Pages

Monday, January 14, 2013

"ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ"

"ရွှေလင်ဗန်း စက်မှုဇုန်၊ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ"

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ရာကျော်ဟာ စက်ရုံကနေ ရှားပါးစရိတ်ထောက်ပံ့ငွေကို အလုပ်ရှင်ဘက်က ထုတ်မပေးတာကြောင့် ဆန္ဒပြတောင်းဆိုတာ ဒီကနေ့နဲ့ဆို (၂)ရက်ကြာမြင့်ခဲ့ပေမယ့် ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့အထိ  ညှိနှိုင်းဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။ 

ဆန္ဒပြနေတဲ့ (၂)ရက်မှာ အလုပ်ရှင်ဘက်က ဆန္ဒပြတာ ဆက်လက်မလုပ်ဖို့ လာရောက်ဟန့်တား ခြိမ်းခြောက်တာတွေရှိတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အထည်ချုပ် အလုပ်သမား မဝင်းဝင်းမာက ပြောပါတယ်။

"နင်တို့ဒီလိုဆက်လုပ်မယ်ဆိုရင် နင်တို့လစာ ဒီထက်မက နည်းသွားလိမ့်မယ်။နင်တို့ အတွက်လည်း အကျိုးမရှိဘူးလို့ ခြိမ်းခြောက်တာပေါ့။အတင်းပေါ့နော်။နင်တို့ လစာလျော့ပေးမယ်လို့ ပြောတယ်"

အလုပ်သမားတွေက ရှားပါးစရိတ် ကျပ်နှစ်သောင်း သတ်မှတ်ပေးဖို့၊ အလုပ်ရှင်နဲ့ အလုပ်သမား E.C စာချုပ်ချုပ်ဆိုပေးဖို့၊ အချိန်ပိုခိုင်းစေခြင်းကို ဥပဒေညွှန်ကြားချက်နဲ့အညီ ခိုင်းစေဖို့၊ အလုပ်ချိန်နဲ့ အချိန်ပို မခိုင်းခင် နားချိန် သတ်မှတ်ပေးဖို့၊ အလုပ်ချိန်နဲ့ နားနေချိန်ကို အတိအကျ သတ်မှတ်ပေးဖို့၊ လူမှုဖူလုံရေးခံစားခွင့်ကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ အလုပ်သမားတွေ အတွက် လုပ်ငန်းသုံးဖိနပ်စီစဉ်ပေးဖို့ စတဲ့အချက်တွေ အပါအဝင် အချက်(၁၃)ချက်ကို တောင်းဆိုထားပါတယ်။

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ဆုလာဘ်ထက်သာအထည်ချုပ်စက်ရုံကအလုပ်
သမားတစ်ရာကျော်ဟာစက်ရုံကနေရှားပါးစရိတ်ထောက်ပံ့ငွေကိုအလုပ်ရှင်ဘက်ကထုတ်မပေးတာကြောင့်
ဆန္ဒပြတောင်းဆိုတာ ဒီကနေ့နဲ့ဆို (၂)ရက်ကြာမြင့်ခဲ့ပေမယ့် ဒီကနေ့ ဇန်န၀ါရီလ ၁၄ ရက်နေ့အထိ ညှိနှိုင်းဆောင်ရွက်ပေးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။ ဆန္ဒပြနေတဲ့ (၂)ရက်မှာအလုပ်ရှင်ဘက်ကဆန္ဒပြတာဆက်လက်မလုပ်ဖို့ လာရောက်ဟန့်တား ခြိမ်းခြောက်
တာတွေရှိတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အထည်ချုပ် အလုပ်သမား မဝင်းဝင်းမာက ပြောပါတယ်။

"နင်တို့ဒီလိုဆက်လုပ်မယ်ဆိုရင် နင်တို့လစာ ဒီထက်မက နည်းသွားလိမ့်မယ်။နင်တို့ အတွက်လည်း အကျိုးမ
ရှိဘူးလို့ ခြိမ်းခြောက်တာပေါ့။အတင်းပေါ့နော်။နင်တို့ လစာလျော့ပေးမယ်လို့ ပြောတယ်"

အလုပ်သမားတွေက ရှားပါးစရိတ် ကျပ်နှစ်သောင်း သတ်မှတ်ပေးဖို့၊ အလုပ်ရှင်နဲ့ အလုပ်သမား E.C စာချုပ်
ချုပ်ဆိုပေးဖို့၊ အချိန်ပိုခိုင်းစေခြင်းကို ဥပဒေညွှန်ကြားချက်နဲ့အညီ ခိုင်းစေဖို့၊ အလုပ်ချိန်နဲ့ အချိန်ပို မခိုင်းခင် နားချိန် သတ်မှတ်ပေးဖို့၊ အလုပ်ချိန်နဲ့ နားနေချိန်ကို အတိအကျ သတ်မှတ်ပေးဖို့၊ လူမှုဖူလုံရေးခံစားခွင့်ကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ အလုပ်သမားတွေ အတွက် လုပ်ငန်းသုံးဖိနပ်စီစဉ်ပေးဖို့ စတဲ့အ
ချက်တွေ အပါအဝင် အချက်(၁၃)ချက်ကို တောင်းဆိုထားပါတယ်။
 
RFA (Burmese)

0 comments:

Post a Comment