Pages

Tuesday, January 15, 2013

ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး

ကျိုက်ထီးရိုးစေတီတော် အံ့ဖွယ်(၉)ပါး
+++++++++++++++++++++

၁။ မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။

၂။ ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင်လှူတ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိခြင်း။

၃။ ထိုကျောက်တုံးကြီးပေါ်၌ ခက်ခဲစွာစေတီတည်ထားခြင်း။

၎။ မြတ်စွာဘုရား၏ ဆံတော် ဌာပနာခြင်း။

၅။ ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီမရှိခြင်း။

၆။ ဘုရားဖူးတို့သည် ခက်ခဲစွာ တောတောင် လျှိုမြောင်တို့ကို ဖြတ်ကျော်၍ တောင်တက်ဘုရားဖူးရခြင်း။

၇။ ဘုရားဖူးတို့သည် ဖူးမ၀ဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်းခြင်း၊ အခေါက်များစွာ လာရောက်ဖူးမြော်ကြရခြင်း။

၈။ ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိ၊ ကြည်နူးချမ်းသာခြင်း။

၉။ နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများ အဆင်းအတက် ဖွေးဖွေးရှိလျက် ရင်ပြင်တော်၌ ပြည့်ကြပ်များပြားခြင်း။ ပေါင်း(၉)ပါး
(Photo: ကမ္ဘာသစ် မြန်မာ Fan Page)

၁။ မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်၌် အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ သိကြားမင်းသည် ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူ၍ ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားခြင်း။

ဆွီဒင်နိုင်ငံတွင် စတော့ဟုမ်းမြို့တွင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက ရထားခိုးယူမောင်းနှင် ရာမှ နေအိမ်ခန်းအား ဝင်တိုက်မှု ဖြစ်ပွား


ဆွီဒင်နိုင်ငံတွင် စတော့ဟုမ်းမြို့တွင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက ရထားခိုးယူမောင်းနှင်
ရာမှ နေအိမ်ခန်းအား ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့ (ဇန်နဝါရီ ၁၅ ရက်)နံနက်အစောပိုင်းက အသက်
၂၀ အရွယ် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးမှာ ရထားအား ခိုးယူ၍-----------------------------------------

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ အခမဲ့ အထူးကု ဆေးခန်း ဖွင့်လှစ်တော့မည်

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ အခမဲ့ အထူးကု ဆေးခန်း ဖွင့်လှစ်တော့မည်ဟုဆို


နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း 
ဦးခင်ညွန့်ထူထောင်ထားသည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက် တန်းမြို့နယ်အတွင်း အခမဲ့ 
အထူးကုဆေးခန်းကြီးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။
၎င်းဆေးခန်းကြီးဖွင့်လှစ်သွားနိုင်ရေး စေတနာဆရာဝန်၊ ဆရာမများစတင်ချိတ် ဆက်စု 
စည်းနေပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ်အတွက် ပြည်တွင်းမှ ဦးခင်ညွန့်နှင့်ရင်းနှီးသည့် စီးပွားရေး 
လုပ်ငန်းရှင်များ၊ စေတနာရှင်များထံမှ အလှူငွေများကိုစုဆောင်းလက်ခံသွားရန် ရှိရာ နိုင်ငံတကာ ၌လည်း 
အလှူငွေများစုဆောင်းလက်ခံသွားရန်ရှိသဖြင့် ရွှေမော်ဝန်း လူမှုရေးအသင်း၏ 
ကိုယ်စား ပြည်ပမှတာဝန်ယူကာ အလှူငွေရှာဖွေပေးမည့်သူများကိုလည်း ရှာဖွေနေပြီဖြစ်ကြောင်း လည်း 
သိရှိရပါသည်။
၎င်းဆေးခန်းဖွင့်
လှစ်ပြီးမြောက်ရေး ဇေကမ္ဘာကုမ္ပဏီမိသားစု၊  ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ) တို့မှ 
စတင်မတည်လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါသည် ။

ခေတ်သစ် 


အေးချမ်းမွန်မှhttp://www.myanmardailynews.org   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသည့်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်
ထူထောင်ထားသည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက်တန်းမြို့နယ်အတွင်းအခမဲ့ အထူးကုဆးခန်းကြီး
ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ မြေပေါ် နိုင်ငံရေး စတင်

ယနေ့ သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းလင်း ပြောကြားနေသော DPNS အထွေထွေ အတွင်းရေးမှူး ဦးငွေလင်း(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(DPNS) သည် ပြည်တွင်း၌တရားဝင်ပါတီတည်ထောင် နိုင်ငံရေး လှုပ်
ရှားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။DPNS သည် ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
 ရည်မှန်းချက် အပါအ၀င် ပြည်တွင်း၌ ကြုံတွေ့နေရသည့် ပြဿနာရပ်များကို ဖြေရှင်းနိုင်ရန်အခြားပါတီများ
နှင့် ရင်းနှီး ညီညွတ်စွာ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်း
ပွဲတွင် DPNS အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက ပြောကြားသည်။

မြစ်ကြီးနား ဗုံးကွဲမှု စွပ်စွဲခံရသူများကို လူသတ်မှု ထပ်တိုး

မြစ်ကြီးနားမြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင်နေသော နေအိမ်(ဓာတ်ပုံ-YPI facebook)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာဆိပ်ရပ်ကွက်ရှိ နေအိမ်ဗုံးပေါက်ကွဲမှု၌ တရားခံဟု စွပ်စွဲခံရသူ ၆ ဦးကို အာဏာပိုင်များက ဇန်နဝါရီ လဆန်းပိုင်းတွင် လူသတ်မှုပုဒ်မ ထပ်တိုး၍ စွဲဆိုလိုက်သည်။
တရားစွဲခံရသူ တဦးဖြစ်သည့် မခွန်ဘူက“ပုဒ်မ ၃၀၂/၁ နဲ့ လူသတ်မှုဆိုပြီး အမှုနံပါတ်သစ်ကို

'ကချင်ကို တိုက်တာဟာ စကားနဲ့ မဖြေရှင်းချင်လို့လား၊ စကားနဲ့ဖြေရှင်းလို့မရလို့လား'

'စစ်မက်အရှိန်များ လျှော့ချကြရန်' ဟု လွန်ခဲ့သည့် တစ်နှစ်ကျော်က နိုင်ငံတော်သမ္မတက ပြောခဲ့ အပြီး စစ်
မက်အရှိန်တို့ မြင့်သည်ထက် မြင့်လာကာ လေကြောင်းအကူပစ် ချေမှုန်းမှုများအထိ ပေါ်ပေါက်ခဲ့သည့်ကချင်
ပြည်နယ်၏ ငြိမ်းချမ်း ရေးအနာဂတ်အတွက် စကားပြောပြီး ဖြေရှင်း၍ မရသောကြောင့် စစ်တိုက်ခြင်းလော၊
သို့တည်းမဟုတ် စကားပြောပြီး မဖြေရှင်းချင်သောကြောင့်တိုက်ချင်းလောဆိုသည်ကို သေသေချာချာ လေ့
လာရလိမ့်မည်ဟု ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း
ပြည်ပမီဒီယာများသို့ ဖြေကြားခဲ့သည်။

စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်း တောင်းခံ

မြန်မာ့ရေတပ်မတော်မှ စစ်သင်္ဘောတစီး (ဓာတ်ပုံ – မြဝတီ)
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအဖွဲ့ အသုံးစရိတ် လျာထားငွေတွင် နိုင်ငံတော်ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်းကို စစ်တပ်အသုံးစရိတ်အတွက် တင်ပြတောင်းခံထားရာ ယခင်နှစ် စစ်အသုံးစရိတ်ထက် မြင့်နေ
ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်၏ ဥပဒေ ပြင်ဆင်ချက်များ လွှတ်တော်က ပယ်ချ


သမ္မတ ဦးသိန်းစိန် နှစ်သစ်ကူး နှုတ်ခွန်းဆက် ရေဒီယို မိန့်ခွန်း ပြောနေစဉ် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေမူကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥပဒေမူကြမ်းများနှင့် ပတ်သက်ပြီး ပြင်ဆင်ချက်များ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ရာတွင် လွှတ်တော်က သမ္မတ၏ ပြင်ဆင်ချက်များကို လက်မခံဘဲ ပယ်ချလိုက်သဖြင့် ရှုံးနိမ့်သွားကြောင်း သတင်းရရှိသည်။

တကျော့ပြန် “ညှို့” ဖက်ရှင်မဂ္ဂဇင်းအဖြစ် လာလေဦးမလား

“အရွယ်မရောက်သေးသူများ မဖတ်ရ” သတိပေးစာတန်းပါ လိင်ပညာပေး “ညှို့” မဂ္ဂဇင်း ပထမဆုံး ထုတ် (ဓာတ်ပုံ – ကောင်းညီဟန် / ဧရာဝတီ)
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နဲ့ ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟို အဖွဲ့အစည်းအဝေး (၁/ ၂၀၁၃) ရဲ့ ဆုံးဖြတ်ချက်အရ မဂ္ဂဇင်းဆက်လက် ထုတ်ဝေခွင့် ရုတ်သိမ်းခံခဲ့ရတဲ့ ညှို့မဂ္ဂဇင်းကို ဖက်ရှင်အသားပေး မဂ္ဂဇင်းအဖြစ် ပြန်လည်ထုတ်ဝေခွင့်ပေးဖို့ အသားနားခံစာ တင်သွားမယ်လို့ ညှို့မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုဦးဆွေက ဧရာဝတီကို ပြောပါတယ်။

မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ မကြာမီ ကျင်းပမည်

မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ မကြာမီ ကျင်းပမည်

အားကစား ဝန်ကြီး ဌာန မြန်မာ နိုင်ငံ  ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး H & S Group မှ စီစဉ် ကျင်းပသည့် မြန်မာ နှင့်ထိုင်းရိုးရာ လက်ဝှေ့ (Imperial the Spirit of Myanmar) MYANMAR Vs THAILAND LETWHAY COMPETITION FIGHTS ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာ တောင်ညွန့် မြို့နယ် သိမ်ဖြူ လမ်းရှိ သိမ်ဖြူ အားကစား ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ စိန်ခေါ်ပွဲတွင် မြန်မာ့ လက်ဝှေ့ အကျော်အမော် နှင့်ထိုင်း လက်ဝှေ့ အကျော် အမော် သုံးတွဲတို့ ယှဉ်ပြိုင် ထိုးသတ်ကြမည့် အပြင် ပြည်တွင်း စိန်ခေါ်ပွဲ ငါးပွဲပါ ပါဝင် ထိုးသတ် ကြမည် ဖြစ်သည်။ မြန်မာ-ထိုင်း ပွဲစဉ်များ တွင် တွေ့မရှောင် (မြန်မာ)နှင့် ဂျိုဝီဟ (ထိုင်း)၊ တူးတူး (မြန်မာ)နှင့် ပက်ပကိုင် (ထိုင်း)၊ ထွန်းထွန်းမင်း (မြန်မာ)နှင့် ပွန်ပက် (ထိုင်း) တို့ အတွဲ များက လက်ဝှေ့ ပညာစွမ်းများ ဖြင့် အနိုင်မခံ အရှုံး မပေးဘဲ ရေကုန် ရေခန်း ထိုးသတ် ကြမည် ဖြစ်ပြီး ပြည်တွင်း ပွဲစဉ်ငါးချီ ပြိုင်ပွဲတွင် မိုက်တိုင်စန် (အလင်းရောင်) နှင့် ရဲရင့် (နဂါးမာန်)၊ လေးချီ ပွဲစဉ် များတွင် မင်းမဟာ (ဘိလပ်မြေ စက်ရုံ) နှင့် ထက်အောင်ရဲ (ဝါဆို)၊  ခွန်ရှိုင်းထက် (ဝါဆို) နှင့် ထွန်းလုံရှိန် (ငြိမ်းချမ်းရေး)၊ ဖျံသွေး (ငြိမ်းချမ်းရေး) နှင့် ရဲရင့်ထွန်း (မုဒုံသား)၊ ဝမ်းဝမ်း (နဂါးမာန်) နှင့် တာဝိတ် (တော့ဝမ်း) တို့ကလည်း ကြိုးဝိုင်း အလယ်တွင် ထိုးကွက် သတ်ကွက် လက်ဝှေ့ ပညာရပ် ကိုပြကာ ပရိသတ် အကြိုက် ယှဉ်ပြိုင် ထိုးသတ် ကြ မည် ဖြစ်သည်။

ယခု ကျင်းပမည့် မြန်မာ- ထိုင်းရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲသည် အကျော်အမော် ချင်းတွေ့ ကြသည့် ပွဲတစ်ပွဲ ဟုဆိုနိုင် သလို ပဝါမကူ ရေမရှူဘဲ ရေကုန် ရေခန်း ထိုးသတ်မည့် ပွဲများလည်း ဖြစ်ပေ လိမ့်မည်။

အသက်အပိုင်း အခြား၊ ဝိတ်တန်း၊ အရပ်အမောင်း နှင့်ပြိုင်ပွဲ အတွေ့အကြုံ များမှာ သိသိသာသာ ကွာခြားမှု မရှိဘဲ မတိမ်းမယိမ်း သာဖြစ်သည်။ သို့အတွက် ဝမ်းစုံချိုင်း ကလပ်မှ လက်ဝှေ့ကျော် တို့က ကစားဖော် များရှုံးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်က ရှုံးကြွေးကို ပြန်ဆပ်သွား လေမလာ သို့တည်းမဟုတ် ပူပူ နွေးနွေး ဒဂုံ ရွှေအောင်လံ ဆုရှင်များက အောင်မြင်မှုအရှိန်ဖြင့် ရှေ့ကိုဆက် လက်မောင်း နှင်လေဦး မလားဆိုသည် ကို ဟာကနဲ ဟင်က နဲဖြင့်   မြန်မာ လက် ဝှေ့ ပရိသတ်တို့ မကြာမီ အားမလို အားမရ ရင်ခုန်စွာ မြင်တွေ့ ကြရမည် ဖြစ်သည်။

အလားတူ ပြည်တွင်း ပွဲများသည်လည်း ဇိုးကနဲ ဇက်ကနဲ ဘိုးကနဲ ဘက်ကနဲနဲ့ လက်ဝှေ့ ပညာရပ် များကို အံ့မခန်း စွာဖြင့် ပရိသတ် အကြိုက် ယှဉ်ပြိုင် ထိုးသတ်ကြမည့် ပွဲကောင်းများ ဖြစ်မည် ဟုလည်း ထင်မြင် ယုံကြည်ပါသည်။

အဆိုပါ မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့  စိန်ခေါ်ပွဲကို မည်သည့် ရုပ်သံလွှင့် ဌာန ကမှ Live/Delay  ထုတ်လွှင့် ပြသမည် မဟုတ်ကြောင်း သိရသည်။ ရုံဝင်လက် မှတ်ခ များကို ငွေကျပ် တစ်သောင်း ငါးထောင်၊ ငွေကျပ် တစ်သောင်း နှစ်ထောင် နှင့် ငွေကျပ် ရှစ်ထောင် ဟူ၍ သတ်မှတ် ထားပြီး ကြိုတင် လက်မှတ် ဝယ်ယူ လိုသူ များအနေဖြင့် 'ဇော်' ပစ်တိုင်းထောင် (ဗီဒီယို) အမှတ် (၁၈ဝ) မြေညီထပ်  ၃၅ လမ်း (အလယ်) ကျောက်တံတား မြို့နယ်  သို့ လည်းကောင်း၊ ဖုန်း ဝ၁-၂၄၉၁၁၇၊ ဝ၉-၄၉၂၄၅၅ဝ၅ နှင့် ဝ၉-၄၂၅ဝ၂၃၇၉၉ တို့သို့ လည်းကောင်း ဆက်သွယ် စုံစမ်း ဝယ်ယူကာ ကြည့်ရှု နိုင်ပါကြောင်း မြန်မာ့ လက်ဝှေ့ ပရိသတ် များအား သတင်း ကောင်းပါး အပ်ပါသည်။

http://www.myawady.net.mm/allnews/headline/item/4266-2013-01-13-10-09-21

အားကစား ဝန်ကြီး ဌာန မြန်မာ နိုင်ငံ ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှ ကြီးမှူးပြီး H & S Group မှ စီစဉ် ကျင်းပသည့် မြန်မာ နှင့်ထိုင်းရိုးရာ လက်ဝှေ့ (Imperial the Spirit of Myanmar) MYANMAR Vs THAILAND LETWHAY COMPETITION FIGHTS ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂ဝ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာ တောင်ညွန့် မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း

လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း

အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့

၁။ လေယာဉ် GPS

လေယာဉ်ရဲ့  GPS တင်မကပဲ ဂြိုလ်တုဆက်သွယ်ရေးနစ်၊ မြေပြင် ဆက်သွယ်ရေး လမ်းကြောင်းအားလုံးမှာ ဆဲလ်ဖုန်းရဲ့  Wave တွေရောနှောနေမျာ ဖြစ်ပါတယ်။ ဒီတော့ လိုချင်တဲ့ သတင်းအချက် အလက်ကို မှန်မှန်ကန်ကန် မရရှိတော့ပဲ လေယာဉ်တိမ်းမှောက်တဲ့အထိ ဖြစ်စေပါတယ်။

၂။ နိုင်ငံပိုင် ဆက်သွယ်ရေးတိုင်များ

လေယာဉ်ပေါ်မှာ ဖုန်းပြောပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ရောက်လေရာ နိုင်ငံက နီးစပ်ရာ တာဝါတိုင်နဲ့ သွားချိတ်ပါတယ်။ ချိတ်တာမှ တစ်ခုတည်းနဲ့ မဟုတ်ပ တိုင်အားလုံးမှာ သွားညှိပါတယ်။ ဒီတော့ နိုင်ငံရဲ့  ဆက်သွယ်ရေး ကွန်ရက်ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။

၃။ လေဆိပ်ဆက်သွယ်ရေး

လေယာဉ်အဆင်း၊ အတက်တွေမှာ အထူးသဖြင့် ဖုန်းပြောခွင့်ကို ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆို လေဆိပ်မှာရှိတဲ့ ဆက်သွယ်ရေး တာဝါ တိုင်များနဲ့ သွားညှိပါတယ်။ အကျိုးဆက်ကတော့ လေယာဉ်မောက်ဖို့ ပါပဲ။

မော်ဒန်ခေတ်နှင့် လေယာဉ်ပေါ် ဆက်သွယ်ရေး

အခုတော့ ခေတ်မှီသွားပါပြီ။ နိုင်ငံကြီးက လေယာဉ်တွေမှာ သီးသန့် ဂြိုလ်တုဖုန်း ခွဲထားပေးတာတော့ အမေရိကန်မှာဆို ၁၀ နှစ်မကတော့ပါဘူး။ လေယာဉ်ပေါ်ကနေ အင်တာနက်သုံးလို့ရအောင်တောင် ဖန်တီးပေးပါတယ်။ ဒါက လေယာဉ်နဲ့ မြေပြင်က ဆက်သွယ်ရေး တာဝါတိုင်များနဲ့ ဆက်စပ်မှု မရှိအောင်လည်း ဖန်တီးထားပါတယ်။ ယခုဆို ကိုယ့်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုလို့ရတဲ့အထိ ဆားဗစ်ပေးတဲ့ လေယာဉ်လိုင်းနဲ့ ကုမ္မဏီများ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
================================
Credit Techspace journal

အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင် ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါ တယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။
အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခုရှိပါတယ်။ အဲဒါတွေကတော့-

ချယ်လ်ဆီးသမိုင်းတွင် ဒုတိယအများဆုံး ဂိုးသွင်းရှင် ဖြစ်လာသည့် လမ်းပတ်

lampard

ပရီးမီးယားလိဂ်မှ ချယ်လ်ဆီး ကွင်းလယ်ကစားသမား ဖရန့်ခ် လမ်းပတ်သည် အသင်း၏သမိုင်းတွင် ဒုတိယမြောက် ဂိုးအများဆုံးသွင်းသည့် ကစားသမား ဖြစ်လာသည်။

အိမ်စီးကားများ သိန်း ၁၀၀ နှင့် ၁၀၀ အောက်ဖြစ်လာ

အိမ်စီးကားများ သိန်း ၁၀၀ နှင့် ၁၀၀ အောက်ဖြစ်လာ


ကားဈေးကွက်အတွင်း အိမ်စီးကားများ သိန်း၁၀၀ နှင့်၁၀၀ အောက်ဖြစ်သွားပြီး လုပ်ငန်းသုံးကားများ သိန်း
၇၀၊ ၈၀ လောက် ကြမ်းခင်းဈေးဖြစ်လာသည်ဟု ကားလောကအသိုင်းအ၀ိုင်းမှပြောသည်။ “၂၀၁၂ ခုနှစ်
အတွင်း အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို Free Permit နဲ့ ကားတင်သွင်းခွင့် ပေးခဲ့တဲ့အတွက် ကားဈေး
တွေ အရမ်းကျသွားတယ်။

Sony Launcher ကို Go Launcher နဲ့ တွဲ မသုံးချင်တဲ့သူတွေအတွက် Xperia Launcher



Sony Launcher ကို Go Launcher နဲ့ တွဲ မသုံးချင်ပါဘူးဆိုသူတွေ အတွက်Xperia Launcher လေးပါ။

၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိ

၈၈မျိုးဆက်ကျောင်းသားများ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိ

 ယနေ့(၂ဝ၁၃ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၄ ရက်)

 နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာလာခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ Centrer Peace and Conflict Studies မှ တာဝန်ရှိသူများနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများက လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် မနီလာမြို့ရှိ ခေတ္တ တည်းခိုရာ The Richmonde Hotel သို့ ဒေသစံတော်ချိန် ၈း ၃၀ နာရီတွင် ရောက်ရှိခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် Centrer Peace and Conflict Studies ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ လေ့လာရေးစင်တာ CPCS ) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။ ၈၈မျိုးဆက်ကျောင်းသားများသည် မနက်ဖြန် ( ဇန်န၀ါရီလ၊ ၁၅ ရက်) နံနက်တွင် ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Lt. General Emmanuel T Bautista နှင့် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှု ပြုလုပ်နေကြသည့် လူမှုအဖွဲ့အစည်းများဖြစ်ကြသော BMFI , MILF , TAF စသည့် အဖွဲ့များနှင့်လည်း တွေ့ဆုံကြမည်ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံရှိ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး Stephen Lille နှင့် ပထမအတွင်းဝန် Thomas Philpps တို့နှင့်လည်း တွေ့ဆုံကြမည်ဖြစ်သည်။ —

အေးချမ်းမွန်မှ  88 Generation Students တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာလာခဲ့ကြသော ၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်သို့ ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ Centrer Peace and Conflict Studies မှ တာဝန်ရှိသူများနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများက လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည် 

လက်ရှိပညာရေးစနစ်သည် မြန်မာ့ပညာရေးအနာဂတ် ပိုမိုဆိုးရွားလာမည် (ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်)

လက်ရှိပညာရေးစနစ်သည် မြန်မာ့ပညာရေးအနာဂတ် ပိုမိုဆိုးရွားလာမည် (ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်) 

လက်ရှိပညာရေးစနစ်သည် မြန်မာ့ပညာရေးအနာဂတ် ပိုမိုဆိုးရွားလာမည်ဟုဆို
မြန်မာနိုင်ငံတွင် 'ဒီလို' ပညာရေးစနစ်ဖြင့် ဆက်လက်သင်ကြားနေပါက မြန်မာ့ ပညာရေးအနာဂတ်ခရီး အတွက် တိုးတက်မှု မရှိဘဲ ယခင်ကထက် ပိုမိုဆိုးရွား လာမည်ဖြစ်ကြောင်း၊ 'ဒီလို' ပညာရေးစနစ် ဆိုတာ 'ဒီလို မေးမယ်၊ ဒီလိုဖြေ'၊ 'ဒီလို ကျက်မယ်၊ ဒီလို ရေး'၊ 'ဒီလို သင်မယ်၊ ဒီလိုမှတ်' စနစ်ဖြစ်ကြောင်း ပညာသင်ကြားရာတွင် တွေးခေါ်ခြင်း၊ အကြောင်းတရား ဆန်းစစ်ခြင်း၊ ပြသာနာတရပ် ဖြေရှင်းနိုင်ခြင်း နဲ့  မှန်သောဆုံးဖြတ်ချက်ချနိုင်အောင် လုပ်ဆောင်စေခြင်းရှိမှသာ စစ်မှန်ကောင်းမွန်သည့် ပညာရေးစနစ်ဖြစ်ကြောင်း၊ လူငယ်တွေရဲ့  အင်္ဂလိပ်စာ အရည်အသွေးက လွန်စွာကျဆင်းနေပါကြောင်း ဒီဇင်ဘာ ၂၉ ရက်က မန္တလေးမြို့ တွင် Dream Land တွင် ကျင်းပသော ဆွေးနွေးပွဲတွင် ဆရာမကြီး ဒေါက်တာမြင့်မြင့်ခင်က ပြောကြားသွားသည်။ "ပညာရေးစနစ်ကို တိုးတက်ချင်ရင် စာစစ်တဲ့စနစ်နဲ့ စာမေးပွဲစနစ်ကိုသာ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းတွေလည်း ပြောင်းလဲရမှာ ဖြစ်ပါတယ်။ လက်တွေ့ ကျတဲ့ Course တွေကို ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ဗဟုသုတတွေကို လေ့လာရမယ်။ လက်တွေ့ သာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ ဖြိုးရေးနဲ့ မြင့်မားအောင် ဆောင်ရွက်ပေးဖို့ လိုတယ်။ ဘယ်ခေတ်က ပညာရေးစနစ်ကို ကြိုက်သလဲလို့  မေးရင် ကိုလိုနီခေတ် ပညာရေးစနစ်ကို ကြိုက်တယ်။ ဘာကြောင့်လဲဆိုရင် ဦးနှောက်ကို အသုံးပြုခွင့်ပေးလို့ ဖြစ်တယ်။ မဆလခေတ် ပညာရေးက ဦးနှောက်ကို ဒဏ်ခတ်တဲ့ ပညာရေးစနစ်ဖြစ်တယ်။ လက်ရှိပညာရေးစနစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတာက ကျူရှင်စနစ်ဖြစ်တယ်။ အခြေခံမှ တက္ကသိုလ်ထိ ကလေးငယ်တွေ ပျက်စီးနေတာက လောဘတက်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့  ကျူရှင်ကြောင့်ဖြစ်တယ်။ ပညာရေးစနစ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်၊ ပြည်သူ၊ ဆရာ ဆရာမနဲ့  ကျောင်သားတွေ ပူပေါင်းဖို့ လိုပါတယ်" ဟု ၄င်းကပြောသည်။

မူရင်း။ ။ နောင်(ရူပ) newswatch ဂျာနယ်မှ မူရင်းအတိုင်းဖြစ်ပါသည်။

Credit: Ko Naing

လက်ရှိပညာရေးစနစ်သည် မြန်မာ့ပညာရေးအနာဂတ် ပိုမိုဆိုးရွားလာမည်ဟုဆို မြန်မာနိုင်ငံတွင် 'ဒီလို' 
ပညာရေးစနစ်ဖြင့် ဆက်လက်သင်ကြားနေပါက မြန်မာ့ ပညာရေးအနာဂတ်ခရီး အတွက် တိုးတက်မှု မရှိဘဲ ယခင်ကထက် ပိုမိုဆိုးရွား လာမည်ဖြစ်ကြောင်း၊ 'ဒီလို' ပညာရေးစနစ် ဆိုတာ 'ဒီလို မေးမယ်၊ ဒီလိုဖြေ'၊ 'ဒီလို ကျက်မယ်၊ ဒီလို ရေး'၊ 'ဒီလို သင်မယ်၊ ဒီလိုမှတ်' စနစ်ဖြစ်ကြောင်း

အင်တာနက် ဆက်ကြောင်းသစ်အတွက် ဒေါ်လာသန်း ၄၀ ခန့် တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ

အင်တာနက် ဆက်ကြောင်းသစ်အတွက် ဒေါ်လာသန်း ၄၀ ခန့် တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံ

ခင်မျိုးသွယ် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန် (မဇ္ဈိမ)။   ။ ဆက်သွယ်ရေးမှ နိုင်ငံတကာသို့ ထွက်ပေါက်တခု ပိုရလာစေရန်အတွက် SE-ME-WE-5 အင်တာနက် ဆက်ကြောင်းတခု တည်ဆောက်မှုတွင် တရုတ်နိုင်ငံ ကုမ္ပဏီတခုမှ အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

“SE-ME-WE-5 အင်တာနက် ဆက်ကြောင်း တည်ဆောက်မှုမှာ တရုတ်နိုင်ငံ အခြေစိုက် China Unicon ကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီက ကေဘယ်လ်တွေနဲ့ စက်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းမှ သန်း ၄၀ ကြား ရင်းနှီးမြှုပ်နှံမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။

ယင်းအတွက် သဘောတူစာချုပ်ကို ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် China Unicon ကုမ္ပဏီတို့က ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်အတွင်းက ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

“အင်တာနက် ဆက်ကြောင်း တည်ဆောက်ရာမှာ ကုန်းတွင်းပိုင်း ဖိုင်ဘာလိုင်းတွေကို မူဆယ်ကနေ-ငွေဆောင်အထိ အရင်တည်ဆောက်မှာပါ။ ပြီးမှ ပင်လယ်ထဲကို ဆင်းမှာပါ။ ပင်လယ်ထဲကမှ နိုင်ငံတကာနဲ့ ချိတ်ဆက်သုံးမှာပါ။ ဆက်ကြောင်း တည်ဆောက်မှုတွေ ပြီးစီးရင် အဲဒီ ကေဘယ်လ်လိုင်းကို တယောက်တဝက်စီ ပိုင်ဆိုင် အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းဌေး က ဆက်လက်ပြောကြားသည်။

လက်ရှိအသုံးပြုနေသည့် SE-ME-WE-3 အင်တာနက် ဆက်ကြောင်းကို အသုံးပြုခဲ့သည်မှာ သက်တမ်း ကြာမြင့်နေပြီ ဖြစ်သဖြင့် အင်တာနက် ဆွဲအားကောင်းမွန်စေရန် ဆက်ကြောင်းသစ်ကို တည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“SE-ME-WE-5 ဆက်ကြောင်းသစ် တည်ဆောက်ပြီးရင် မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာ ဖြစ်သလို တရုတ်ကနေ နိုင်ငံတကာကို ဆက်သွယ်နိုင်မှာဖြစ်လို့ ဆက်ကြောင်း နှစ်ခု အသုံးပြုပြီးနိုင်ငံတကာကို ထွက်တဲ့ ထွက်ပေါက်တခု ပိုရလာမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိ ဦးသန်းအောင် က ပြောကြားသည်။         

အေးချမ်းမွန်မှ   Mizzima - News in Burmese  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ရန်ကုန် (မဇ္ဈိမ)။ ။ ဆက်သွယ်ရေးမှ နိုင်ငံတကာသို့ ထွက်ပေါက်တခု ပိုရလာစေရန်အတွက် SE-ME-WE-5 အင်တာနက် ဆက်ကြောင်းတခု တည်ဆောက်မှုတွင် တရုတ်နိုင်ငံ ကုမ္ပဏီတခုမှ အမေရိကန် ဒေါ်လာ သန်း ၄၀ ခန့် ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။