skip to main |
skip to sidebar
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ စင်ကာပူနှင့် မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ
5:52 PM
Kolatt
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ
သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lt-Gen Neo Kian Hong ၏
ဖိတ်ကြားချက် အရ စင်ကာပူသမ္မတ နိုင်ငံသို့သွားရောက်ရန်အတွက် ယနေ့
နံနက်ပိုင်း တွင် နေပြည်တော် လေဆိပ်မှ မြန်မာ့တပ်မတော်အထူး လေယာဉ်ဖြင့်
ရန်ကုန်မြို့သို့ထွက်ခွာကြရာ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး
ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် ဇနီး
ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်
သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊
ကာကွယ်ရေး
ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်ဦးဆောင်သော မြန်မာ့ တပ်မတော်
ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မလေးရှား
နိုင်ငံတပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato' Sri
Zulkifeli Bin Mohd Zin ၏ ဖိတ်ကြားချက် အရ စင်ကာပူ သမ္မတ နိုင်ငံမှ တစ်ဆင့်
မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မည် ဖြစ်ကြောင်းသတင်း
ရရှိသည်။
မြ၀တီ
0 comments:
Post a Comment