Pages

Wednesday, October 15, 2014

ဂျပန်ဂီတလောကသို့ ထိုးဖောက်ရန်ပြင်ဆင်နေသည့် Crayon Pop


RangonNewsDaily:: October . 15 .2014
Bar Bar Bar သီချင်းဖြင့် ကေပေါ့ပ်လောကအတွင်း လျင်မြန်စွာ အောင်မြင်မှုများဆွတ်ခူးနိုင်ခဲ့သူ တောင်ကိုရီးယား အမျိုးသမီးတေးဂီတအဖွဲ့ Pony Crayon အနေဖြင့် ဂျပန်ဂီတကုမ္ပ္ပဏီတစ်ခုဖြစ်သည့် Pony Crayon နှင့် စာချုပ်များချုပ်ဆိုကာ လာမည့်နှစ်ဦးပိုင်းတွင် ဂျပန်နိုင်ငံ၌ ဂီတလှုပ်ရှားမှုများ တရားဝင်စတင်သွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ ခရုမ်းအင်န်တာတိန်း မန့်မှ သတင်းထုတ်ပြန်ထားသည်။

လိပ်ကျွန်းလူသတ်မှု သက်သေအဖြစ် ထိန်းသိမ်းခံရတဲ့ မြန်မာတွေကို လွှတ်ပေးလိုက်ပြီ


RangonNewsDaily:: October . 15 .2014
ထိုင်နိုင်ငံ လိပ်ကျွန်း လူသတ်မှုအတွက် ထိုင်းအစိုးရက တရားလိုပြ သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင် အပါအဝင် မြန်မာသုံးဦးကို အောက်တိုဘာလ ၁၄ ရက်နေ့ ညနေက စပြီးတော့ လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်တယ်လို့ မြန်မာသံရုံး ကိုယ်စားလှယ် အဖွဲ့ဆီကနေ သိရပါတယ်။

လူ ထောင်ပေါင်းများစွာ ရှေ့မှာ ချစ်သူ ဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ လေတပ်ဗိုလ်မှူး;


RangonNewsDaily:: October . 15 .2014
အမေရိကန် ပြည်ထောင်စုမှာ ချစ်သူ ဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ ပါတယ်။ အဲဒါကတော့ အမေရိကန် လေတပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ လေတပ် ဗိုလ်မှူးဟာ သူ့ရဲ့ ချစ်သူ ဖြစ်သူကို ပရိသတ် ထောင်ပေါင်း များစွာ ရှေ့မှာ လက်ထပ်ခွင့် တောင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီနိုင်ငံမှာ မင်းသမီးဖြစ်ရတာ ကံဆိုးတယ်လို့ဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်


RangonNewsDaily:: October . 15 .2014
နေပြည်တော်မှာ အောင်ပွဲခံနေပြီဖြစ်တဲ့ စုန်းပြူးဇာတ်ကားနဲ့ပတ်သတ်ပြီး ဇာတ်ပို့နေရာက ပါဝင်သူတစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်က ဒီဇာတ်ကားမှာ နေတိုးကို အကယ်ဒမီရစေချင်တယ်လို့ ဖွင့်ဟသွားပါတယ်။ ကျရာဇာတ်ရုပ်ကို ပီပြင်ဖို့သာ ကြိုးစားတတ်တဲ့သူမက ဗီလိန်ဇာတ်ရုပ်မျိုးတွေပါ လက်ခံရိုက်ကူးတတ်သူမို့ အဲ့ဒီအကြောင်း မေးကြည့်တဲ့အခါ “ဇာတ်ကတော့ ကိုယ်နဲ့လဲလိုက်တယ်။ လုပ်ကွက်လဲ ရတယ်ဆို ရိုက်ပါတယ်။

သမ္မတ ရုပ်ရှင်ရုံအနီးမှာ ရိုက်မှုဖြစ်ပွား


RangonNewsDaily:: October . 15 .2014
ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံ အနီးက မီးရထားကုန်းကျော်တံတားပေါ်မှာ ကားသမားတွေနဲ့ ဆိုက်ကားသမားတွေ အချင်းများပြီး ရိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ 

မြိုတော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပြိုင်ပွဲ ကျင်းပ


RangonNewsDaily:: October . 15 .2014
နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ (International White Cane Day) အထိမ်းအမှတ်
အဖြစ်ကျင်းပသည့် (၂၃)ကြိမ်မြောက် မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကို အောက်
တိုဘာလ(၁၅)ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အိန္ဒိယနိုင်ငံ၏ ပြည်နယ် ကြီးနှစ်ခုကို ၀င်ရောက် တိုက်ခတ်သွားသော အင်အားပြင်း ဆိုင်ကလုန်ကြောင့် အိန္ဒိယတွင် လူ ၂၄ ဦးသေဆုံး


RangonNewsDaily:: October . 15 .2014
တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံ၏ ပြည်နယ် ကြီးနှစ်ခုကို ၀င်ရောက် တိုက်ခတ်သွားသော ဟွဒ်ဟွဒ်အမည်ရ ဆိုင်ကလုန် မုန်တိုင်းကြောင့် သေဆုံးသူ ၂၄ ဦးရှိကြောင်း အိန္ဒိယ အာဏာပိုင်များက ထုတ်ဖေါ် ပြောကြား သည်။

၂ဝ၃ဝပြည့်နှစ်တွင်မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းမည်ဟုပြည်ထောင်စုဝန်ကြီးပြော ကြား

RangonNewsDaily:: October . 15 .2014
လာ မည့် ၂ဝ၃ဝပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရန် နှစ်ရှည်စီမံကိန်းဖြင့် ဆောင်ရွက်နေ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာ နမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် စိုးက ပြောကြားလိုက်သည်။

မန္တလေးမြို့ ကျွဲဆည်ကန် ကားဝင်း အတွင်းရှိ ဒေသမြို့တော် စားသောက်ဆိုင် ဝန်ထမ်း နေအိမ် မီးလောင်မှု ဖြစ်ပွား

RangonNewsDaily:: October . 15 .2014
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြရွှေပြည် ကားကြီးဝင်း(ကျွဲဆည်ကန်) အတွင်းမှာရှိသော ချမ်းမြရွှေ ပြည် ဟိုတယ်နောက်ရှိဒေသမြို့တော် စားသောက်ဆိုင် ဝန်
ထမ်းများနေသည့် ၂၅ ပေx ၁၅ ပေ သွပ်မိုးပျဉ်ခင်းနှစ်ထပ် ပျဉ်ထောင်အိမ်၌ ယနေ့ည ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်၌ မီးလောင်၊ တစ်ဦးသေဆုံး

RangonNewsDaily:: October . 15 .2014
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာ ဘူးကုန်းဆုံရွာတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က နေအိမ်နှစ်လုံး မီးလောင်ခဲ့ပြီး စတိုးဆိုင်ဝန်ထမ်း မောင်ရဲဇော်ထက်
(ခ) ရဲဇော် (၂၂နှစ်) မီးလောင်သေဆုံးသွားကာ ဇေယျာထက် (၁၇နှစ်) မှာမီးလောင်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

ကွန်ဒိုတိုက်ခန်း ရောင်းဝယ်ရာတွင် ရောင်းဝယ်ခွန် သီးသန့် ပေးဆောင်ရမည်

RangonNewsDaily:: October . 15 .2014
ကွန်ဒိုတိုက်ခန်းများ ရောင်းဝယ်ရာတွင် မြေရှင်သို့ ပေးဆောင်ရသည့် ငွေများမှာ အခွန်နှင့် သက်ဆိုင်ခြင်း မရှိသောကြောင့် ရောင်းဝယ်ခွန်ကို သီးသန့် ပေးဆောင်ရန် လိုအပ်ကြောင်း
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်က ပြောသည်။ 

တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်း ခံထား ရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေး လွတ်ပြီ


RangonNewsDaily:: October . 15 .2014
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီး ထိန်းသိမ်း ခံထား ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေး လိုက်ပါတယ်။

ဗုန်ဖုန်း တိုင်ဖွန်း ဂျပန်ကို ၀င်ရောက်


RangonNewsDaily:: October . 15 .2014
အခုနှစ်အတွင်း ဂျပန်နိုင်ငံကို ၀င်ရောက်ခဲ့တဲ့ တိုင်ဖွန်း မုန်တိုင်းတွေထဲမှာ အင်အား အပြင်းဆုံး ဖြစ်တဲ့ Vongfong တိုင်ဖွန်း ၀င်ရောက်နေရာမှာ အိုကီနာဝါ ကျွန်းဘက်မှာ လူပေါင်း ၃၀ ထက် မနည်း ဒဏ်ရာရခဲ့ကြပါတယ်။
လကြောင်းခရီးစဉ် ၃၀၀ ကျော်ကိုလည်း ဖျက်သိမ်းထားရပြီး သိန်းနဲ့ချီတဲ့ လူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

မန္တလေးပဋိပက္ခတွင်း လူသတ်မှုကျူးလွန်သူ အလုပ်ကြမ်းနှင့် ထောင် ၁၀ နှစ်ချလိုက်

RangonNewsDaily:: October . 15 .2014
မန္တလေး (မဇ္ဈိမ) ။ ။ မန္တလေး ပဋိပက္ခအတွင်း လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံ လေးဦးကို ပုဒ်မ ၃၀၂/၂ နှင့် ပုဒ်မ ၁၁၄တို့ဖြင့် မန္တလေးခရိုင် တရားရုံးက အောက်တိုဘာ ၁၄ရက် မွန်းလွဲ ၂နာရီက အလုပ်ကြမ်းနှင့် ထောင် ၁၀နှစ် ချမှတ်လိုက်ပြီဖြစ်သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာ ၁၇ ရက်တွင် အမိန့်ချမည်


RangonNewsDaily:: October . 15 .2014
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် နေပြည်တော်၊ ဒက္ခိဏသီရိ တရားရုံး၌ အပြီးသတ်လျောက်လဲခဲ့ပြီး အောက်တိုဘာ ၁၇ ရက်တွင် အမိန့်ချမည်ဖြစ်သည်။

Facebook ကို အသုံးပြုနိုင်ဖို့ အတွက် သူမရဲ့ အသက်ကို လိမ်ကာ ဖြည့်သွင်းခဲ့ရတဲ့ အဖွားအို


RangonNewsDaily:: October . 15 .2014
ဘယ်သူပဲ ဖြစ်ဖြစ် Facebook လိုမျိုး အင်တာနက် လူမှုကွန်ယက်မှာ မိမိရဲ့ အသက်ကို လိမ်ကာ ဖြည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့်လို့ အသက် ၁၁၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖွားအို Anna Stoehr ကတော့ သူအသက်ကို မလိမ်ချင်ပဲနဲ့ လိမ်ခဲ့ရတဲ့ အဖြစ်မျိုး ဖြစ်ပွားခဲ့ရပါတယ်။ 

လွတ်ငြိမ်းခွင့် ပါလာသူများကို လူဆိုးစာရင်းသွင်းပြီး သေဆုံးချိန်အထိ စောင့်ကြည့်သွားမည်

RangonNewsDaily:: October . 15 .2014
လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် အကျဉ်းထောင်မှ လွတ် မြောက်လာသူများအား ထောင် ကြွေးကျန်လူဆိုးစာရင်းသွင်းထား ပြီး သေဆုံးသည့်အချိန်အထိ ရဲ တပ်ဖွဲ့က စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်ထွေး က ပြောသည်။

သာကေတမြို့နယ်တွင် ငြမ်းစင်ပေါ်တက်၍ မီးဆင်ရာမှ ခြေချော်ပြုတ်ကျခဲ့သဖြင့် သေဆုံး

RangonNewsDaily:: October . 14 .2014
၁၃.၁၀.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန် သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်၊ စက်မှုလက်
မှုရပ်ကွက်ရှိ အထည်ချုပ်စက်ရုံမှ မီးပြင်အလုပ်သမားတစ်ဦး မီးဆင်နေစဉ် အမြင့်မှပြုတ်ကျခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး
၌ဆးကုသမှုခံယူစဉ် သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်နေ ကိုကျော်မြင့်ဦး၊ (၁၉)နှစ်ဖြစ်ပြီး နဖူးနှင့်အပေါ်နှုတ်ခမ်းတို့တွင် ဖူးရောင်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိပါသည်။

တွံတေးမြို့နယ်တွင် တံတားဂုံးတက်၌ ဂျမ်းတုံးခုပေးသူအား ယာဉ်၏နောက်ဘီးဖြင့်ကြိတ်မိခဲ့၍ သေဆုံး

RangonNewsDaily:: October . 14 .2014
၁၃.၁၀.၂၀၁၄ ရက်နေ့ ၂၃၃၀ အချိန်တွင် တွံတေးမြို့နယ်၊ တွံတေး-လှိုင်သာယာကားလမ်းအတိုင်း လှိုင်သာယာဘက်မှ
 တွံတေးဘက်သို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ဒို့ကိုကို၊ (၂၂)နှစ်မောင်းနှင်သည့် 9A/---- ဟီးနိုး(၁၀)ဘီးကုန်တင်
ယာဉ်သည် သံထည်ပစ္စည်းများ တင်ဆောင် မောင်းနှင်လာစဉ် တွံတေးတံတားအတက်အရောက်၌ တံတားဂုံးပေါ်
သို့မတက်နိုင်သဖြင့် ယာဉ်မောင်းအကူဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်နေ ကိုဗလကြီး(ခ)သူချစ်အောင်၊ (၂၁)နှစ် မှာ ယာဉ်အောက်ဆင်းပြီး ဂျမ်းတုံးခုပေးစဉ် ယာဉ်၏ယာဘက်နောက်ဘီးဖြင့် ကြိတ်မိခဲ့သည်။

အမေရိကန်တွင် လူမည်းဆယ်ကျော်သက်ကို လူဖြူ ရဲ ပစ်သတ်မှု ဆန္ဒပြပွဲများဆက်ဖြစ်

RangonNewsDaily:: October . 14 .2014
အမေရိကန် ပြည်ထောင်စု ဖာဂူဆန် ဆင်ခြေဖုံးမှာ သြဂုတ်လက လူမည်းဆယ်ကျော်သက်ကို လူဖြူရဲက သေနတ်နဲ့ ပစ်သတ်တဲ့ ကိစ္စကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ၏ ပထမဆုံး သတ္တုတူးဖော်ရေး နည်းပညာ သင်တန်းကျောင်း ကို မန္တလေး၌ စတင်ဖွင့်လှစ်မည်

RangonNewsDaily:: October . 14 .2014
ပြည်တွင်း သတ္တု တူးဖော်ရေး လုပ်သားများ နိုင်ငံတကာသို့ ဝင်ဆံ့နိုင်ရန် သတ္တု နည်းပညာ သင်တန်းကျောင်း ကို မန္တလေးမြို့၌ ပထမဦးဆုံး အနေဖြင့် စတင် ဖွင့်လှစ် သွားမည် ဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သတ္တု တူးဖော်ရေး လုပ်ငန်းရှင်များ အသင်း အဖွဲ့ချုပ် အတွင်းရေးမှူး က ပြောကြား သည်။

မူလထက် ငါးဆခန့် ပို၍မြန်မည့် ဝိုင်ဖိုင်စနစ်ကို Samsung တီထွင်

RangonNewsDaily:: October . 14 .2014
Samsung မိုဘိုင်းဖုန်း ကုမ္ပဏီ မှ နည်းပညာရှင် များသည် ဝိုင်ဖိုင် လိုင်းပေါ် Data အချက်အလက်များ ဖြတ်သန်းမှု နှုန်းကို မူလ အခြေအနေ ထက် ငါးဆခန့် ပို၍ မြန်ဆန် စေနိုင်မည့် နည်းပညာ တစ်ရပ်ကို တွေ့ရှိပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

Rape Drug သုံးစွဲမှု အချိန်မီတားဆီးရန် လိုအပ်


RangonNewsDaily:: October . 14 .2014
ကမ္ဘာတစ်ဝန်း ရှိ တက္ကသိုလ် ကျောင်းများ နှင့် ပါတီပွဲ၊ မွေးနေ့ပွဲ၊ နိုက်ကလပ်၊ ဒေးကလပ် အပါအဝင် ပွဲပေါင်းစုံအပြီး အုပ်စုလိုက် အဓမ္မပြုကျင့်မှု ( Group Rape ) အမှုများ ဖြစ်ပွားခြင်း များပြားလျက် ရှိကြောင်း သိရသည်။

ဂြိုဟ်တုတိုင်းတာမှုများ အရ ကမ္ဘာ့အကြီးဆုံး မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကို အမေရိကန် ပြည်ထောင်စုတွင် တွေ့ရှိ


RangonNewsDaily:: October . 14 .2014
အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း ကျောက်မီးသွေး ပေါများရာ ဒေသသည် မီသိန်းဓာတ်ငွေ ယိုစိမ့်မှု အမြင့်ဆုံး ဖြစ်နေသည်ကို ဥရောပ အာကာသ အေဂျင်စီ (ESA) ၏ လေထု ပတ်ဝန်းကျင် မြေပုံ ရေးဆွဲရေးသုံး ပုံရိပ်ဖမ်း စပက်ထရိုမီတာ ကို အသုံးပြုကာ ဖမ်းယူ ရရှိခဲ့ပြီး မြေပြင် ကိရိယာ များဖြင့် ထပ်မံ အတည်ပြု တိုင်းတာ ခဲ့ပြီးနောက် ကမ္ဘာ့ အကြီးဆုံး မီသိန်းဓာတ်ငွေ့ လွင်ပြင်ကြီး ဖြစ်ကြောင်း သိပ္ပံ ပညာရှင် များက အတည်ပြု ခဲ့ကြသည်။

ခေတ်သစ်ကျွန်ပြုမှု၊ ရန်ကုန်မှာ ဒါမျိုးတွေရှိသလား

RangonNewsDaily:: October . 14 .2014
ပြီးခဲ့တဲ့ရက်ပိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ စာဖတ်သူတွေအတွက် အတော်လေး တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ခဲ့ပါတယ်။ အမျိုးသမီးတစ် ယောက်ကိုလိမ်ညာခေါ်၊ ရန်ကုန်မြို့လယ်ခေါင် အလွန် လူစည်ကားရာ စမ်းချောင်းက အိမ်တစ်အိမ်မှာ ပိတ်လှောင်ပြီး ထွက်ပြေးလို့မရအောင် လုပ်၊ ပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခံရသတဲ့။