Pages

Saturday, October 5, 2013

၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် ချက်သမ္မတပေးသောဆု လက်ခံရယူ

Photo: ၈၈ မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင် ချက်သမ္မတပေးသောဆု လက်ခံရယူ
Saturday, October 5, 2013

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်သည် “Homo Homini” ဟု ခေါ်သော လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ချီးမြှင့်သောဆုကို ချက်ရီပတ်ဗလစ်နိုင်ငံ ပရက်မြို့တွင် ကြာသာပတေးနေ့က သွားရောက်ယူခဲ့သည်။

ထိုဆုကို ကွယ်လွန်သွားပြီဖြစ်သော ချက်သမ္မတဟောင်း Václav Havel က ၂၀၀၀ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် မင်းကိုနိုင်သည် အကျဉ်းထောင်ထဲတွင် ရှိနေစဉ် ကာလဖြစ်သည်။

အဆိုပါ “Homo Homini” ဆုကို မြန်မာနိုင်ငံက ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သော NLD မှ ဒေါ်စုစုနွေး၊ ဒေါ်ဖြူဖြူသင်းနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့မှ ဒေါ်နီလာသိန်းတို့က ၂၀၀၇ခုနှစ်တွင် ရရှိခဲ့ဖူးသည်။

ထိုဆုပေးပွဲအခမ်းအနားကို ချက်ရီပတ်ဗလစ်နိုင်ငံ၏ မြို့တော် ပရက်တွင် အောက်တိုဘာလ ၃ ရက်က ကျင်းပခဲ့သည်။

ထိုဆုကို ၁၉၉၄ ခုနှစ်မှစတင်ကာ ကမ္ဘာအရပ်ရပ်ရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတွင် ခေါင်းဆောင်သူများကို နှစ်စဉ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

RangonNewsDaily:: October. 5 .2013

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်သည် “Homo Homini” ဟု ခေါ်သော လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ချီးမြှင့်သောဆုကို ချက်ရီပတ်ဗလစ်နိုင်ငံ ပရက်မြို့တွင် ကြာသာပတေးနေ့က သွားရောက်ယူခဲ့သည်။ ထိုဆုကို ကွယ်လွန်သွားပြီဖြစ်သော ချက်သမ္မတဟောင်း Václav Havel က ၂၀၀၀ ခုနှစ်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် မင်းကိုနိုင်သည် အကျဉ်းထောင်ထဲတွင် ရှိနေစဉ် ကာလဖြစ်သည်။

အဆိုပါ “Homo Homini” ဆုကို မြန်မာနိုင်ငံက ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သော NLD မှ ဒေါ်စုစုနွေး၊ ဒေါ်ဖြူဖြူသင်းနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့မှ ဒေါ်နီလာသိန်းတို့က ၂၀၀၇ခုနှစ်တွင် ရရှိခဲ့ဖူးသည်။

ထိုဆုပေးပွဲအခမ်းအနားကို ချက်ရီပတ်ဗလစ်နိုင်ငံ၏ မြို့တော် ပရက်တွင် အောက်တိုဘာလ ၃ ရက်က ကျင်းပခဲ့သည်။

ထိုဆုကို ၁၉၉၄ ခုနှစ်မှစတင်ကာ ကမ္ဘာအရပ်ရပ်ရှိ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတွင် ခေါင်းဆောင်သူများကို နှစ်စဉ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment