Pages

Wednesday, October 15, 2014

မြန်မာနိုင်ငံ၏ ပထမဆုံး သတ္တုတူးဖော်ရေး နည်းပညာ သင်တန်းကျောင်း ကို မန္တလေး၌ စတင်ဖွင့်လှစ်မည်

RangonNewsDaily:: October . 14 .2014
ပြည်တွင်း သတ္တု တူးဖော်ရေး လုပ်သားများ နိုင်ငံတကာသို့ ဝင်ဆံ့နိုင်ရန် သတ္တု နည်းပညာ သင်တန်းကျောင်း ကို မန္တလေးမြို့၌ ပထမဦးဆုံး အနေဖြင့် စတင် ဖွင့်လှစ် သွားမည် ဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သတ္တု တူးဖော်ရေး လုပ်ငန်းရှင်များ အသင်း အဖွဲ့ချုပ် အတွင်းရေးမှူး က ပြောကြား သည်။
''မြန်မာနိုင်ငံမှာ သတ္တု တူးဖော်ရေး လုပ်ငန်းတွေ နဲ့ဆိုင်တဲ့ သင်တန်းကျောင်း တွေ မရှိဘူး။ သတ္တု တူးဖော်ရေး လုပ်ငန်းတွေမှာ လက်ရှိ လုပ်နေတဲ့ သူတွေ အားလုံး လုပ်တတ်တယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ယှဉ်မယ်၊ နိုင်ငံခြား ကုမ္ပဏီတွေ ဒီမှာ လာရောက် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်မယ် ဆိုရင် နိုင်ငံတကာ စံနှုန်း လစာရဖို့ တတ်ကျွမ်းတဲ့ လက်မှတ်တွေ လိုတယ်။ ဒါကြောင့် အခုလိုကျောင်း တွေ ဖွင့်ဖို့ စီစဉ်ဖြစ် သွားတာပါ ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြန်မာနိုင်ငံရှိ မိုင်းတွင်း သတ္တု တူးဖော်ရေး လုပ်သားများမှာ နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင်သည့် အရည်အသွေး ရှိသော်လည်း နိုင်ငံတကာ စည်းမျဉ်း စည်းကမ်း စံနှုန်းများ အတိုင်း အလုပ်သမား အခွင့်အရေး၊ လစာများ ရရှိမှု မရှိ၍ ထိုကဲ့သို့ သင်တန်းကျောင်း များ ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းကျောင်း ကို ပုဂ္ဂလိက ကျောင်းအဖြစ် ဖွင့်လှစ်မည် ဖြစ်သော်လည်း မန္တလေး သတ္တုတွင်း ဝန်ကြီးဌာန မှ ရုံးခန်းနေရာ ကို ပေးမည် ဖြစ်ကြောင်း၊ မန္တလေး၌ ၂ဝ၁၅ ခုနှစ် နှစ်ဆန်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့် အပြင် ရမည်းသင်းမြို့ ၌လည်း စာတွေ့၊ လက်တွေ့ သင်ကြား ပေးနိုင်မည့် သင်တန်းကျောင်း တစ်ခုကို ထပ်မံ ဖွင့်လှစ် နိုင်ရန် ကြိုးစား နေကြောင်း သတ္တု တူးဖော်ရေး လုပ်ငန်းရှင်များ အသင်း အဖွဲ့ချုပ်ထံ မှ သိရသည်။

Yadanarpondaily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment