Pages

Thursday, November 21, 2013

ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့သည့်မက်ဆီက ယခင်ထက်ပိုကောာင်းသော ပုံစံဖြင့် ပြန်လာမည်ဟု ကတိပြု

Photo: ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့သည့်မက်ဆီက ယခင်ထက်ပိုကောာင်းသော ပုံစံဖြင့် ပြန်လာမည်ဟု ကတိပြု
Thursday, November 21, 2013

ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက စပိန်လာလီဂါပြိုင်ပွဲတွင် (၄၆)ဂိုးသွင်းခဲ့ပြီး ဥရောပတစ်လွှားမှ အမှတ်ပေးပြိုင်ပွဲများအနက် ပြည်တွင်းလိဂ်ဂိုးသွင်းအများဆုံးဘောလုံးသမားဖြစ်ခဲ့သော ဘာစီလိုနာတိုက် စစ်မှူးလီယွန်နယ်မက်ဆီအား ဥရောပရွှေဖိနပ်ဆုချီးမြင့်လိုက်ပြီဖြစ်သည်။ မက်ဆီအနေဖြင့် လာလီဂါ(၃၈) ပွဲတွင် (၄၆)ဂိုးအထိသွင်းပြခဲ့ခြင်းမှာ အလွန်ပင်ထက်မြက်လှသည့် ခြေစွမ်းမျိုးပင်ဖြစ်သည်။ လောလော ဆယ်တွင်မူ ကြွက်သားဒဏ်ရာများကြောင့် အနားယူနေရသည့်မက်ဆီက မိမိပြန်လည်ကောင်းမွန်လာချိန် တွင် ပိုမိုအင်အားကောင်းစွာဖြင့် ပြန်လာမည်ဟု ပြောကြားလိုက်သည်။

“ကျွန်တော့ရည်မှန်းချက်ကတော့ ပိုပြီး သန်စွမ်းစွာနဲ့ ပြန်လာနိုင်ဖို့ပါပဲ။ ဒီလိုဖြစ်လို့ကိုလည်း အစွမ်းကုန်ကြိုးစား နေပြီး ဒဏ်ရာသက်သာလာဖို့ ပြင်ဆင်နေပါတယ်။ ဘယ်အချိန်ပြန်ကစားနိုင်မယ်ဆိုပြီးတော့မသတ်မှတ်နိုင်သေး ပါဘူး။ ဒဏ်ရာအခြေအနေပေါ်မူတည်နေပါတယ်။ ရွှေဘောလုံးဆုကတော့ ကျွန်တော့ရဲ့ အဓိကရည်မှန်းချက် မဟုတ်ပါဘူး။ ဒဏ်ရာပြန်ကောင်းလာပြီး ပြန်ကစားနိုင်ဖို့က ကျွန်တော့ရည်မှန်းချက်ဖြစ်ပါတယ်”ဟု မက်ဆီက ဆုလက်ခံရယူအပြီးတွင် ပြောခဲ့သည်။

အောင်မျိုး
Trend Myanmar

RangonNewsDaily:: November . 21 .2013
ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက စပိန်လာလီဂါပြိုင်ပွဲတွင် (၄၆)ဂိုးသွင်းခဲ့ပြီး ဥရောပတစ်လွှားမှ အမှတ်ပေးပြိုင်ပွဲများအနက် ပြည်တွင်းလိဂ်ဂိုးသွင်းအများဆုံးဘောလုံးသမားဖြစ်ခဲ့သော ဘာစီလိုနာတိုက် စစ်မှူးလီယွန်နယ်မက်ဆီအား ဥရောပရွှေဖိနပ်ဆုချီးမြင့်လိုက်ပြီဖြစ်သည်။ မက်ဆီအနေဖြင့် လာလီဂါ(၃၈) ပွဲတွင် (၄၆)ဂိုးအထိသွင်းပြခဲ့ခြင်းမှာ အလွန်ပင်ထက်မြက်လှသည့် ခြေစွမ်းမျိုးပင်ဖြစ်သည်။ လောလော ဆယ်တွင်မူ ကြွက်သားဒဏ်ရာများကြောင့် အနားယူနေရသည့်မက်ဆီက မိမိပြန်လည်ကောင်းမွန်လာချိန် တွင် ပိုမိုအင်အားကောင်းစွာဖြင့် ပြန်လာမည်ဟု ပြောကြားလိုက်သည်။

“ကျွန်တော့ရည်မှန်းချက်ကတော့ ပိုပြီး သန်စွမ်းစွာနဲ့ ပြန်လာနိုင်ဖို့ပါပဲ။ ဒီလိုဖြစ်လို့ကိုလည်း အစွမ်းကုန်ကြိုးစား နေပြီး ဒဏ်ရာသက်သာလာဖို့ ပြင်ဆင်နေပါတယ်။ ဘယ်အချိန်ပြန်ကစားနိုင်မယ်ဆိုပြီးတော့မသတ်မှတ်နိုင်သေး ပါဘူး။ ဒဏ်ရာအခြေအနေပေါ်မူတည်နေပါတယ်။
 
 ရွှေဘောလုံးဆုကတော့ ကျွန်တော့ရဲ့ အဓိကရည်မှန်းချက် မဟုတ်ပါဘူး။ ဒဏ်ရာပြန်ကောင်းလာပြီး ပြန်ကစားနိုင်ဖို့က ကျွန်တော့ရည်မှန်းချက်ဖြစ်ပါတယ်”ဟု မက်ဆီက ဆုလက်ခံရယူအပြီးတွင် ပြောခဲ့သည်။

အောင်မျိုး
Trend Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment