Pages

Thursday, November 21, 2013

ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း သုံးလပြည့်အဖြစ် တောင်သမန်အင်းစောင်းရှိ အမရပူရ တောင်လေးလုံး ကျောင်းတိုက်တွင် အထိမ်းအမှတ်ကျောက်စာ စိုက်ထူ

Photo: ဒဂုန်တာရာ ကွယ်လွန်ခြင်း သုံးလပြည့်အဖြစ် တောင်သမန်အင်းစောင်းရှိ အမရပူရ တောင်လေးလုံး ကျောင်းတိုက်တွင် အထိမ်းအမှတ်ကျောက်စာ စိုက်ထူ
Thursday, November 21, 2013 

ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း သုံးလပြည့်အဖြစ် အမရပူရ တောင်လေးလုံး ကျောင်းတိုက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့က ဒဂုန်တာရာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူခဲ့ကြသည်။

ယင်းကဲ့သို့ ဒဂုန်တာရာ သမိုင်းအထိမ်းအမှတ် ကျောက်စာကို မန္တလေးနှင့် အမရပူရမြို့မှ ကဗျာဆရာများ၊ စာပေ အနုပညာရှင်များက စုပေါင်း၍ ယခုကဲ့သို့ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံး ကျောင်းတိုက်တွင် ယင်းကိစ္စ စိုက်ထူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူရာသို့ ကဗျာဆရာများ၊ စာပေပညာရှင်များအပြင် အခြားနိုင်ငံရေး နယ်ပယ်အချို့မှသူများလည်း တက်ရောက်ခဲ့ကြသည်။

"ဦးလေးက မန္တလေးကို အရင်ကတည်းက သဘောကျနေခဲ့တာပါ။ သူသဘောကျတဲ့ မန္တလေးမှာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူပေးကြတဲ့အတွက် ၀မ်းသာမိသလို မန္တလေးက ကဗျာဆရာတွေနဲ့ စာပေပညာရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဦးလေးရဲ့ အထိမ်းအမှတ် အုတ်ဂူကိုတော့ အောင်ပန်းမြို့အနီးမှာရှိတဲ့ မယ်ခိုတောင်မှာ တည်ဆောက်သွားမှာပါ"ဟု ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ တူမဖြစ်သူ စာရေးဆရာမ ဒေါ်သင်းမြစန္ဒီက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ အထိမ်းအမှတ် သမိုင်းကျောက်စာတွင် ဆရာကြီး၏ ဘ၀ဖြတ်သန်းမှု မှတ်တမ်းများ၊ သူ၏ ကျော်ကြားသည့် ကဗျာများနှင့် စာပေအဆိုအမိန့်များကို ရေးထိုးထားသည်။ ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ကျော်ကြားလှသည့် ငြိမ်းချမ်းရေး အဆိုအမိန့်တစ်ခုမှာ 'ညီညွတ်ရေးဆိုတာ မိတ်ဆွေပါပဲ။ ကျွန်တော်ကတော့ ရန်သူမရှိ၊ အမုန်းမရှိ ၀ါဒသမားဗျ၊ ကျွန်တော့်မှာ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိတယ်လို့ ခံယူတဲ့ ငြိမ်းချမ်းရေးသမားပါ'ဟု ပြောဆိုထားပါသည်။

Eleven Media Group

RangonNewsDaily:: November . 21 .2013
ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်း သုံးလပြည့်အဖြစ် အမရပူရ တောင်လေးလုံး ကျောင်း
တိုက်တွင် နိုဝင်ဘာ ၁၉ ရက်နေ့က ဒဂုန်တာရာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူခဲ့ကြသည်။ ယင်းကဲ့သို့ ဒဂုန်တာရာ သမိုင်းအထိမ်းအမှတ် ကျောက်စာကို မန္တလေးနှင့် အမရပူရမြို့မှ ကဗျာဆရာများ၊ စာပေ အနုပညာရှင်များက စုပေါင်း၍ ယခုကဲ့သို့ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံး ကျောင်းတိုက်
တွင် ယင်းကိစ္စ စိုက်ထူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
 
 ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ အထိမ်းအမှတ် သမိုင်းကျောက်စာ စိုက်ထူရာသို့ ကဗျာဆရာများ၊ စာပေ
ပညာရှင်များအပြင် အခြားနိုင်ငံရေး နယ်ပယ်အချို့မှသူများလည်း တက်ရောက်ခဲ့ကြသည်။

"ဦးလေးက မန္တလေးကို အရင်ကတည်းက သဘောကျနေခဲ့တာပါ။ သူသဘောကျတဲ့ မန္တလေးမှာ အထိမ်းအ
မှတ်သမိုင်းကျောက်စာစိုက်ထူပေးကြတဲ့အတွက် ၀မ်းသာမိသလို မန္တလေးက ကဗျာဆရာတွေနဲ့ စာပေပညာ
ရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဦးလေးရဲ့ အထိမ်းအမှတ် အုတ်ဂူကိုတော့ အောင်ပန်းမြို့အနီးမှာရှိတဲ့ မယ်ခိုတောင်မှာ တည်ဆောက်သွားမှာပါ"ဟု ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ တူမဖြစ်သူ စာရေး
ဆရာမ ဒေါ်သင်းမြစန္ဒီက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ အထိမ်းအမှတ် သမိုင်းကျောက်စာတွင် ဆရာကြီး၏ ဘ၀ဖြတ်သန်းမှု မှတ်တမ်းများ၊ သူ၏ ကျော်ကြားသည့် ကဗျာများနှင့် စာပေအဆိုအမိန့်များကို ရေးထိုးထားသည်။
 
 ငြိမ်းချမ်းရေး စာဆိုကြီး ဒဂုန်တာရာ၏ ကျော်ကြားလှသည့် ငြိမ်းချမ်းရေး အဆိုအမိန့်တစ်ခုမှာ 'ညီညွတ်ရေး
ဆိုတာ မိတ်ဆွေပါပဲ။ ကျွန်တော်ကတော့ ရန်သူမရှိ၊ အမုန်းမရှိ ၀ါဒသမားဗျ၊ ကျွန်တော့်မှာ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိတယ်လို့ ခံယူတဲ့ ငြိမ်းချမ်းရေးသမားပါ'ဟု ပြောဆိုထားပါသည်။

Eleven Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment