Pages

Saturday, October 5, 2013

ပဲခူး တိုင်းဒေသကြီး ကျောက် ကြီးမြို့နယ်မှာ မြေမြုပ်မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူ ၅၀၀ ခန့်အထိ ရှိနေ

RangonNewsDaily:: October. 5 .2013

ပဲခူး တိုင်းဒေသကြီးအတွင်းရှိ ကျောက် ကြီးမြို့နယ်မှာ မြေမြှုပ်မိုင်းဒဏ် အများဆုံးခံရသော ဒေသဖြစ်ပြီး မိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သူ အနည်းဆုံး ၃၃ဝမှ ၅၀၀ အထိရှိနေကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး စစ် တောင်းမြစ်အရှေ့ဘက်ကမ်း၊ အရှေ့ ရိုးမတောင်ခြေနှင့် တောင် ပေါ်ဒေ သဖြစ်သော ကျောက်ကြီး၊ ရွှေကျင်နှင့် ထန်း တပင်မြို့နယ်တို့ ရှိဒေသခံပြည်သူများမှာ

အထင်ကရ ဗီယက်နမ်ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်

Photo: အထင်ကရ ဗီယက်နမ်ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်
Saturday, October 5, 2013

ပြင်သစ်နဲ့အမေရိကန်တို့ကို ဗီယက်နမ်နိုင်ငံကတိုက်ထုတ်ခဲ့သူ ဗီယက်နမ်ဗိုလ်ချုပ်ကြီးဟောင်း ဗိုငွင်ဇပ် (Vo Nguyen Giap) ဟာ အသက် ၁၀၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဇပ်ဟာ ကွန်မြူနစ်တော်လှန်ရေးသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ပျောက်ကျား စစ်ဗျူဟာကြောင့်  ထင်ရှားသူဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဗီယက်နမ်တော်လှန်ရေးခေါင်းဆောင်ကြီး ဟိုချီမင်းပြီးရင် ဗီယက်နမ်နိုင်ငံမှာ လူထုလေးစားကြည်ညိုမှုကို ဒုတိယအများဆုံး ရရှိသူဖြစ်ပါတယ်။

သူဟာ ဥပဒေဘွဲ့ရတစ်ဦး ဖြစ်ပြီး စစ်ပညာကို မည်မည်ရရ သင်တန်းတက်ရောက်ခဲ့ဘူးခြင်းမရှိဘဲ ဗီယက်နမ်ပြည်သူ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ သူဖြစ်ပါတယ်။ သူရဲ့ အပြောင်မြောက်ဆုံး စွမ်းဆောင်ချက်အဖြစ် အသိအမှတ်ပြုခံရတာကတော့ ၁၉၅၄ ခုနှစ်က ဒိန်ဘိန်ဖူး (Dien Bien Phu) တိုက်ပွဲမှာ ပြင်သစ်တို့ကို အောင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။

ဒီအောင်ပွဲဟာ ဗီယက်နမ်လွတ်လပ်ရေးကို ဦးတည်စေခဲ့သလို အင်ဒိုချိုင်းနားဒေသအပေါ် ပြင်သစ်တို့ ထိန်းချုပ်မှုကိုလည်း နောင်အခါ ဆုံးခန်းတိုင်စေခဲ့ပါတယ်။

၁၉၇၅ မှာ အမေရိကန်တို့ ကျောထောက်နောက်ခံပြုပေးထားတဲ့ တောင်ဗီယက်နမ်အစိုးရအပေါ် အောင်ပွဲခံနိုင်ခဲ့တဲ့အတွက်လည်း ဗိုလ်ချုပ်ကြီးဇပ်ဟာ နိုင်ငံတကာ ကိုလိုနီစနစ်ဆန့်ကျင်ရေးအင်အားစုတို့ရဲ့ ပြယုဂ် ဖြစ်လာခဲ့ပါတယ်။

ဗီယက်နမ်စစ်ပြန်တစ်ဦးဖြစ်ပြီး အမေရိကန် ဘော်စတွန်တက္ကသိုလ်က စစ်ပညာပါမောက္ခ Mike Corgan က လက်နက်ကိရိယာမပြည့်မစုံတဲ့ ပြည်သူ့စစ်တရပ်က ခေတ်မီ အမေရိကန်စစ်တပ်တွေကို အောင်နိုင်ခဲ့တာဟာ ဗိုလ်ချုပ်ကြီးဇပ် က နိုင်ငံရေးရည်မှန်းချက်နဲ့တိုက်ခဲ့လို့ ဖြစ်တယ်ဆိုပြီး မှတ်ချက်ချခဲ့ပါတယ်။

ဟနွိုင်းမြို့တော်ရှိ နေအိမ်တွင် တွေ့ခဲ့ရသည့် ဗိုလ်ချုပ်ကြီးဟောင်း ဗိုငွင်ဇပ်။ သြဂုတ် ၄၊ ၂၀၀၈။

VOA
ဟနွိုင်းမြို့တော်ရှိ နေအိမ်တွင် တွေ့ခဲ့ရသည့် ဗိုလ်ချုပ်ကြီးဟောင်း ဗိုငွင်ဇပ်။ သြဂုတ် ၄၊ ၂၀၀၈။
RangonNewsDaily:: October. 5 .2013

ပြင်သစ်နဲ့အမေရိကန်တို့ကို ဗီယက်နမ်နိုင်ငံကတိုက်ထုတ်ခဲ့သူ ဗီယက်နမ်ဗိုလ်ချုပ်ကြီးဟောင်း ဗိုငွင်ဇပ် (Vo Nguyen Giap) ဟာ အသက် ၁၀၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် ချက်သမ္မတပေးသောဆု လက်ခံရယူ

Photo: ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် ချက်သမ္မတပေးသောဆု လက်ခံရယူ
Saturday, October 5, 2013

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်သည် “Homo Homini” ဟု ခေါ်သော လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ချီးမြှင့်သောဆုကို ချက်ရီပတ်ဗလစ်နိုင်ငံ ပရက်မြို့တွင် ကြာသာပတေးနေ့က သွားရောက်ယူခဲ့သည်။

ထိုဆုကို ကွယ်လွန်သွားပြီဖြစ်သော ချက်သမ္မတဟောင်း Václav Havel က ၂၀၀၀ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် မင်းကိုနိုင်သည် အကျဉ်းထောင်ထဲတွင် ရှိနေစဉ် ကာလဖြစ်သည်။

အဆိုပါ “Homo Homini” ဆုကို မြန်မာနိုင်ငံက ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သော NLD မှ ဒေါ်စုစုနွေး၊ ဒေါ်ဖြူဖြူသင်းနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့မှ ဒေါ်နီလာသိန်းတို့က ၂၀၀၇ခုနှစ်တွင် ရရှိခဲ့ဖူးသည်။

ထိုဆုပေးပွဲအခမ်းအနားကို ချက်ရီပတ်ဗလစ်နိုင်ငံ၏ မြို့တော် ပရက်တွင် အောက်တိုဘာလ ၃ ရက်က ကျင်းပခဲ့သည်။

ထိုဆုကို ၁၉၉၄ ခုနှစ်မှစတင်ကာ ကမ္ဘာအရပ်ရပ်ရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတွင် ခေါင်းဆောင်သူများကို နှစ်စဉ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

RangonNewsDaily:: October. 5 .2013

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်သည် “Homo Homini” ဟု ခေါ်သော လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ချီးမြှင့်သောဆုကို ချက်ရီပတ်ဗလစ်နိုင်ငံ ပရက်မြို့တွင် ကြာသာပတေးနေ့က သွားရောက်ယူခဲ့သည်။

အာရှ-ပစိဖိတ်ဆိုင်ရာ အမေရိကန်ရပ်တည်ချက် ၀န်ကြီးကယ်ရီ အာမခံ ပြောကြား

Photo: အာရှ-ပစိဖိတ်ဆိုင်ရာ အမေရိကန်ရပ်တည်ချက် ၀န်ကြီးကယ်ရီ အာမခံ ပြောကြား
Saturday, October 5, 2013

အမေရိကန်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းနေရတာဟာ ခနတာအဖြစ်အပျက်လေးပဲဖြစ်ပြီး အာရှ ဒေသဆိုင်ရာ အမေရိကန်အစိုးရရဲ့ သန္နိဋ္ဌာန်ကို အပြောင်းအလဲမဖြစ်စေပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောလိုက်ပါတယ်။

အခုလို လုပ်ငန်းတွေ တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းထားရချိန်အတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုက်နာလုပ်ဆောင်ရမယ့် တာဝန်တွေကို ပြည့်မီအောင် လုပ်ဆောင်သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ သတင်းထောက်တွေကို မစ္စတာကယ်ရီ က ပြောခဲ့ပါတယ်။

ဒီခရီးစဉ်ကို ကနဦးတုန်းက သမ္မတ ဘရာ့ခ် အိုဘားမားကိုယ်တိုင် သွားရောက်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမဲ့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့ အခြေအနေကြောင့် ခရီးစဉ်ကိုပယ်ဖျက်လိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက သမ္မတကိုယ်စား သွားရောက်တာဖြစ်ပါတယ်။

အခုလိုအခြေအနေဟာ အမေရိကန် ဒီမိုကရေစီရဲ့ အားကောင်းခိုင်မာမှုကို ပြသတာဖြစ်တယ်လို့ မစ္စတာကယ်ရီကဆိုပေမဲ့ ဒီအခြေအနေ သိပ်ကြာနေမယ်၊ ဒါမှမဟုတ် ထပ်ခါထပ်ခါ ဖြစ်နေမယ်ဆိုရင်တော့ အမေရိကန်ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် လူတွေက မေးခွန်းထုတ်လာကြလိမ့်မယ်လို့ မစ္စတာကယ်ရီက ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသ ၂၁ နိုင်ငံက ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို နောက်သီတင်းပတ် ဘာလီကျွန်း မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။

ဘာလီကျွန်း APEC အစည်းအဝေး သတင်းစာရှင်းလင်းပွဲ အတွင်းတွေ့ရသည့် ဂျွန် ကယ်ရီ။ အောက်တိုဘာ ၅၊ ၂၀၁၃။

VOA
ဘာလီကျွန်း APEC အစည်းအဝေး သတင်းစာရှင်းလင်းပွဲ အတွင်းတွေ့ရသည့် ဂျွန် ကယ်ရီ။ အောက်တိုဘာ ၅၊ ၂၀၁၃။
RangonNewsDaily:: October. 5 .2013
အမေရိကန်အစိုးရရဲ့လုပ်ငန်းဆောင်တာတွေတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းနေရတာဟာ ခနတာအဖြစ်အပျက်
လေးပဲဖြစ်ပြီး အာရှ ဒေသဆိုင်ရာ အမေရိကန်အစိုးရရဲ့ သန္နိဋ္ဌာန်ကို အပြောင်းအလဲမဖြစ်စေပါဘူးလို့ အမေ
ရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောလိုက်ပါတယ်။

ဧရာဝတီတိုင်းကျောင်း ကုန်းအခြေနေတည်ငြိမ်နေ

RangonNewsDaily:: October. 5 .2013
ဧရာဝတီတိုင်းကျောင်း ကုန်းမြို့  တာလမ်းကြီးပိုင်း ကအစ္စလာမ်ဘာသာဝင်များပိုင် အိမ် များ ကို ပြသနာရင်းမြစ်သေချာမသိတဲ့ ဒေါသမကြာခဏထွက်တတ်တဲ့ လူအုပ်ကြီးက ဝိုင်း ထား ကြောင်းသိရပါတယ်။

ဧရာဝတီတိုင်းကျောင်းကုန်း ရှိ အစ္စလာမ်ဘာသာဝင်များပိုင်နေအိမ် များ အကြမ်းဖက်တိုက်ခိုက် ရန်ကြံစည်မှု ဒေသခံများ ၀ိုင်းဝန်းထိမ်းသိမ်းနေခံရ

RangonNewsDaily:: October. 5 .2013
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ နယ်တွင် ဗုဒ္ဓဘာသာအမျိုးသမီးတစ်ဦးက ဟိန္ဒု အမျိုးသား
နို့ပို့ ကုလားနဲ့ စကားပြောနေကြတာကို သင်္ဃန်းဝတ် ထားတဲ့ ဘုန်းကြီးတု ကနေ ကုလား မုဒိန်း
ကျင့်လိုက်ပါတယ် လျှောက်ပြောနေရာက စဖြစ်လာတယ်လို့ မြို့ခံနေ သူတစ်ဦးက ပြောပြတာဖြစ်
ပါတယ်။

Dynamo လောက်တော့ သနားတယ် မြန်မာမျက်လှည့်ဆရာ လဲလုပ်နိုင်တဲ့ ကားဘေးလေပေါ်ပျံပြတဲ့မျက်လှည့်ပြကွက်

RangonNewsDaily:: October. 5 .2013
Dynamo လောက်တော့ သနားတယ် မျက်လှည့် မြန်မာနိုင်ငံရဲ့ မျက်လှည့်ကို ဟာသနှင့်တွဲစပ်၍ ဖျော်ဖြေရင်း နာမည်ကျော် ကြားလာသည့် မျက်လှည့်ဆရာ မစ္စတာတော့ပ်ဟာ အောက်တိုဘာ (၅) ရက် နံနက် ၆ နာရီမှ
စ၍

သံတွဲမြို့တွင် အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ ဖမ်းဆီးနေ

သံတွဲမြို့တွင် အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ ဖမ်းဆီးနေ


kolatt(PBDN): October. 5 .2013

သံတွဲ ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကျေးရွာများတွင် လွန်ခဲ့သော ရက်များအတွင်း အကြမ်းဖက် မီးရှို့ ဖျက်ဆီး သတ်ဖြတ်မှုများတွင် အကြမ်းဖက်သူများကို သာမက အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ စက်တင်ဘာ ၄-ရက်နေ့မှ စတင်၍ ဖမ်းဆီးနေကြောင်း သိရပါတယ်။
::
အောက်တိုဘာ ၄-ရက်နေ့မှစတင်ကာ လင်းသီရွာသား ကမန်တိုင်းရင်းသားတချို့ကို ရွှေလှေရဲစခန်းမှ ဖမ်းဆီးသွားကြောင်းသိရသည်။ ၎င်းရဲစခန်းမှ ဖမ်းဆီးခြင်း မပြုလို သော်လည်း ပြည်နယ်မှ အမိန့်ပေးသည့်အတွက် ဖမ်းဆီးရသည်ဆိုကြောင်း လင်းသီဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၄-ရက်နေ့က ကိုတင်နောင်ထွန်းဆိုသူ လင်းသီရွာသားအား ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၄-ရက် ညနေ ၄-နာရီခန့်မှာပင် သူ၏ ဇနီးဖြစ်သူ မခင်မေသန်း ခေါ် မနီ အား ရွှေလှေရဲစခန်းမှ ဖမ်းဆီးခံခ့ရဲပါတယ်။ ဓါတ်ဆီပုလင်းတွေ့သည်ဟုဆိုကာ ကိုတင်နောင်ထွန်းအား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ယခုကိစ္စသည် အမှုဆင် ဖမ်းဆီးခြင်း သာဖြစ်ပြီး ဆီရောင်းသည်မှာလည်း ယခင်ကတည်းက ရောင်းချလာခြင်းဖြစ်ပြီး ယခုမှ တမင်အကြောင်းပြဖမ်းဆီးခြင်းသာ ဖြစ်တယ်လို့ လင်းသီဒေသခံက ဆိုပါတယ်။
::
“ရွှေလှေရဲစခန်းက လာဖမ်းတာ။ သူတို့ကလည်းပြောတယ်။ ငါတို့ မဖမ်းချင်ပါဘူး ဒီလောက် တရင်းတနှီးပေါင်းလာကြတာ အကြောင်းသိနေတာပဲ။ 

အခုက ပြည်နယ်က အမိန့်ကြောင့် ဖမ်းရတာလို့ ပြောတယ်။ ဆီရောင်းတာ အရင်ကတည်းက ရောင်းလာတာပဲဗျာ။ ဓါတ်ဆီရောင်းတဲ့အိမ်မှာ ဒီဇယ်ဆီပုလင်းလည်း ရှိချင်ရှိမှာပေါ့။ အရင်တုန်းကကျ သူတို့ပဲ ရောင်းခွင့်ပြုထားတာလေ။ အခုမှ ဆီပုလင်းတွေ့လို့ ဖမ်းတယ်ဆိုတာက သက်သက်မဲ့ အကြောင်းပြတာပါ။ 

မနေ့ကတော့ မနီတို့ လင်မယား ၂-ယောက်ကို ဖမ်းတယ်။ ဒီနေ့လည်း အခုလည်း ၁၁-ယောက်ကို ထပ်ပြီး ဖမ်းသွားတယ်။ ရွာထဲက ယောက်ျားလေးတွေလည်း ကစဥ့်ကလျားဖြစ်နေတယ်။ အလကားနေရင်း ဖမ်းခံနေရတယ်ဗျာ။”
::
ယနေ့ အောက်တိုဘာ ၅-ရက်နေ့တွင်လည်း လင်းသီရွာသား ကမန်တိုင်းရင်းသားများဖြစ်သည့် ကိုကို၊ တင်ရွှေ၊ မောင်တင်နု၊ ထွန်းထွန်းနိုင်၊ မျိုးမင်းသွေး၊ ရန်နိုင်၊ မိုးကြိုး၊ ကြွက်ဖြူ၊ ဆရာလေး၊ တင်လှိုင်စိုး၊ အောင်သိန်း၊ တို့ ၁၁-ဦးကို ရွှေလှေရဲစခန်းမှ ရဲအုပ် တင်မောင်လွင်မှ ထပ်မံ ဖမ်းဆီးသွားသည်ဟု သိရပြီး လင်းသီရွာမှ ကမန်အမျိုးသားများအနေဖြင့် ရွာတွင် နေထိုင်ရင်း ဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်နေကြောင်းသိရပါတယ်။
::
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရွှေလှေရဲစခန်းသို့ တယ်လီဖုန်းဖြင့် M-Media မှ ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးမှု မရှိဟု ဆိုပြီး လင်းသီရွာသားများဖမ်းဆီးမှုအား မေးမြန်းရာတွင် အလုပ်မအားလပ်၍ မဖြေနိုင်သေးပါဟုဆိုကာ ဖုန်းချသွားခဲ့ပါတယ်။

ဓါတ်ပုံအညွှန်း >> လင်းသီရွာမှ ဖမ်းဆီးခံရသူ ဒေါ်ခင်မေသန်း

ထွန်းတောက်
M-Media ::--


See More News: (www.rangonnewsdaily.blogspot.com)
ဓါတ်ပုံအညွှန်း >> လင်းသီရွာမှ ဖမ်းဆီးခံရသူ ဒေါ်ခင်မေသန်း
RangonNewsDaily:: October. 5 .2013
သံတွဲ ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကျေးရွာများတွင် လွန်ခဲ့သော ရက်များအတွင်း အကြမ်းဖက် မီးရှို့ ဖျက်ဆီး သတ်ဖြတ်မှုများတွင် အကြမ်းဖက်သူများကို သာမက အကြမ်းဖက်ခံရသည့် ကမန်တိုင်းရင်းသားများကိုပါ စက်တင်ဘာ ၄-ရက်နေ့မှ စတင်၍ ဖမ်းဆီးနေကြောင်း သိရပါတယ်။

Facebook ရဲ့ အောက်တိုဘာ၅ရက်နေ့ နောက်ဆုံးထွက်ဗားရှင်း Facebook v3.8 For Android 16MB


Facebook သုံးစွဲသူ Android ဖုန်း /Tablet ပိုင်ရှင်တွေအတွက်  5 ရက် 10 လပိုင်းမှာ ထွက်လာတဲ့   Facebook
version အသစ်လေးပါ Update မလုပ်ရသေးရင် အောက်မှာရယူုနိုင်ပါတယ်။

သတ္တုတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း လုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံး

RangonNewsDaily:: October. 5 .2013 
မန္တ လေးတိုင်းဒေသကြီး စဉ့်ကူးမြို့ နယ် ကျည်တောက်ပေါက်ကျေး ရွာ သရက်ချောင်းရှိ သတ္တုတူး ဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း ၌ စက်တင်ဘာ၃ဝရက် နံနက်၁၀ နာရီ ၄၅မိနစ်ခန့်တွင် လုပ်သား တစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ

* လှိုင်သာယာမြို့နယ်၊ လူသတ်မှုမှ တရားခံများအား (၁၂)နာရီအတွင်းဖမ်းဆီးရမိ *
==========================================
၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ KTV ဆိုင်၏အခန်းအတွင်း၌ သားဖြစ်သူမောင်ဇော်နှင့် ကိုသူ တို့အား ဓါးဒဏ်ရာများဖြင့်သေဆုံးနေကြသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း (ပ) ၁၁၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက် ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့သည် သတင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ယာဉ်အမှတ် ၇ဃ/---၊ ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့များသို့ တရားခံများအားကူညီဖမ်းဆီးပေးနိုင်ရေး ဆက်သွယ် အကြောင်းကြားခဲ့ပါသည်။

ထိုသို့အကြောင်းကြားချက်အရ သံလွင်တံတား(ဘားအံ) တာဝန်ကျတပ်ဖွဲ့ဝင်များမှ ယာဉ်များအားစစ်ဆေးဆောင်ရွက်စဉ် ၄.၁၀.၂၀၁၃ရက်နေ့ ၁၁၅၀အချိန်ခန့်တွင် ၇ဃ/----၊ ပရိုဘောက် အဖြူရောင်ယာဉ်မှာ သံလွင်တံတား(ဘားအံ)သို့ ရန်ကုန်ဘက်မှ ၀င်ရောက်လာ၍ တားဆီးစစ်ဆေးစဉ် စစ်ဆေးမှုမခံဘဲ တံတားမောင်းတံအားတိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် တံတားတာဝန်ကျတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ဂျိုင်း(ဇာသပြင်)တံတားတာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ၀ိုင်းဝန်းပိတ်ဆို့လိုက်လံဖမ်းဆီးခဲ့ရာ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာရှိ လှည်းလမ်း၌ အဆိုပါယာဉ်နှင့် ယာဉ်ပေါ်ပါ Music Box KTV ဆိုင်ပိုင်ရှင် ကံဝင်းဇော်(ခ)ကံကြီး(ခ)မိုက်မိုက်၊ (ဘ)ဦးကြင်သောင်း၊ ဆိုင်မန်နေဂျာ ရဲထွဋ်ကျော်(ခ)ရဲကြီး၊ (ဘ)ဦးအောင်ခင်၊ ဆိုင်ဝိတ်တာများဖြစ်ကြသော စိုးမိုးကျော်(ခ)ကရင်လေး၊ ကိုထိုက်(ခ)နေလင်းထိုက်၊ အောင်သူရ(ခ)အောင်ကျော်သူ၊ ကျော်စွာဝင်း (ခ)ကျော်ကျော်၊ ကိုကိုနိုင်(ခ)ကိုနိုင်၊ မင်းခန့်၊ စစ်နိုင်(ခ)တင့်နိုင်ဦး၊ မျိုးမင်းထိုက်(ခ) ကိုအောင်၊ မနော်ထူးဖွဲ့ဆဲ(ကံဝင်းဇော်၏ဇနီး)၊ မရင်ရင်ထိုက်တို့ (၁၂)ဦးအား ဖမ်းဆီးရမိခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ပြီး အမှုဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလူသတ်မှုမှ တရားခံများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အခင်းဖြစ်ပြီး (၁၂)နာရီအတွင်း စုံစမ်းဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

RangonNewsDaily:: October. 5 .2013
၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music Box KTV ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ

"... ထမင်းရည်ဟာ မိန်းကလေးတွေရဲ့ အလှအပအတွက် လျှိုဝှက်ချက် ..."


น่าเป้นตูดด.

RangonNewsDaily:: October. 5 .2013
ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင်
တော်တော်ရှာရမယ်ထင်ပါတယ်။ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်
ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။

ပဋိပက္ခအသွင်မဆောင်စေရေး ပုသိမ်၌ အချိန်မီထိန်းသိမ်းနိုင်

RangonNewsDaily:: October. 5 .2013
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ယခုလပိုင်းများအတွင်း သာမာန်လူမှုရေးပြဿနာများကို ချဲ့ကား၍ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်စေမည့်ပြဿနာများ ဖြစ်ပွားနေသည့်အပေါ်တွင် မြို့ခံအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများအပါအ၀င် ဘာသာရေးအဖွဲ့အစည်းများမှ အဆိုပါပြဿနာများကို ညှိနှိုင်းဆောင်ရွက်၍ အချိန်မီထိန်းသိမ်းနိုင်ခဲ့သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရှိရသည်။

သံတွဲသတင်း (အောက်တိုဘာ ၅ရက် မနက် ၁၁း၀၀)



RangonNewsDaily:: October. 5 .2013
ရခိုင်ပြည်နယ်သံတွဲမြို့မှာ အကြမ်းဖက်လုပ်ရပ်တွေမှာပါဝင်ခဲ့တဲ့ ရခိုင် ၆ ယောက် ထပ်ပြီးဖမ်းဆီး
ထားလိုက်တယ်လို့သတင်း၇၇ှိပ်ါသည်။ဆိုင်ကယ်ပြင်တဲ့ ကိုဌေးအောင်နဲ့ ကိုထွန်းဖေ အပါအ၀င် ၆ ယောက်ဖြစ်ပါတယ် ..

မန္တလေး သုံးလောင်းပြိုင် လူသတ်မှု မသင်္ကာဖွယ်လူတစ်ဦးကို စတင်စစ်ဆေးပြီ

RangonNewsDaily:: October. 5 .2013
မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံး ဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် အမှုစစ်အဖွဲ့ ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင် စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အကျဉ်းထောင်နှင့် အချုပ်ခန်းများကို တရားဥပဒေ စိုးမိုးရေးကော်မတီ စစ်ဆေးမည်

RangonNewsDaily:: October. 5 .2013
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များ၊ အချုပ်ခန်းများနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးများသို့ သွားရောက်စစ်ဆေးမည် ဖြစ်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

အပူအစပ်စာများ စားလွန်းခြင်းနှင့် အစာအိမ်၊ အူလမ်းကြောင်း ဝေဒနာများ

RangonNewsDaily:: October. 5 .2013
အပူအစပ်စာတွေကို စားလွန်းတာကြောင့် အဖြစ်များတဲ့ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာကတော့အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းတတ်တာပဲ ဖြစ်ပါတယ်။ အခြေအနေက ပိုဆိုးလာရင်တော့ ဝမ်းပျက်ဝမ်းလျှောတာ၊ ဗိုက်အောင့်တာစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။

ရန်ကုန်တစ်မြို့လုံးအား WiFi အင်တာနက် စနစ်ပေးရန် RedLink မှ စီစဉ်နေ

RangonNewsDaily:: October. 5 .2013

ရန်ကုန်မြို့ တစ်မြို့လုံးတွင် WiFi အင်တာနက်စနစ် အသုံးပြုနိုင်ရန် အတွက် Red Link မှ သက်ဆိုင်ရာ အဖွဲ့အစည်း၏ ခွင့်ပြုချက် ရရှိပါက အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရသည်။ ထိုသို့ WiFi အင်တာနက်စနစ် ရရှိစေရန် ဆောင်ရွက်ရာတွင် ဈေးများ၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၊ တက္ကသိုလ်များ၊ လေဆိပ်၊ ဘူတာရုံများနှင့် အဝေးပြေး ကားဂိတ်များတွင် အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ် ဖလားလမ်းကြောင်းအတွက် အရေးပါလှသော ကစားသမားများ

ပရီးမီးယားလိဂ် ဖလားလမ်းကြောင်းအတွက် အရေးပါလှသော ကစားသမားများ 
Saturday, October 5, 2013

၁၀။ ဂျိုးဟက် (မန်စီးတီး) 
၉။ ကွန်ပနီ (မန်စီးတီး) 
၈။ စတားရစ် sturridge (လီဗာဗူး )
၇။ ဂျူအန် မာတာ (ချဲလ်ဆီး)
၆။ အီတိုး (ချဲလ်ဆီး) 
၅။ ဂျိုးရော့ { Olivier Giroud } (အာဆင်နယ်) 
၎။ ၀ီးရှဲယား (အာဆင်နယ်) 
၃။ အီရစ်ဆင် (စပါး) 
၂။ ဆိုဒါဒို (စပါး) 
၁။ ရော်ဘင် ဗန်ပါစီ (မန်ချက်စတာ) 

( sport website တစ်ခုက ဒီ result လေးကိုထုတ်ထားတာ တပတ်ကျော်လောက်တော့ရှိပြီထင်တယ်။ 
ရွန်နေး၊ အော်စကာ၊ ရာမီးရပ်၊ ရမ်ဆေး၊ အိုဇေး၊ အကွိရို၊ တိုရေး စတဲ့ကစားသမားကောင်းတွေ ကျန်ခဲ့တာတော့ စဉ်းစားစရာပဲ။ 
ကဖေးပရိတ်သတ်ကြီးကကော ဘယ်သူက အရေးပါကြမယ်ထင်ပါသလဲ )???? 

မိုးတိမ် (တမာမြေ) 
Football Café
http://www.football-cafe.com/

RangonNewsDaily:: October. 5 .2013
( sport website တစ်ခုက ဒီ result လေးကိုထုတ်ထားတာ တပတ်ကျော်လောက်တော့ရှိပြီထင်တယ်
ရွန်နေး၊ အော်စကာ၊ ရာမီးရပ်၊ ရမ်ဆေး၊ အိုဇေး၊ အကွိရို၊ တိုရေး စတဲ့ကစားသမားကောင်းတွေ ကျန်ခဲ့တာတော့ စဉ်းစားစရာပဲ။

ကုန်သည်ကြီးများ ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန်