Pages

Wednesday, October 15, 2014

လူ ထောင်ပေါင်းများစွာ ရှေ့မှာ ချစ်သူ ဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ လေတပ်ဗိုလ်မှူး;


RangonNewsDaily:: October . 15 .2014
အမေရိကန် ပြည်ထောင်စုမှာ ချစ်သူ ဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တဲ့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ ပါတယ်။ အဲဒါကတော့ အမေရိကန် လေတပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ လေတပ် ဗိုလ်မှူးဟာ သူ့ရဲ့ ချစ်သူ ဖြစ်သူကို ပရိသတ် ထောင်ပေါင်း များစွာ ရှေ့မှာ လက်ထပ်ခွင့် တောင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။
လေတပ် ဗိုလ်မှူး အဲရစ်ဟာ အရှေ့ အလယ်ပိုင်းကနေ တာဝန် ထမ်းဆောင်ပြီး အမေရိကန် ပြည်ထောင်စုကို ပြန်လည် ရောက်ရှိ လာတဲ့ အခါ ချစ်သူဖြစ်သူကို လက်ထပ်ခွင့် တောင်းခဲ့တာ ဖြစ်ပါတယ်။ အဲရစ်ရဲ့ ချစ်သူဟာ အားကစား ပြိုင်ပွဲတွေမှာ ဖျော်ဖြေမှုတွေ ပြုလုပ် ပေးရလေ့ရှိတဲ့ Cheerleader တစ်ဦး ဖြစ်ပါတယ်။

Cheerleader တွေဟာ အမေရိကန်မှာ ထင်ရှား ကျော်ကြားသူတွေ ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲ တွေမှာ လှပချောမောတဲ့ Cheerleader တွေကို မကြာခဏ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဲရစ်ရဲ့ ချစ်သူဟာ အသက် (၂၃) နှစ်သာရှိ သေးတဲ့ တက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်ပြီး အမေရိကန် ဖွတ်ဘောလိဂ် ပြိုင်ပွဲမှာ Cheerleader အဖြစ် ကပြအသုံးတော်ခံရတာ ဖြစ်ပါတယ်။ 

အဲဒီလို ကပြနေစဉ် အတော အတွင်းမှာ အဲရစ်ဟာ ချစ်သူဖြစ်သူထံ ရုတ်တရက် ရောက်လာပြီး ဒူးထောက်လိုက် ပါတယ်။ အဲဒီနောက် လက်စွပ် တစ်ကွင်းပေးကာ လက်ထပ်ခွင့် တောင်းခဲ့ခြင်း ဖြစ်ပါတယ်။ အဲရစ်ရဲ့ ချစ်သူဟာ လက်ထပ်မယ်လို့ ချက်ခြင်း ပန်လည် အဖြေပေးခဲ့ပါတယ်။ ဒီမြင်ကွင်းကို ပရိသတ် ထောင်ပေါင်း များစွာ မြင်တွေ့ ခဲ့ကြ ပြီး လက်ခုပ် သြဘာတွေပေးခဲ့ကြ ပါတယ်။ 

အဲရစ်ရဲ့ ချစ်သူဖြစ်သူဟာ နာမည်ကြီး Cheerleader တစ်ဦး ဖြစ်ပြီး၊ အရီဇိုးနား တက္ကသိုလ်မှာ ပညာသင်ကြားနေ သူလည်း ဖြစ်ပါတယ်။ အဲရစ်ဟာ လက်ထပ်ခွင့်တောင်းပြီးတဲ့ နောက်မှာတော့ အရှေ့ အလယ်ပိုင်းမှာ ပြန်လည် တာဝန် ထမ်းဆောင် ရဦးမှာ ဖြစ်ပါတယ်။

Messenger , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment