Pages

Tuesday, January 15, 2013

၂၀၁၃ ခုနှစ်တွင် Phablet ခေါ် မိုဘိုင်းဖုန်းအကြီးစား လူကြိုက်များလာမည်ဟုဆို

၂၀၁၃ ခုနှစ်တွင် Phablet ခေါ် မိုဘိုင်းဖုန်းအကြီးစား လူကြိုက်များလာမည်ဟုဆို

ကျွမ်းကျင်သူများ၏ ဟောကိန်းထုတ်မှုအရ ၂၀၁၃ ခုနှစ်တွင် Tablet နှင့် Mobile Phone တို့၏ လူကြိုက်များ
aကျာ်ကြားမှု အဆုံးသတ်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ "Phablet" နှစ် ဖြစ်လာမည်ဟုဆိုသည်။
အရွယ်အစားမှာ Mobile Phone မက ကြီးမားပြီး Tablet အရွယ်နှင့်လည်းအတန်ငယ်သေးငယ်သော ကြီးမား
လှသော Mobile Phone အသုံးအဆောင်မှာ လူကြိုက်များလာမည်ဟု ၎င်းတို့က သုံးသပ်သည်။

ယေဘူယျအားဖြင့် "Phablet" ဆိုသည်မှာ screen ထောင်ဖြတ်အရွယ်အစား ၅ လက်မထက် ကြီးမားသော Mobile Phone ကို သတ်မှတ်ထားသည်။ "Phablet" ဟူသည့် စကားလုံးမှာ "phone and tablet" အသုံးအနှုန်းမှ အတိုကောက်အဖြစ် ရယူထားခြင်းဖြစ်သည်။

လက်ရှိအချိတွင်Samsungကထုတ်လုပ်ထားသည့်Galaxy Note 2 မှာPhablet အမျိုးအစားပင်ဖြစ်ကြောင်းနှင့်
ထိုကဲ့သို့သော အလားတူ ပုံစံများကို ယခုနှစ်အတွင်း ပိုမိုထုတ်လုပ်လာကြမည်ဟု ကျွမ်းကျင်သူများကဆို
ကြောင်း Daily Mail သတင်းက ဖော်ပြသည်။ ထို့အပြင် ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း Tablet, Mobile Phone, Phablet ကဲ့သို့သော အသုံးအဆောင်များကို ဝယ်ယူမှုမှာ အမေရိကန်ဒေါ်လာ ၁.၁ ထရီလီယံအထိ ရှိလာနိုင်ကြောင်းလည်း ဟောကိန်းထုတ်ခန်မှန်းထားသည်။

Planet Myanmar:

0 comments:

Post a Comment