Pages

Thursday, November 21, 2013

မှန်သားပေါ်တွင် ရေးဆွဲထားသည့် စိတ်ကူးယဉ် ဖက်ရှင်များ

Photo: မှန်သားပေါ်တွင် ရေးဆွဲထားသည့် စိတ်ကူးယဉ် ဖက်ရှင်များ
Thursday, November 21, 2013

အတွင်းခံ အဝတ်အထည်များသာ ဝတ်ဆင်ထားသည့် မော်ဒယ်လ်တစ်ဦးကို မှန်တစ်ချပ်ဖြင့် ဖက်ရှင်ဆန်းဆန်း အဝတ်အထည်များ ဆင်မြန်းပေးခဲ့ခြင်း ဖြစ်သည်။

မှန်သားပေါ်တွင် ရေးဆွဲထားသည့် စိတ်ကူးယဉ် ဖက်ရှင်များ
အီတလီနိုင်ငံမှ ဓာတ်ပုံဆရာ တစ်ဦးဖြစ်သည့် လူကာ မန်နီဂဲလ်သည် မှန်အရိပ်ထင် ဖက်ရှင်တစ်မျိုးဖြင့် စိတ်ကူးဆန်းဆန်း ဓာတ်ပုံများကို ဖန်တီးပြခဲ့သည်။ ၎င်းသည် အတွင်းခံ အဝတ်အထည်များသာ ဝတ်ဆင်ထားသည့် မော်ဒယ်လ်တစ်ဦးကို မှန်တစ်ချပ်ဖြင့် ဖက်ရှင်ဆန်းဆန်း အဝတ်အထည်များ ဆင်မြန်းပေးခဲ့ခြင်း ဖြစ်သည်။ လူကာသည် အလင်းပြန် မှန်တစ်ချပ်ပေါ်တွင် အဝတ်အစားပုံများ ရေးခြယ်ခဲ့သည်။ ထို့နောက်တွင် မော်ဒယ်လ် မိန်းကလေး၏ ပုံရိပ်ကို မှန်ပေါ်တွင် ထိုဆေးရေးပန်းချီနှင့် အသားကျ ထင်ဟပ်စေရန် ပုံစံချပြီး ဓာတ်ပုံများ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ Into the Mirrorဟု အမည်ပေးထားသည့် အဆိုပါ ဓာတ်ပုံ Collectionသည် ဘဲဥပုံ ကြည့်မှန်တစ်ချပ်၏ အကူအညီဖြင့်သာ ဖန်တီးယူခဲ့ခြင်း ဖြစ်ပြီး အမှန်တကယ် မည်သည့် ဖက်ရှင် အဝတ်အစားနှင့် လက်ဝတ်ရတနာစစ်စစ် တစ်ခုမျှ မပါဝင်ခဲ့ချေ။

အပြီးသတ် ရလဒ်အနေဖြင့်မူ စိတ်ကူးယဉ်ဆန်သော ဖက်ရှင် ကိုယ်ဟန်ပြ ဓာတ်ပုံမျိုးအဖြစ် ရုပ်လုံးပေါ်လာခဲ့သည်။ မော်ဒယ်လ်တစ်ဦးဖြစ်သည့် နတ်စ်တီ ဘူဂီရီသည် မိတ်ကပ်ပညာရှင် ဆာဘင် ဂူတွမ်ညာနှင့် ကိုယ်ဟန်ပြ အကြံပေး အဲရင်ဖောက်စ်တို့၏ အကူအညီဖြင့် မှန်သားမျက်နှာပြင်ပေါ်မှ ဆေးရေးပုံများနှင့် အံဝင်အချိုးကျအောင် ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။ လူကာသည် အဆိုပါ ဓာတ်ပုံများအတွက် ဖက်ရှင်ပုံကြမ်း ဖန်တီးမှုတွင် ဇာနားသတ်များ၊ ပန်းထိုးလက်ရာများ အစရှိသဖြင့် ပုံစံအမျိုးမျိုး ရေးခြယ်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: November . 21 .2013
အတွင်းခံ အဝတ်အထည်များသာ ဝတ်ဆင်ထားသည့် မော်ဒယ်လ်တစ်ဦးကို မှန်တစ်ချပ်ဖြင့် ဖက်ရှင်ဆန်းဆန်း အဝတ်အထည်များ ဆင်မြန်းပေးခဲ့ခြင်း ဖြစ်သည်။ မှန်သားပေါ်တွင် ရေးဆွဲထားသည့် စိတ်ကူးယဉ် ဖက်ရှင်များ
အီတလီနိုင်ငံမှ ဓာတ်ပုံဆရာ တစ်ဦးဖြစ်သည့် လူကာ မန်နီဂဲလ်သည် မှန်အရိပ်ထင် ဖက်ရှင်တစ်မျိုးဖြင့် စိတ်ကူးဆန်းဆန်း ဓာတ်ပုံများကို ဖန်တီးပြခဲ့သည်။ 
 
၎င်းသည် အတွင်းခံ အဝတ်အထည်များသာ ဝတ်ဆင်ထားသည့် မော်ဒယ်လ်တစ်ဦးကို မှန်တစ်ချပ်ဖြင့် ဖက်ရှင်ဆန်းဆန်း အဝတ်အထည်များ ဆင်မြန်းပေးခဲ့ခြင်း ဖြစ်သည်။ လူကာသည် အလင်းပြန် မှန်တစ်ချပ်ပေါ်တွင် အဝတ်အစားပုံများ ရေးခြယ်ခဲ့သည်။ 
 
ထို့နောက်တွင် မော်ဒယ်လ် မိန်းကလေး၏ ပုံရိပ်ကို မှန်ပေါ်တွင် ထိုဆေးရေးပန်းချီနှင့် အသားကျ ထင်ဟပ်စေရန် ပုံစံချပြီး ဓာတ်ပုံများ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ Into the Mirrorဟု အမည်ပေးထားသည့် အဆိုပါ ဓာတ်ပုံ Collectionသည် ဘဲဥပုံ ကြည့်မှန်တစ်ချပ်၏ အကူအညီဖြင့်သာ ဖန်တီးယူခဲ့ခြင်း ဖြစ်ပြီး အမှန်တကယ် မည်သည့် ဖက်ရှင် အဝတ်အစားနှင့် လက်ဝတ်ရတနာစစ်စစ် တစ်ခုမျှ မပါဝင်ခဲ့ချေ။

အပြီးသတ် ရလဒ်အနေဖြင့်မူ စိတ်ကူးယဉ်ဆန်သော ဖက်ရှင် ကိုယ်ဟန်ပြ ဓာတ်ပုံမျိုးအဖြစ် ရုပ်လုံးပေါ်လာခဲ့သည်။ မော်ဒယ်လ်တစ်ဦးဖြစ်သည့် နတ်စ်တီ ဘူဂီရီသည် မိတ်ကပ်ပညာရှင် ဆာဘင် ဂူတွမ်ညာနှင့် ကိုယ်ဟန်ပြ အကြံပေး အဲရင်ဖောက်စ်တို့၏ အကူအညီဖြင့် မှန်သားမျက်နှာပြင်ပေါ်မှ ဆေးရေးပုံများနှင့် အံဝင်အချိုးကျအောင် ကိုယ်ဟန်ပြပေးခဲ့ခြင်း ဖြစ်သည်။ 
 
လူကာသည် အဆိုပါ ဓာတ်ပုံများအတွက် ဖက်ရှင်ပုံကြမ်း ဖန်တီးမှုတွင် ဇာနားသတ်များ၊ ပန်းထိုးလက်ရာများ အစရှိသဖြင့် ပုံစံအမျိုးမျိုး ရေးခြယ်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment