Pages

Wednesday, October 15, 2014

ကွန်ဒိုတိုက်ခန်း ရောင်းဝယ်ရာတွင် ရောင်းဝယ်ခွန် သီးသန့် ပေးဆောင်ရမည်

RangonNewsDaily:: October . 15 .2014
ကွန်ဒိုတိုက်ခန်းများ ရောင်းဝယ်ရာတွင် မြေရှင်သို့ ပေးဆောင်ရသည့် ငွေများမှာ အခွန်နှင့် သက်ဆိုင်ခြင်း မရှိသောကြောင့် ရောင်းဝယ်ခွန်ကို သီးသန့် ပေးဆောင်ရန် လိုအပ်ကြောင်း
ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သန့်က ပြောသည်။ 
''ကွန်ဒိုတိုက်ခန်း ရောင်းဝယ်ရာမှာ မြေရှင်ကို ပေးရတာက အခွန်နဲ့ မဆိုင်ဘူး၊ မြေပိုင်ဆိုင်မှု အတွက် ပေးရတာမျိုးပေါ့။ တိုက်ခန်းတွေ ဝယ်ကြ၊ ရောင်းချကြတဲ့ အခါ မြေရှင်နဲ့ နဂိုကတည်းက သတ်မှတ်ချက်တွေ ရှိပြီးသားပဲ။
ဒီတော့ မြေရှင်ကိုပေးတာ အခွန်ဌာနကို အခွန် သီးသန့် ဆောင်တာနဲ့ မတူဘူး။ ဒါကြောင့် ကွန်ဒိုတိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာ ရောင်းဝယ်ခွန် သီးသန့် ပေးဆောင်ရမှာပါ'' ဟု ၎င်းက ဆက်လက် ပြောသည်။
::
ကွန်ဒိုတိုက်ခန်း ရောင်းဝယ် ရာတွင် သတ်မှတ်ထားသည့် စံနှုန်းအတိုင်း အခွန် ပေးဆောင်ရန် ဖြစ်သော်လည်း အခွန် မဆောင်ပါက မည်ကဲ့သို့ အရေးယူမည်ကို သတ်မှတ်ထားခြင်း မရှိသောကြောင့် ရောင်းသူ၊ ၀ယ်သူများမှာ အခွန်ဆောင်လိုသူ နည်းပါးကြောင်း သိရသည်။

ကွန်ဒို တိုက်ခန်း အတွက် အခွန် မပေးဆောင်လိုကြခြင်းမှာ ၀ယ်ယူသူ၏ အမည်ပြောင်လဲ၍ မရသောကြောင့် ဖြစ်ကြောင်း သို့သော် အခွန်ဆောင်ပါက ပိုင်ဆိုင်မှု အရှုပ်အရှင်း ဖြစ်ပေါ်လာလျှင် ခိုင်မာမှုကို ပြသနိုင်ကြောင်း သိရသည်။
::
ကွန်ဒိုတိုက်ခန်း ရောင်းဝယ်ရာတွင် အခွန်ဆောင်သူများအား အခွန်ပေးဆောင်ရန် သတ်မှတ်သည့် ကွန်ဒိုမီနီယံ ဥပဒေ ထွက်ပေါ်လာမှသာ အရေး ယူမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

DVB ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment