Pages

Monday, January 14, 2013

လျှပ်စစ်ဓာတ်အား စည်းကမ်းမဲ့ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံများစုပေါင်း ဆန္ဒပြမည်

လျှပ်စစ်ဓာတ်အား စည်းကမ်းမဲ့ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံများစုပေါင်း ဆန္ဒပြမည်
ကြားဖြတ်သတင်း
ဇန်န၀ါရီ ၁၄ ရက်နေ့ မနက် ၇ နာရီ ၁၅
သက်ဆိုင်ရာ၏ ထုတ်ဖော်ပြောဆိုမှု ပွင့်လင်းမြင်သာမှု လုံးဝမရှိသော လျှပ်စစ်ဓာတ်အား ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံ ရဟန်းရှင်လူ ပြည်သူအများပါဝင်သော လျှပ်စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေး လူထုလှုပ် ရှားမှုကြီးတစ်ရပ် ယခုရက်အနည်းငယ်အတွင်း ထုတ်ဖော်ဆန္ဒပြသသွားမည်ဖြစ်ကြောင်း ဦးဆောင်သံဃာတော် တစ်ပါးက မိန့်တော်မူပါတယ်..။
“စည်းကမ်းမဲ့စွာ မီးပျက်နေတဲ့အတွက် ပြည်သူတွေဒုက္ခခက်ခဲဖြစ်နေရပါတယ်..။ ဆွမ်းချက်ရင်းမီးပျက်တာကြောင့် ဆွမ်းတွေဟာပျော့တူးမနပ်ဖြစ်ရပါတယ်။ ဒါကလည်း ခဏခဏဖြစ်ပါတယ်။ ပြည်သူလူထု၏ အခက်အခဲကို ပြေလည်အောင်ဖြေရှင်ပေးနိုင်ဖို့ အခုလို ဦးဆောင်းပေးရတာပါ”ဟု မြို့ပေါ်ရှိ စာသင်တိုက်ကြီး တစ်တိုက်မှ ဦးဆောင်သံဃာတော်က ဆက်လက်၍ မိန့်တော်မူပါတယ်။
အဆိုပါ လျှပ်စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေးအတွက် ထုတ်ဖော်တောင်းဆိုရန် နှင့် လျှပ်စစ်ဝန်ကြီး အသစ် ပေါ်ထွက်လာသည်အထိ ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ စွမ်းအင်ပြည့်စုံမှု ပြည်တွင်း`၌ လုံ လောက်မှုမရှိပါက မဟာဓာတ်အားလိုင်းကိစ္စရပ်များနှင့် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စရပ်များကိုပါ တားမြစ်ကန့်ကွက် သွားမည်ဖြစ်ကြောင်း၊ ယင်းကဲသို့လုပ်ဆောင်ရာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်း တို့ထံမှ သိရှိရသည်
“ ဦးပဇင်းတို့ဘက်က သက်ဆိုင်ရာကို အွန်လိုင်းမီဒီယာတွေထံကနေ ပန်ကြားတာ အသိပေးတာ သတင်းထုတ်ပြန် တာတွေလုပ်ပြီးပါပြီ။ လက်ခံတာလက်မခံတာက သူတို့အပိုင်းဖြစ်ပပါတယ်။ ပြဿနာပေါ်ပေါက်မှ စုံစမ်းရေး ကော် မရှင်တစ်ရပ်ဖွဲ့စည်းပြီး အဖြေရှာတာထက်..။ ပြဿနာမဖြစ်ခင် စုံစမ်ပြီး အမဖြေရှာတာက နှစ်ဘက်စလုံးအတွက် အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပါတယ်” ဟု ယနေ့မနက် ၅ နာရီခွဲအချိန်ခန့် မီးစတင်ပျက်ရာတွင် ၎င်းက မိန့်တော်မူခဲ့သည်။

ဇန်န၀ါရီ ၁၄ ရက်နေ့ မနက် ၇ နာရီ ၁၅ သက်ဆိုင်ရာ၏ ထုတ်ဖော်ပြောဆိုမှု ပွင့်လင်းမြင်သာမှု လုံးဝမရှိ
သော လျှပ်စစ်ဓာတ်အား ပျက်ယွင်းနေမှုအပေါ် မုံရွာဒေသခံ ရဟန်းရှင်လူ ပြည်သူအများပါဝင်သော လျှပ်
စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေး လူထုလှုပ် ရှားမှုကြီးတစ်ရပ် ယခုရက်အနည်းငယ်အတွင်း ထုတ်ဖော်ဆန္ဒပြသသွားမည်ဖြစ်ကြောင်း ဦးဆောင်သံဃာတော် တစ်ပါးက မိန့်တော်မူပါတယ်..။
“စည်းကမ်းမဲ့စွာ မီးပျက်နေတဲ့အတွက် ပြည်သူတွေဒုက္ခခက်ခဲဖြစ်နေရပါတယ်..။ ဆွမ်းချက်ရင်းမီးပျက်တာ
ကြောင့် ဆွမ်းတွေဟာပျော့တူးမနပ်ဖြစ်ရပါတယ်။ ဒါကလည်း ခဏခဏဖြစ်ပါတယ်။ ပြည်သူလူထု၏ အခက်
အခဲကို ပြေလည်အောင်ဖြေရှင်ပေးနိုင်ဖို့ အခုလို ဦးဆောင်းပေးရတာပါ”ဟု မြို့ပေါ်ရှိ စာသင်တိုက်ကြီး တစ်
တိုက်မှ ဦးဆောင်သံဃာတော်က ဆက်လက်၍ မိန့်တော်မူပါတယ်။

အဆိုပါ လျှပ်စစ်ဓာတ်အား တရားမျှတစွာ အသုံးပြုနိုင်ရေးအတွက် ထုတ်ဖော်တောင်းဆိုရန် နှင့် လျှပ်စစ်

ဝန်ကြီး အသစ် ပေါ်ထွက်လာသည်အထိ ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ စွမ်းအင်ပြည့်စုံမှု
 ပြည်တွင်း`၌ လုံ လောက်မှုမရှိပါက မဟာဓာတ်အားလိုင်းကိစ္စရပ်များနှင့် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စရပ်များကို
ပါ တားမြစ်ကန့်ကွက် သွားမည်ဖြစ်ကြောင်း၊ 

ယင်းကဲသို့လုပ်ဆောင်ရာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်း တို့ထံမှ သိရှိရသည်“ ဦးပဇင်းတို့ဘက်က သက်ဆိုင်ရာကို အွန်လိုင်းမီဒီယာတွေထံကနေ ပန်ကြားတာ အသိပေးတာ သတင်းထုတ်ပြန် တာတွေလုပ်ပြီးပါပြီ။ 

လက်ခံတာလက်မခံတာက သူတို့အပိုင်းဖြစ်ပပါတယ်။ ပြဿနာပေါ်ပေါက်မှ စုံစမ်းရေး ကော် မရှင်တစ်ရပ်ဖွဲ့
စည်းပြီးအဖြေရှာတာထက်။ ပြဿနာမဖြစ်ခင် စုံစမ်ပြီး အမဖြေရှာတာက နှစ်ဘက်စလုံးအတွက် အကောင်း
ဆုံး ဖြေရှင်းနည်းဖြစ်ပါတယ်” ဟု ယနေ့မနက် ၅ နာရီခွဲအချိန်ခန့် မီးစတင်ပျက်ရာတွင် ၎င်းက မိန့်တော်မူ
ခဲ့သည်။

မုံရွာသတင်း

0 comments:

Post a Comment