ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံး ကျောင်းတိုက်တွင် ယင်းကိစ္စ စိုက်ထူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူရာသို့ ကဗျာဆရာများ၊ စာပေပညာရှင်များအပြင် အခြားနိုင်ငံရေး နယ်ပယ်အချို့မှသူများလည်း တက်ရောက်ခဲ့ကြသည်။
"ဦးလေးက မန္တလေးကို အရင်ကတည်းက သဘောကျနေခဲ့တာပါ။ သူသဘောကျတဲ့ မန္တလေးမှာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူပေးကြတဲ့အတွက် ၀မ်းသာမိသလို မန္တလေးက ကဗျာဆရာတွေနဲ့ စာပေပညာရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဦးလေးရဲ့ အထိမ်းအမှတ် အုတ်ဂူကိုတော့ အောင်ပန်းမြို့အနီးမှာရှိတဲ့ မယ်ခိုတောင်မှာ တည်ဆောက်သွားမှာပါ"ဟု ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ တူမဖြစ်သူ စာရေးဆရာမ ဒေါ်သင်းမြစန္ဒီက ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ အထိမ်းအမှတ် သမိုင်းကျောက်စာတွင် ဆရာကြီး၏ ဘ၀ဖြတ်သန်းမှု မှတ်တမ်းများ၊ သူ၏ ကျော်ကြားသည့် ကဗျာများနှင့် စာပေအဆိုအမိန့်များကို ရေးထိုးထားသည်။ ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ကျော်ကြားလှသည့် ငြိမ်းချမ်းရေး အဆိုအမိန့်တစ်ခုမှာ 'ညီညွတ်ရေးဆိုတာ မိတ်ဆွေပါပဲ။ ကျွန်တော်ကတော့ ရန်သူမရှိ၊ အမုန်းမရှိ ၀ါဒသမားဗျ၊ ကျွန်တော့်မှာ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိတယ်လို့ ခံယူတဲ့ ငြိမ်းချမ်းရေးသမားပါ'ဟု ပြောဆိုထားပါသည်။
Eleven Media Group
RangonNewsDaily:: November . 21 .2013
ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း သုံးလပြည့်အဖြစ် အမရပူရ တောင်လေးလုံး ကျောင်း
တိုက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့က ဒဂုန်တာရာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူခဲ့ကြသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ဇိုမီးလူမျိုး အမည်ဖြင့် ထည့်သွင်း ကောက်ယူပေးရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် တင်ပြထား
Photo: သန်းခေါင်စာရင်း ကောက်ယူရာတွင် ဇိုမီးလူမျိုး အမည်ဖြင့် ထည့်သွင်း ကောက်ယူပေးရန် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် တင်ပြထား
Thursday, November 21, 2013 
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဇိုမီးလူမျိုးအမည်ဖြင့် ထည့်သွင်း ကောက်ယူပေးရန် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။
လက်ရှိ သတ်မှတ်ထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးမှ ချင်းတိုင်းရင်းသား အုပ်စုထဲတွင် လူမျိုး ၅၃ မျိုး ပါဝင်သည့်အထဲ၌ ဇိုဟူသော လူမျိုးအမည်သာ ပါဝင်သည့်အတွက် ဇိုမီးဟူသော အမည်ကို ထည့်သွင်းပေးရန် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ယင်းအချက်အပြင် ချင်းလူမျိုး ၅၃ မျိုးမှာ အမှန်တကယ် အရေအတွက် မဟုတ်သည့် အကြောင်းကိုလည်း ထည့်သွင်း တင်ပြထားကြောင်းလည်း သိရသည်။
"ကျွန်တော်တို့ကတော့ ၂၀၁၄ မတ်လကနေ ဧပြီလအထိက သန်းခေါင်စာရင်း ကောက်တော့မှာကိုး။ အဲဒီအချိန် ကျွန်တော်တို့ ဇိုမီးလို့ ကိုယ့်ဟာကိုယ် ခေါ်တဲ့သူတွေက ဇိုမီးလို့ပဲ ရေးခွင့်ပေးဖို့ သန်းခေါင်စာရင်းနဲ့ သက်ဆိုင်တဲ့ ဌာနအသီးသီးကို အကြောင်းကြားထားတာတွေ ရှိပါတယ်။ တစ်လလောက်တော့ ရှိသွားပြီ။ လူမျိုးဆိုပြီး သူတို့က နေရာလေးတစ်ခု ပေးထားမှာကိုး။ အဲဒီမှာ လူမျိုးနေရာမှာ ဇိုမီးလို့ တပ်ခွင့်ပေးဖို့။ အဲဒါပါပဲ။ တရားဝင် အကြောင်းပြန်တာ မလာသေးပေမယ့် စကားအနေနဲ့ ပြောထားတာတွေတော့ ရှိတယ်။ အခြေအနေကောင်းပါတယ်" ဟု ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ အန်တိုနီကပ်ခမ်းခွယ်က ပြောကြားသည်။
ချင်းလူမျိုး ၅၃ မျိုးဆိုသည်မှာ လုံးဝမဖြစ်သင့်ကြောင်းနှင့်၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံ သန်းခေါင်စာရင်း ကောက်ယူရာ၌ လူမျိုးနေရာတွင် 'ချင်း' ဟူ၍သာ ထည့်သွင်းရန် နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ လေးရက်ကြာ ပြုလုပ်ခဲ့သော ချင်းအမျိုးသား ညီလာခံ တက်ရောက်ခဲ့သူများက သဘောတူထားခဲ့ကြကြောင်း သိရသည်။
Eleven Media Group
RangonNewsDaily:: November . 21 .2013
၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူရာ၌ ဇိုမီးလူမျိုးအမည်ဖြင့် ထည့်သွင်း ကောက်ယူပေးရန် သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် ခိုး၊ ဆိုး၊ နှိုက် ပြစ်ချက်ဟောင်း ရှိသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်မည်
Photo: ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် ခိုး၊ ဆိုး၊ နှိုက် ပြစ်ချက်ဟောင်း ရှိသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်မည်
Thursday, November 21, 2013 
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် မှုခင်းများ ကျူးလွန်နိုင်သည်ဟု ထင်မြင်ယူဆရသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
ထိုသို့ ခြေချုပ်ပြုလုပ်သွားမည့် သူများမှာ ခိုး၊ ဆိုး၊ နှိုက် ဖြစ်စဉ်များဖြင့် ကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။
"အရင်တုန်းက ခိုးမှု၊ နှိုက်မှု၊ ဆိုးမှု ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူတွေကို ခြေချုပ်ခံဝန် ပြုလုပ်သွားမယ်။ ဒါ့အပြင် ညပိုင်းအချိန်တွေနဲ့ ညဥ့်နက်ပိုင်းတွေမှာ မသင်္ကာလို့ စစ်ဆေးမိတဲ့ သူတွေထဲက ပြစ်မှုကျူးလွန်နိုင်တယ်လို့ ယူဆနိုင်တဲ့သူတွေကိုလည်း ခြေချုပ် ပြုလုပ်သွားမယ်။ ခြေချုပ်ခံဝန် ပြုလုပ်သွားမယ့် သူတွေအားလုံးကို တရားရုံးပေါ်တင်ပြီးတော့ တရားသူကြီးရှေ့မှာပဲ ခံဝန်လုပ်သွားမှာပါ။ အရင်တုန်းက ခိုးမှုနဲ့ ပြစ်ဒဏ်ကျပြီး ပြန်ထွက်လာမယ့် သူတွေကလည်း ပြန်ခိုးဖို့ ရာခိုင်နှုန်း များပါတယ်။ အဓိကကတော့ ဒီကာလအတွင်းမှာ ကောင်းမွန်စွာ နေထိုင်မယ်ဆိုတာကို ၀န်ခံခိုင်းခြင်း ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားသည်။
ယင်းသို့ ဆီးဂိမ်းစ်ပြိုင်ပွဲကာလ၌ လုံခြုံရေးအရ ပြစ်ချက်ဟောင်း ရှိသူများကို ဥပဒေပုဒ်မ ၅ (၁) (စ) (ဆ) ဖြင့် ခြေချုပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာအတွင်း၌ ခိုးမှု ၇၉ မှု၊ အောက်တိုဘာ၌ ခိုးမှု ၈၄ မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထို့အပြင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲကာလ၌ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းရန် ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားကွင်းနေရာ အနီးတစ်ဝိုက် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားကို တိုးချဲ့ချထားသွားမည် ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ 
Eleven Media Group
RangonNewsDaily:: November . 21 .2013
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးအတွက် မှုခင်းများ ကျူးလွန်နိုင်သည်ဟု ထင်မြင်ယူဆရသူများကို စစ်ဆေးပြီး ခြေချုပ်ခံဝန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
အိမ်ခန်းအတွင်းအထိ ၀င်ရောက်ဓားခုတ်မှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား
RangonNewsDaily:: November . 21 .2013
ကြည့်မြင်တိုင်မြို့နယ်တွင် လူလေးဦးတို့က အိမ်ခန်းအတွင်းထိ ၀င်ရောက်၍ ဓားခုတ်မှု ဖြစ်ပွားခဲ့ရာတွင် ကျူးလွန်သူများထဲမှ သုံးဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။အဆိုပါ အမှုမှာ နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင် ၁၂ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သန်လျင်မြို့နယ်နေသူ ဓားထိုးခံရသူ အိမ်ရှင်၏ သူငယ်ချင်းက အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်း Cable Car ပြေးဆွဲရေး ဗီယက်နမ် ကုမ္ပဏီ လာရောက်ဆွေးနွေး
Photo: ကျိုက်ထီးရိုး စေတီတော် တောင်တက်လမ်း Cable Car ပြေးဆွဲရေး ဗီယက်နမ် ကုမ္ပဏီ လာရောက်ဆွေးနွေး 
Thursday, November 21, 2013
မွန်ပြည်နယ်၏ သမိုင်းဝင် စေတီတော် ကျိုက်ထီးရိုး တောင်တက်လမ်း တွင် တောင်ခြေနှင့် ရင်ပြင်တော်ပေါ် cable car ပြေးဆွဲရေးနှင့် အခြား ရင်းနှီး မြှုပ်နှံရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံမှ Oman Investment Fund အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးသို့ လာရောက်၍ အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့်တွေ့ဆုံကြောင်း သိရသည်။
ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အဖွဲ့မှ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Mr. Trvong Hoang Son က မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ရှိ ကျိုက်ထီးရိုး စေတီ တော် တောင် ဘက်လမ်းတွင် cable car ပြေးဆွဲရေး လုပ်ငန်းနှင့် မွန်ပြည်နယ် စက်ရုံများ တည်ဆောက် လုပ်ကိုင် လို ကြောင်း သို့မဟုတ် စက်ရုံကြီး များကို ငှားရမ်းလုပ်ကိုင် လိုကြောင်း ၊ စသည်တို့ ကို ပြောကြားကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲ သို့ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဗမာ တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးသက်ဝင်း၊ ဘဏ္ဍာရေး ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်နှင့် လျှပ်စစ် နှင့် စက်မှု လက်မှု ဝန်ကြီး ဦးနိုင်လဝီအောင် တို့တက်ရောက်ကြောင်း သိရသည်။
Source: Mandalay Media Group
RangonNewsDaily:: November . 21 .2013
မွန်ပြည်နယ်၏ သမိုင်းဝင် စေတီတော် ကျိုက်ထီးရိုး တောင်တက်လမ်း တွင် တောင်ခြေနှင့် ရင်ပြင်တော်ပေါ် cable car ပြေးဆွဲရေးနှင့် အခြား ရင်းနှီး မြှုပ်နှံရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံမှ Oman Investment Fund အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် အစိုးရ အဖွဲ့ ရုံးသို့ လာရောက်၍ အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့်တွေ့ဆုံကြောင်း သိရသည်။
တက္ကသိုလ်၊ ကောလိပ်များတွင် အဆောင်ပြန်ထားမည်
RangonNewsDaily:: November . 21 .2013
၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည့် ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များ၊ ကော
လိပ်များတွင် တက်ရောက်မည့် ကျောင်းသားများအတွက် တက္ကသိုလ်အဆောင်များ ပြန်လည်ထားရှိပေးတော့
မည် ဖြစ်သည်။တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့် ကောလိပ်များသို့စည်ပင်သာယာနယ်နိမိတ်ပြင်ပမှလာရောက်
ပညာသင်မည့် ကျောင်းသူ၊ ကျောင်းသားအသစ်များကို ဦးစားပေးကာ စီစဉ်လျှက်ရှိသည်ဟု နိုဝင်ဘာလ ၂၁
ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့သည့်မက်ဆီက ယခင်ထက်ပိုကောာင်းသော ပုံစံဖြင့် ပြန်လာမည်ဟု ကတိပြု
Photo: ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့သည့်မက်ဆီက ယခင်ထက်ပိုကောာင်းသော ပုံစံဖြင့် ပြန်လာမည်ဟု ကတိပြု
Thursday, November 21, 2013
ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက စပိန်လာလီဂါပြိုင်ပွဲတွင် (၄၆)ဂိုးသွင်းခဲ့ပြီး ဥရောပတစ်လွှားမှ အမှတ်ပေးပြိုင်ပွဲများအနက် ပြည်တွင်းလိဂ်ဂိုးသွင်းအများဆုံးဘောလုံးသမားဖြစ်ခဲ့သော ဘာစီလိုနာတိုက် စစ်မှူးလီယွန်နယ်မက်ဆီအား ဥရောပရွှေဖိနပ်ဆုချီးမြင့်လိုက်ပြီဖြစ်သည်။ မက်ဆီအနေဖြင့် လာလီဂါ(၃၈) ပွဲတွင် (၄၆)ဂိုးအထိသွင်းပြခဲ့ခြင်းမှာ အလွန်ပင်ထက်မြက်လှသည့် ခြေစွမ်းမျိုးပင်ဖြစ်သည်။ လောလော ဆယ်တွင်မူ ကြွက်သားဒဏ်ရာများကြောင့် အနားယူနေရသည့်မက်ဆီက မိမိပြန်လည်ကောင်းမွန်လာချိန် တွင် ပိုမိုအင်အားကောင်းစွာဖြင့် ပြန်လာမည်ဟု ပြောကြားလိုက်သည်။
“ကျွန်တော့ရည်မှန်းချက်ကတော့ ပိုပြီး သန်စွမ်းစွာနဲ့ ပြန်လာနိုင်ဖို့ပါပဲ။ ဒီလိုဖြစ်လို့ကိုလည်း အစွမ်းကုန်ကြိုးစား နေပြီး ဒဏ်ရာသက်သာလာဖို့ ပြင်ဆင်နေပါတယ်။ ဘယ်အချိန်ပြန်ကစားနိုင်မယ်ဆိုပြီးတော့မသတ်မှတ်နိုင်သေး ပါဘူး။ ဒဏ်ရာအခြေအနေပေါ်မူတည်နေပါတယ်။ ရွှေဘောလုံးဆုကတော့ ကျွန်တော့ရဲ့ အဓိကရည်မှန်းချက် မဟုတ်ပါဘူး။ ဒဏ်ရာပြန်ကောင်းလာပြီး ပြန်ကစားနိုင်ဖို့က ကျွန်တော့ရည်မှန်းချက်ဖြစ်ပါတယ်”ဟု မက်ဆီက ဆုလက်ခံရယူအပြီးတွင် ပြောခဲ့သည်။
အောင်မျိုး
Trend Myanmar
RangonNewsDaily:: November . 21 .2013
ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက စပိန်လာလီဂါပြိုင်ပွဲတွင် (၄၆)ဂိုးသွင်းခဲ့ပြီး ဥရောပတစ်လွှားမှ အမှတ်ပေးပြိုင်ပွဲများအနက် ပြည်တွင်းလိဂ်ဂိုးသွင်းအများဆုံးဘောလုံးသမားဖြစ်ခဲ့သော ဘာစီလိုနာတိုက် စစ်မှူးလီယွန်နယ်မက်ဆီအား ဥရောပရွှေဖိနပ်ဆုချီးမြင့်လိုက်ပြီဖြစ်သည်။
"အဖွဲ့ရဲ့ ဝင်ငွေနဲ့ ကျန်းမာရေး ထောက်ပံ့မှု ပြုနေရတဲ့ ကိုလူချော အဖွဲ့သားများ "