Pages

Wednesday, October 15, 2014

မန္တလေးမြို့ ကျွဲဆည်ကန် ကားဝင်း အတွင်းရှိ ဒေသမြို့တော် စားသောက်ဆိုင် ဝန်ထမ်း နေအိမ် မီးလောင်မှု ဖြစ်ပွား

RangonNewsDaily:: October . 15 .2014
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြရွှေပြည် ကားကြီးဝင်း(ကျွဲဆည်ကန်) အတွင်းမှာရှိသော ချမ်းမြရွှေ ပြည် ဟိုတယ်နောက်ရှိဒေသမြို့တော် စားသောက်ဆိုင် ဝန်
ထမ်းများနေသည့် ၂၅ ပေx ၁၅ ပေ သွပ်မိုးပျဉ်ခင်းနှစ်ထပ် ပျဉ်ထောင်အိမ်၌ ယနေ့ည ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 
အဆိုပါနေအိမ်တွင် နေထိုင်သော ဝန်ထမ်းတစ်ဦး က ခြင်ဆေးခွေ မီးထွန်းရာမှ မွေ့ယာကို မီးလောင်ကျွမ်းကာ အိမ်နှင့် ဆိုင်ကယ်လေးစီး မီး လောင် ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ကိုးသိန်းခွဲ ခန့် ဖြစ်သည်။
::
မီးလောင်မှုအား ပြည်ကြီးတံခွန်မြို့နယ် မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ယာဉ် ၄ဝ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်း သွားခဲ့ကြောင်း သိရသည်။

KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment