Pages

Monday, January 14, 2013

"ကြေးနီတောင်စီမံကိန်းမှာ ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားဆဲ"

လက်ပန်းတောင်းတောင် ဒေသမှာ ညမထွက်ရအမိန့် ပုဒ်မ၁၄၄ ကို ဆက်လက် ထုတ်ပြန်ထားတာဟာ ဒေသခံ ပြည်သူတွေကို အကန့်အသတ်လုပ်ထားတာဖြစ်ပြီးတစ်ချိန်တည်းမှာလည်း ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့က
ုမ္ပဏီတွေကိုအကာအကွယ် ပေးထားတာသာ ဖြစ်တယ်လို့ ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်း ကော်မတီက ဇန်န၀ါရီလ ၁၄ ရက် ဒီကနေ့နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၂၈ရက်နေ့အထိ ဒေသတွင်း ညမထွက်ရအမိန့်နဲ့ ပုဒ်မ၁၄၄ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူ ဒေသခံတွေကို တဘက်သတ် အကန့်အသတ် လုပ်ထားတာသာဖြစ်တယ်လို့ သပိတ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပုဒ်မ၁၄၄ ထုတ်ပြန်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမူးကို အရေး ယူပေးဖို့ မြို့နယ်နဲ့ ခရိုင်အဆင့်တွေမှာ ဒေသခံတွေက အမူဖွင့်ထားပေမဲ့ ဘာမှ ဆောင်ရွက်ပေးခြင်း မရှိသေးဘူးအတွက် တိုင်းဒေသကြီးအဆင့်ကို ဆက်လက်တင်ပြသွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
 
RFA (Burmese)

0 comments:

Post a Comment