ထို့နောက်တွင် တရုတ် နိုင်ငံက J-10 တိုက်လေယာဉ် နှစ်စင်းကို အရှေ့ တရုတ် ပင်လယ် အတွင်းသို့ စေလွှတ် ခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား ခဲ့သည်။
ဂျပန်စစ် လေယာဉ် များသည် တရုတ် ကင်းထောက် လေယာဉ်များနှင့် ပို၍ အနီး ကပ် ကင်းထောက် မှုများ ပြုလုပ်လာခဲ့ သည်ဟု ၎င်းက ထပ်လောင်း ပြောကြား ထားသည်။
ထို့အပြင် ဂျပန် စစ်လေယာဉ်များ ပျံသန်း လှုပ်ရှားသည့် နယ်မြေကိုလည်း မကြာသေး မီကပင် တိုးချဲ့ ခဲ့ကြသည်။ ထိုသို့ ပြုလုပ်ခြင်းသည် နှစ်နိုင်ငံ အကြား လေကြောင်း ပိုင်နက်နှင့် ရေပိုင် နက်များ နှင့် ပတ်သက်၍ လုံခြုံရေး ဆိုင်ရာ အငြင်းပွားမှု များကို ဖြစ်ပေါ် စေသည်။
တရုတ် စစ်ဘက်က သတိပေး မှုများကို တိုးမြှင့်လုပ်ဆောင် သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့် ၄တို့၏ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ် သွားမည် ဖြစ်သလို ၎င်းတို့၏ တရားဝင် အခွင့်အရေး များကိုလည်း ထိန်းသိမ်း သွားမည်ဟု ၎င်းက ပြောကြား ထားသည်။
ဂျပန်နိုင်ငံ အနေဖြင့်လည်း နိုင်ငံ တကာ ဥပဒေ များကို လေးစား လိုက်နာ ရန်နှင့် လုံခြုံရေး ဆိုင်ရာ အငြင်းပွားမှု များကို ထိရောက်သော ဆောင်ရွက်မှုဖြင့် ကာကွယ်ရန် ၎င်းက တောင်းဆို ထားကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment