Pages

Wednesday, October 15, 2014

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာ ၁၇ ရက်တွင် အမိန့်ချမည်


RangonNewsDaily:: October . 15 .2014
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် နေပြည်တော်၊ ဒက္ခိဏသီရိ တရားရုံး၌ အပြီးသတ်လျောက်လဲခဲ့ပြီး အောက်တိုဘာ ၁၇ ရက်တွင် အမိန့်ချမည်ဖြစ်သည်။
ဦးဆန်းဆင့်ကို ဇွန် ၁၉ ရက်တွင် ဖမ်းဆီးခဲ့ပြီး ရမည်းသင်း အကျဉ်းထောင်၌ ချုပ်နှောင်ထားကာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ယုံကြည်အပ်နှံရေး အလွဲသုံးမှု ပုဒ်မ ၄၀၉/၁၀၉ ဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။ ယင်းနောက်တွင် နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၁၂၄ ဖြင့် ထပ်မံ စွဲချက်တင်ခဲ့သည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment