Pages

Saturday, October 5, 2013

RNDP ရခိုင်တိုးတက်ရေးပါတီမှ နိုင်ငံအစိုးရကို ရာဇသံပေး စိန်ခေါ်

RangonNewsDaily:: October. 5 .2013
နိုင်ငံတော်သမ္မတအမိန့်ဖြင့် နေပြည်တော် အထူးတပ်ဖွဲ့ဝင်များကိုယ်တိုင် လာရောက်ဖမ်းဆီးသည့် သံတွဲမြို့မှ ရာဇဝင်လူဆိုး အကြမ်းဖက်သမားများအား ပြန်လည်လွှတ်ပေးခြင်းမရှိပါက RNDP ရခိုင်တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်မှ ပြင်းပြင်းထန်ထန် တုံးပြန်သွားမည်ဟု နိုင်ငံတော်အစိုးရအား ရာဇသံပေးထားကြောင်း DVB သတင်းဌာနမှ ဖော်ပြခဲ့ပါသည်။နိုင်ငံတော်အစိုးရအား ရာဇသံပေးသည် ဟူသည့် လုပ်ရပ်မှာ အင်မတန်ခံပြင်းစရာကောင်းလှပေသည်။နိုင်ငံတွင်း၌ အနိဌာရုံများ အကြမ်းဖက်မှုများ ကျူးလွန်နေသည့် ရာဇဝတ်ကောင်များအား ဖမ်းဆီးမှုတွင် ဝတ်တရားနှောက်ယှက်မှု / အာဏာဖီဆန်မှု ဖြင့် ဒေါက်တာအေးမောင် အားလည်း ဖမ်းဆီးအရေးယူသင့်ပေသည်။
::
နိုင်ငံတော်အစိုးရအား ရာဇသံပေးခြင်းသည် နိုင်ငံတော်ကို စိန်ခေါ်မှုတစ်ခုသာဖြစ်သည်။
::
သံတွဲမြို့မှ ရာဇဝတ်ကောင်များအားပြန်လည် လွှတ်မပေးပါက အဖရခိုင်နိုင်ငံတော်အတွက် နိုင်ငံအစိုးရအား ပြင်းပြင်းထန်ထန် တုန့်ပြန် ပုန်စားမည်ဟု ဒေါက်တာအေးမောင်မှ ပြောဆိုလိုက်ခြင်းသည် တည်ဆဲဥပဒေ ကို ထိခိုက်စေကြောင်း သတိပြုပါသည်။
::
ဆက်လက်ပြီး ဒေါက်တာအေးမောင်မှ ရခိုင်ပြည်ကို ဗမာအစိုးရ ဆီမှ ခွဲထွက်ပြီး မိမိတို့ကြမ္မာ မိမိတို့ ဖမ်တီးပြီး အဖရခိုင်ပြည်ကြီးကို ဘိုးတော် ဘေးတော် ရခိုင်ဘုရင်များနည်းတူ အုပ်ချုပ်သွားမည်ဟု ဒေါက်တာအေးမောင်မှ ပြောကြားပါသည်။
::
နိုင်ငံတော်အစိုးရအား ခုခံတော်လှန်နေသည့် အိန္ဒိယ နယ်စပ်မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ရခိုင်တော်လှန်ရေးတပ်မတော်သား "ညိုမင်းခိုင် " က ဗမာအစိုးရအနေဖြင့် သံတွဲ၌ ဖမ်းဆီးထားသူများအား ပြန်မလွှတ်ပေးလျှင် အပြစ်အခတ် ရပ်စဲရေးစာချုပ်ကို ပြန်လည်သုံးသပ်ပြီး လွတ်လပ်မည့် အဖရခိုင်နိုင်ငံတော်အတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရကို ထပ်မံစိန်ခေါ်လိုက်ပါသည်။
::
အထက်ပါ စိန်ခေါ် ရာဇသံပေးခြင်းများသည် တည်ဆဲအစိုးရ၏ ရာဇဝတ်သားဖမ်းဆီးမှု ဥပဒေ နဲ တာဝန်ကို နှောက်ယှက်မှု မြောက်ပြီး အာဏာဖီဆန်မှုလည်းမြောက်ပါတော့သည်။
::
တဖန် နိုင်ငံတော်အစိုးရအား ပြင်းပြင်းထန်ထန် တုန်းပြန်မည် တိုက်ခိုက်မည် ဟူသည့် လုပ်ရပ်များသည် မည်သည့် အားကိုးဖြင့် မိုက်ချင်နေကြသနည်း ဟု မေးစရာအကြောင်းဖန်လာရပါပြီ။
::
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပဋိပက္ခစတင်ဖြစ်ပွားချိန်တွင် ဗိုလ်ချုပ်ဟောင်း ခင်ညွန့် ရှိနေသည့် ကိစ္စအား သွေးရိုးသားရိုးမဟုတ်ကြောင်း နိုင်ငံရေးနားလည်သူများမှ သုံးသပ်ခဲ့ကြပါသည်။
::
ယခု နိုင်ငံတော် အစိုးရအား ရာဇသံပေး စိန်ခေါ်ခြင်းသည် ဗိုလ်ချုပ်ခင်ညွန့် နှင့် RNDP ရခိုင်တိုးတက်ရေးပါတီတို့ ပူးပေါင်းပြီး နိုင်ငံတော် အစိုးရနဲ နိုင်ငံတော်အာဏာကို ရည်ရွယ်ချက်ကြီးကြီးဖြင့် ဖီဆန်ခြင်းသာဖြစ်နေပါတော့သည်။
::
ရခိုင်တိုးတက်ရေးပါတီဝင်များ ရေးသားနေသည့် ထူးမြန်မာ page ၌ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://m.facebook.com/ht00myanmar

အပုချေ ::( မာန်အောင်ကျွန်း )::--, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment