Pages

Wednesday, October 15, 2014

သာကေတမြို့နယ်တွင် ငြမ်းစင်ပေါ်တက်၍ မီးဆင်ရာမှ ခြေချော်ပြုတ်ကျခဲ့သဖြင့် သေဆုံး

RangonNewsDaily:: October . 14 .2014
၁၃.၁၀.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန် သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ်၊ စက်မှုလက်
မှုရပ်ကွက်ရှိ အထည်ချုပ်စက်ရုံမှ မီးပြင်အလုပ်သမားတစ်ဦး မီးဆင်နေစဉ် အမြင့်မှပြုတ်ကျခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး
၌ဆးကုသမှုခံယူစဉ် သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်နေ ကိုကျော်မြင့်ဦး၊ (၁၉)နှစ်ဖြစ်ပြီး နဖူးနှင့်အပေါ်နှုတ်ခမ်းတို့တွင် ဖူးရောင်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် အဆိုပါအထည်ချုပ်စက်ရုံမှ မီးပြင်အလုပ်သမားတစ်ဦးဖြစ်ကြောင်း၊ ယင်းနေ့
 ၁၆၂၀ အချိန်ခန့်တွင် စက်ရုံဒုတိယထပ်၌ အမြင့်(၉)ပေခန့်ရှိ သံငြမ်းပေါ်တက်၍ မီးချောင်းတပ်ဆင်စဉ် ခြေချော်ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သာကေတနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment