Pages

Wednesday, October 15, 2014

မြိုတော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပြိုင်ပွဲ ကျင်းပ


RangonNewsDaily:: October . 15 .2014
နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ (International White Cane Day) အထိမ်းအမှတ်
အဖြစ်ကျင်းပသည့် (၂၃)ကြိမ်မြောက် မြို့တော်ဝန်ဖလား မျက်မမြင်လမ်းလျှောက်ပွဲကို အောက်
တိုဘာလ(၁၅)ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ 


အဆိုပါ မျက်မမြင်လမ်းလျှောက်ပွဲကို မြို့နယ်အသီးသီးမှ မျက်မမြင် (၇၀၀)ကျော်လမ်းလျှောက်ယှဉ်ပြိုင်ကြပြီး မျက်မမြင်
များ လွယ်ကူစွာသွားလာယှဉ်ပြိုင်စေနိုင်ရန် ကူညီပေးသည့် လူငယ်အဖွဲ့အစည်းများ၊ ကြက်ခြေနီ ၊ မီးသတ်တပ်ဖွဲ့ဝင်
များ အစရှိသည့် စေတနာ့ဝန်ထမ်းများစွာပါဝင်ကူညီခဲ့ကြသည်။

(ဓာတ်ပုံ-စိုင်းဇော်၊သော်ဟိန်းထက်/ဧရာဝတီ ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment