Pages

Saturday, October 5, 2013

ဘာသာရေးနှင့်ပတ်သက်သော လူတိုင်းသိအပ်သည့် ဥပဒေအချို့

RangonNewsDaily:: October. 5 .2013
ရာဇသတ်ကြီး (ခ) ပြစ်မှုဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များ----------------------------------------------------
------ပုဒ်မ-၁၅၃(က)။ မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံ
သဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်နေထိုင်သူ အမျိုးအစားတစ်
ခုနှင့်တစ်ခု ရန်ငြိုးစိတ်ထားအောင်သော်လည်းကောင်း၊ မုန်းတီးစိတ်ထားအောင်သော်လည်းကောင်း အားပေးအားမြှောက်ပြုလျှင်(သို့) ထိုသို့အားပေးအားမြှောက်ပြု
ရန် အားထုတ်လျှင်ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ
ချမှတ်ရမည်ဟုလည်းကောင်း ...ပုဒ်မ-၂၉၅။

တစ်ဦးတစ်ယောက်သောသူ၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်ကြံ၍ မည်သူမဆို ထိုသူ ကြား
လောက်သောနေရာ၌ စကားပြောဆိုလျှင် သို့တည်းမဟုတ် အသံတစ်ခုခုပြုလျှင် သို့တည်းမဟုတ် ထိုသူမြင်
လောက်သောနေရာ၌ ကိုယ်အမူအရာတစ်ခုခုပြုလုပ်လျှင် သို့တည်းမဟုတ် အရာဝတ္ထုတစ်ခုခုကိုထားလျှင် ထိုသူကို တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု
လည်းကောင်း ...ပုဒ်မ-၂၉၅(က)။

ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သောလူတစ်စား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာ
သောအကြံဖြင့်မည်သူမဆိုစကားဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစား
ကိုးကွယ်သည့်ဘာသာ၊ သာသနာကိုသော်လည်းကောင်း၊ ဘာသာ သာသနာရေးယုံကြည်မှုကိုသော်လည်း
ကောင်း စော်ကားလျှင် (သို့) စော်ကားရန်အားထုတ်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ
၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်း ...ပုဒ်မ-၅၀၅(ခ)။

မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ၊ ကောလဟလကိုဖြစ်စေ သတင်းကိုဖြစ်စေပြုလုပ်ရာတွင် (သို့) ထုတ်ပြန်
ကြေညာရာတွင် (သို့) ဖြန့်ချိရာတွင် -နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်
သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏သီးခြားလူတစ်စုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် (သို့) ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ...ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုး
မျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်း ... ပြဋ္ဌာန်းထားပါသည်။

Thit Baitman , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment