Pages

Wednesday, October 15, 2014

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်၌ မီးလောင်၊ တစ်ဦးသေဆုံး

RangonNewsDaily:: October . 15 .2014
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာ ဘူးကုန်းဆုံရွာတွင် အောက်တိုဘာ ၁၃ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က နေအိမ်နှစ်လုံး မီးလောင်ခဲ့ပြီး စတိုးဆိုင်ဝန်ထမ်း မောင်ရဲဇော်ထက်
(ခ) ရဲဇော် (၂၂နှစ်) မီးလောင်သေဆုံးသွားကာ ဇေယျာထက် (၁၇နှစ်) မှာမီးလောင်ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုမှာ ဦးဝင်းနိုင်မြင့် (၄၁ နှစ်) ၏ နှစ်ထပ်နေအိမ် အတွင်းရှိ လျှပ်စစ်ခုံမှ ဝိုင်ယာရှော့ခ်ဖြစ်ပြီး စတင်လောင်ကျွမ်းကာ ထိုမှ တစ်ဆင့် တောင်ဘက်ရှိ မြေစိုက်နေအိမ်ကို မီးကူးစက်လောင်ကျွမ်းသည်။

မန္တလေးမြို့ပေါ် မီးသတ်တပ်ဖွဲ့၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တို့မှ တာဝန်ရှိသူ များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား ၁၂ဝ ခန့်တို့က မီးသတ်ယာဉ် အစီး ၂ဝ ဖြင့် ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ မိနစ် ၅ဝ ခန့်က မီးငြိမ်းသွားခဲ့သည်။
::
မီးလာင်မှု ကြောင့် အိမ်နှစ်လုံးဆုံးရှုံးခဲ့ပြီး သက်ဆိုင်ရာမြို့မရဲစခန်းက အရေးယူဆောင် ရွက်
လျက်ရှိကြောင်း သိရသည်။

Myanmaalinn ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment