နံနက် ၈း၃ဝ နာရီတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာလာခဲ့ကြသော
၈၈မျိုးဆက်ကျောင်းသား ၁၆ ဦးသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာလေဆိပ်သို့
ဒေသစံတော်ချိန် ည ၇း ၁၀ နာရီတွင် ဆိုက်ရောက်ခဲ့ကြရာ Centrer Peace and
Conflict Studies မှ တာဝန်ရှိသူများနှင့် ဖိလစ်ပိုင်နိုင်ငံတွင်
ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားများက လေဆိပ်သို့
လာရောက်ကြိုဆိုခဲ့ကြသည် ၈၈မျိုးဆက်ကျောင်းသားများသည် မနီလာမြို့ရှိ ခေတ္တ
တည်းခိုရာ The Richmonde Hotel သို့ ဒေသစံတော်
ချိန် ၈း ၃၀ နာရီတွင်
ရောက်ရှိခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် Centrer Peace and Conflict
Studies ( ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ လေ့လာရေးစင်တာ CPCS ) မှ
တာဝန်ရှိသူများနှင့် တွေ့ဆုံမိတ်ဆက်ခဲ့ကြ
သည်။ ၈၈မျိုးဆက်ကျောင်းသားများသည်
မနက်ဖြန် ( ဇန်န၀ါရီလ၊ ၁၅ ရက်) နံနက်တွင် ဖိလစ်ပိုင်နိုင်ငံ
ကာကွယ်ရေးဦးစီးချုပ် Lt. General Emmanuel T Bautista နှင့်
တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏
ငြိမ်းချမ်းရေးဆောင်ရွက်မှု ပြုလုပ်နေကြသည့်
လူမှုအဖွဲ့အစည်းများဖြစ်ကြသော BMFI , MILF , TAF စသည့် အဖွဲ့များနှင့်လည်း
တွေ့ဆုံကြမည်ဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံရှိ ဗြိတိသျှသံရုံးမှ သံအမတ်ကြီး
Stephen Lille နှင့် ပထမအတွင်းဝန် Thomas Philpps တို့နှင့်လည်း
တွေ့ဆုံကြမည်ဖြစ်သည်။ —
88 Generation Students

0 comments:
Post a Comment