Pages

Monday, January 14, 2013

ရိုးရိုးလေးကိုသိန်းနိုင် အားပုဒ် မ(၃)ခုဖြင့် အမှုဖွင့်ခဲ့သည့် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်

ိုးရိုးလေးကိုသိန်းနိုင်အားပုဒ်မ(၃)ခုဖြင့် အမှုဖွင့်ခဲ့သည့် ကိုထင်ကျော် ထွန်းနေအောင်(မြစ်မခ) 14 Jan, 2013 တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လာရောက်ခဲ့ရာမှတော်ဝင်နှင်းဆီ ခန်းမရှေ့တွင်အရိုက်ခံခဲ့ရသော ကိုထင်ကျော်မှ တရားလိုပြုလုပ်၍ ပြစ်မှုကျူးလွန်သ ရိုးရိုးလေးကိုသိန်းနိုင်ကိုဗဟန်းရဲစခန်းတွင တရားစွဲဆိုအမှုဖွင့်ထားကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သူ ကိုထင်ကျော်မှ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် တော်ဝင်နှင်းဆီခန်းမရှေ့ရှိကားပါကင်ထဲသို့ အရောက်တွင် ရိုးရိုးလေးကိုသိန်းနိုင်မှ စတင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ကာယကံရှင်ကဆိုသည်။

“ခင်ဗျားနာမည်ဘယ်လိုခေါ်လဲလို့မေးတယ်။ ထင်ကျော်ပါလို့ ပြောလည်းပြီးရော သူက ကျွန်တော်ကိုဆဲပြီးငါ့နာမည်ရိုးရိုးလေးသိန်းနိုင်ကွဆိုပြီးထိုးတယ်။ ကျန်တဲ့နှစ်ယောက်ကပါဝင်ကန်တော့ လဲသွားတယ်။ တစ်ယောက်ကပြေးလာပြီး အသေသတ်ဆိုပြီး ထီးနဲ့ဝင်ရိုက်တယ်။ ဘေးကပရိတ်သတ်ဝင်ဆွဲတဲ့အခါ ကားပေါ် ပြေးတတ်တယ်။ ကျန်တဲ့သူတွေကခင်ဗျားကား သွားလို့မရဘူး။ ဥပဒေ ကြောင်းအရ စခန်းမှာ ဖြေရှင်းရမယ်လို့ပြောတော့ငါ့အနောက်မှာ ဗိုလ်ချုပ်တွေရှိတယ်ကွဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီးကားပေါ်တက်မောင်းပြေး သွားတယ်”ဟု ကိုထင်ကျော်ကပြောသည်။

အမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သူရိုးရိုးလေး ဦးသိန်းနိုင်သည်၂၀၀၇ ခုနှစ်က တရားမဝင်လောင်စာဆီရောင်းဝယ်မှု ချဲဒိုင်ကိုင်မှုနှင့်ထောင်ဒဏ်(၁၂)နှစ်ကျခံခဲ့ကာ နေသား (၁) နှစ် (၃) လ (၉)ရက်အကြာတွင် နိုင်ငံတော် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

လက်ရှိတွင်ကျိုက်ထီးရိုးဂေါပကအဖွဲ့၏ အာဂတိလိုက်စားမှုတွင် ပါဝင်သူနေသည့် စီးပွားလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း ကိုထင်ကျော်ကဆိုသည်။

ကိုထင်ကျော်အနေဖြင့်ဗဟန်းရဲစခန်း၌ ဦးသိန်းနိုင်အားအရေးယူမှုများ ဆောင်ရွက်နိုင်ရန်(ပ)၁၄/၂၀၁၂ -ပုဒ်မ ၂၄၉၊ ပုဒ်မ-၃၂၅နှင့် ပုဒ်မ- ၁၁၄အစရှိသည့် ပုဒ်မ(၃)ခုဖြင့်အမှုဖွင့်ဆိုထားကြောင်း ဗဟန်းရဲစခန်းမှသိရသည်။

“ဒီကနေ့လုပ်မယ့် သတင်းစာရှင်းလင်းပွဲကို ခရိုနီတစ်ယောက်ရဲ့ဖျက်ခြင်းခံလိုက်ရတဲ့အတွက်စိတ်မ ကောင်းပါဘူး။ ခရိုနီတွေကို တိုက်ဖျက်ဖို့အတွက်ခရိုနီတွေက ကျွန်တော်တို့ကိုစိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာတရားဥပဒေစိုးမိုးမှုကိ အဓိကစိန်ခေါ်နေတာကလက်ဝါးကြီး အုပ်စီးပွားရေးသမားခရိုနီတွေရဲ့သူတို့အားကိုးတာ ဗိုလ်ချုပ်ကြီးတွေဆိုတာ တရားဝင်သက်သေပြလိုက်တာပဲဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်းသူတို့နောက်မှာ ဗိုယ်ချုပ်တွေရှိတယ်လို့ကြွေးကြော် သွားတာပါပဲ”ဟုကိုထင်ကျော်က ပြောသည်။ အဆိုပါ ဦးထင်ကျော်အားခိုက်ရန်ဖြစ်ပွားမှုကြောင့်တော်ဝင်နှင်းဆီခန်းမမှတာဝန်ရှိသူများက ပွဲအားဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲမှာလည်းဖျက်သိမ်းခဲ့ရသည်။

Credit to-Myit Makha Mediagroup

တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လာရောက်ခဲ့ရာမှတော်ဝင်နှင်း
ဆီ ခန်းမရှေ့တွင်အရိုက်ခံခဲ့ရသော ကိုထင်ကျော်မှ တရားလိုပြုလုပ်၍ ပြစ်မှုကျူးလွန်သ ရိုးရိုးလေးကို
သိန်းနိုင်ကိုဗဟန်းရဲစခန်းတွင တရားစွဲဆိုအမှုဖွင့်ထားကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သူ ကိုထင်ကျော်မှ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် တော်ဝင်နှင်းဆီ
ခန်းမရှေ့ရှိကားပါကင်ထဲသို့ အရောက်တွင် ရိုးရိုးလေးကိုသိန်းနိုင်မှ စတင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ကာ
ယကံရှင်ကဆိုသည်။

“ခင်ဗျားနာမည်ဘယ်လိုခေါ်လဲလို့မေးတယ်။ ထင်ကျော်ပါလို့ ပြောလည်းပြီးရော သူက ကျွန်တော်ကိုဆဲပြီး
ငါ့နာမည်ရိုးရိုးလေးသိန်းနိုင်ကွဆိုပြီးထိုးတယ်။ ကျန်တဲ့နှစ်ယောက်ကပါဝင်ကန်တော့ လဲသွားတယ်။ တစ်
ယာက်ကပြေးလာပြီး အသေသတ်ဆိုပြီး ထီးနဲ့ဝင်ရိုက်တယ်။ ဘေးကပရိတ်သတ်ဝင်ဆွဲတဲ့အခါ ကားပေါ်
 ပြေးတတ်တယ်။ ကျန်တဲ့သူတွေကခင်ဗျားကား သွားလို့မရဘူး။ ဥပဒေ ကြောင်းအရ စခန်းမှာ ဖြေရှင်းရ
မယ်လို့ပြောတော့ငါ့အနောက်မှာ ဗိုလ်ချုပ်တွေရှိတယ်ကွဘယ်သူမှ ဂရုမစိုက်ဘူးဆိုပြီးကားပေါ်တက်မောင်း
ပြေး သွားတယ်”ဟု ကိုထင်ကျော်ကပြောသည်။

အမှုဖြစ်စဉ်တွင်ပါဝင်ခဲ့သူရိုးရိုးလေး ဦးသိန်းနိုင်သည်၂၀၀၇ ခုနှစ်က တရားမဝင်လောင်စာဆီရောင်းဝယ်မှု ချဲဒိုင်ကိုင်မှုနှင့်ထောင်ဒဏ်(၁၂)နှစ်ကျခံခဲ့ကာ နေသား (၁) နှစ် (၃) လ (၉)ရက်အကြာတွင နိုင်ငံတော် သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

လက်ရှိတွင်ကျိုက်ထီးရိုးဂေါပကအဖွဲ့၏ အာဂတိလိုက်စားမှုတွင် ပါဝင်သူနေသည့် စီးပွားလုပ်ငန်းရှင်တစ်
ဦးဖြစ်ကြောင်း ကိုထင်ကျော်ကဆိုသည်။

ကိုထင်ကျော်အနေဖြင့်ဗဟန်းရဲစခန်း၌ ဦးသိန်းနိုင်အားအရေးယူမှုများ ဆောင်ရွက်နိုင်ရန်(ပ)၁၄/၂၀၁၂ -ပုဒ်မ ၂၄၉၊ ပုဒ်မ-၃၂၅နှင့် ပုဒ်မ- ၁၁၄အစရှိသည့် ပုဒ်မ(၃)ခုဖြင့်အမှုဖွင့်ဆိုထားကြောင်း ဗဟန်းရဲစခန်းမှ
သိရသည်။

“ဒီကနေ့လုပ်မယ့် သတင်းစာရှင်းလင်းပွဲကို ခရိုနီတစ်ယောက်ရဲ့ဖျက်ခြင်းခံလိုက်ရတဲ့အတွက်စိတ်မ ကောင်း
ပါဘူး။ခရိုနီတွေကိုတိုက်ဖျက်ဖို့အတွက်ခရိုနီတွေကကျွန်တော်တို့ကိုစိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်
တို့နိုင်ငံမှာတရားဥပဒေစိုးမိုးမှုကိ အဓိကစိန်ခေါ်နေတာကလက်ဝါးကြီး အုပ်စီးပွားရေးသမားခရိုနီတွေရဲ့သူ
တို့အားကိုးတာ ဗိုလ်ချုပ်ကြီးတွေဆိုတာ တရားဝင်သက်သေပြလိုက်တာပဲဖြစ်တယ်။ 
 
သူတို့ကိုယ်တိုင်လည်းသူတို့နောက်မှာ ဗိုယ်ချုပ်တွေရှိတယ်လို့ကြွေးကြော် သွားတာပါပဲ”ဟုကိုထင်ကျော်က
 ပြောသည်။ အဆိုပါ ဦးထင်ကျော်အားခိုက်ရန်ဖြစ်ပွားမှုကြောင့်တော်ဝင်နှင်းဆီခန်းမမှတာဝန်ရှိသူများက ပွဲအားဆက်လက်ကျင်းပရန် ငြင်းဆိုခဲ့ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲမှာလည်းဖျက်သိမ်းခဲ့ရသည်။

 
Myit Makha Mediagroup

0 comments:

Post a Comment