Pages

Tuesday, January 15, 2013

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ အခမဲ့ အထူးကု ဆေးခန်း ဖွင့်လှစ်တော့မည်

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ အခမဲ့ အထူးကု ဆေးခန်း ဖွင့်လှစ်တော့မည်ဟုဆို


နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း 
ဦးခင်ညွန့်ထူထောင်ထားသည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက် တန်းမြို့နယ်အတွင်း အခမဲ့ 
အထူးကုဆေးခန်းကြီးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။
၎င်းဆေးခန်းကြီးဖွင့်လှစ်သွားနိုင်ရေး စေတနာဆရာဝန်၊ ဆရာမများစတင်ချိတ် ဆက်စု 
စည်းနေပြီဖြစ်ကြောင်း၊ ကုန်ကျစရိတ်အတွက် ပြည်တွင်းမှ ဦးခင်ညွန့်နှင့်ရင်းနှီးသည့် စီးပွားရေး 
လုပ်ငန်းရှင်များ၊ စေတနာရှင်များထံမှ အလှူငွေများကိုစုဆောင်းလက်ခံသွားရန် ရှိရာ နိုင်ငံတကာ ၌လည်း 
အလှူငွေများစုဆောင်းလက်ခံသွားရန်ရှိသဖြင့် ရွှေမော်ဝန်း လူမှုရေးအသင်း၏ 
ကိုယ်စား ပြည်ပမှတာဝန်ယူကာ အလှူငွေရှာဖွေပေးမည့်သူများကိုလည်း ရှာဖွေနေပြီဖြစ်ကြောင်း လည်း 
သိရှိရပါသည်။
၎င်းဆေးခန်းဖွင့်
လှစ်ပြီးမြောက်ရေး ဇေကမ္ဘာကုမ္ပဏီမိသားစု၊  ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ) တို့မှ 
စတင်မတည်လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါသည် ။

ခေတ်သစ် 


အေးချမ်းမွန်မှhttp://www.myanmardailynews.org   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသည့်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်
ထူထောင်ထားသည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက်တန်းမြို့နယ်အတွင်းအခမဲ့ အထူးကုဆးခန်းကြီး
ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။
ဆေးခန်းကြီးဖွင့်လှစ်သွားနိုင်ရေး စေတနာဆရာဝန်၊ဆရာမများစတင်ချိတ်ဆက်စုစည်းနေပြီဖြစ်ကြောင်း၊ 
ကုန်ကျစရိတ်အတွက် ပြည်တွင်းမှ ဦးခင်ညွန့်နှင့်ရင်းနှီးသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ စေတနာရှင်များ
ထံမှ အလှူငွေများကိုစုဆောင်းလက်ခံသွားရန် ရှိရာ နိုင်ငံတကာ ၌လည်း အလှူငွေများစုဆောင်းလက်ခံ
သွားရန်ရှိသဖြင့် ရွှေမော်ဝန်း လူမှုရေးအသင်း၏ ကိုယ်စား ပြည်ပမှတာဝန်ယူကာ အလှူငွေရှာဖွေပေးမည့်
သူများကိုလည်း ရှာဖွေနေပြီဖြစ်ကြောင်း လည်း သိရှိရပါသည်။

၎င်းဆေးခန်းဖွင့်လှစ်ပြီးမြောက်ရေး ဇေကမ္ဘာကုမ္ပဏီမိသားစု၊ ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ) တို့မှ
စတင်မတည်လှူဒါန်းသွားရန်ရှိကြောင်း သိရှိရပါသည် ။

ခေတ်သစ်

0 comments:

Post a Comment