Pages

Monday, January 14, 2013

မြန်မာ့တပ်မတော်၏ အင်အားဖြည့်တင်းမှုများ

မြန်မာ့တပ်မတော်၏ အင်အားဖြည့်တင်းမှုများ

 January 13, 2013 by myitkyina.blog News 

ကချင်ဒေသ တိုက်ပွဲကာလ(၁၉)လ ကြာမြှင့်လာပြီဖြစ်၍ မြန်မာအစိုးရတပ်ဖွဲ့အတွင်း အင်အားပြန်လည် ဖြည့်တင်းရန် အခက်အခဲများရှိလာခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲဖြစ်တိုင်း မြန်မာ့တပ်မတော်ဘက်၌ ထိခိုက်ဒဏ်ရာရရှိ မှု၊ ကျဆုံးမှု၊ တပ်ပြေးတိုးပွားလာမှု အစရှိသည့်ပြဿနာများသည် တပ်မတော်၏ပြုန်းတီးအင်အား၊ ဆုတ်ယုတ် အင်အားကို အရှိန်မြှင့်ဖြစ်ပွားစေခဲ့လေသည်။ ယခုအချိန်အထိ KIA တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား ဖြစ်ပွားသောတိုက်ပွဲ ကြီး၊ ငယ် ပေါင်း(၂၆၀၀)ခန့် ရှိနေပြီဖြစ်ရာ ပြုန်းတီးအင်အားကို ခန့်မှန်းတွက်ချက်၍ရနေပြီ ဖြစ်သည်။ ဒီဇင်ဘာလ(၃၀)ရက် တရက်တည်းမှာပြင် တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၁၆) တပ်ရင်းမှ ၆၀ ကျော် ကျဆုံးပြီး ယင်းနေ့တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသူ ၂၀၀ နီးပါးရှိခဲ့သည်။

ထို့ကြောင့် မြန်မာ့တပ်မတော်သည် တပ်ဖွဲ့အင်အားသစ်ကို အလျင်စလိုဖြည့်တင်းရန် လိုအပ်သဖြင့် မြန်မာနိုင်ငံဒေသအနှံ့ရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ရှေ့တန်းသို့ပို့လွှတ်လျက်ရှိကြောင်း သတင်းအခိုင်အမာရရှိပါသည်။ KIA တပ်ဖွဲ့မှ ဖမ်းဆီးရမိသော ဒဏ်ရာရအကျဉ်းသားတစ်ဦး၏ ထွက်ဆိုချက်က သက်သေခံလျက်ရှိသည်။ ရန်ကုန်မှတဆင့် ရထားဖြင့် ကချင်ပြည်နယ်သို့ပို့ဆောင်ရာတွင် လမ်းခရီး၌ အကျဉ်းသား ၁၀၀ နည်းပါး ထွက်ပြေးလွှတ်မြောက်ခဲ့ကာ၊ ၎င်းအပါအ၀င် အကျဉ်းသား ၃၀၀ ခန့် မြစ်ကြီးနားသို့ ညအချိန်ရောက်ရှိခဲ့ကာ မြို့အပြင်ဖက်ရှိ တပ်ရင်းစခန်းသို့ ပို့ဆောင်ခံရကြောင်း၊ ၎င်းတပ်ရင်းတွင် စစ်ဝတ်စုံများထုတ်ပေးကာ လက်နက်ကိုင်ပစ်ခတ်နည်းကို (၃)ရက်သင်ကြားပေးကာ ရှေ့တန်းသို့ပို့လွှတ်ခြင်း ခံရကြောင်း ဖမ်းဆီးခံရသူအကျဉ်းသားက ထွက်ဆိုခဲ့သည်။

တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်သော KIA တပ်သားများမြင်တွေ့ချက်မှာ မြန်မာစစ်တပ်နှင့်အတူပါလာသော လူတချို့သည် လက်နက်ကိုင်ထားခြင်း မရှိဘဲ၊ အင်္ကျီဗလာ၊ ဂျင်းဘောင်းဘီများ ၀တ်ထားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားစဉ် ကြောက်ရွံ့ထိတ်လန့်ကာ အော်ဟစ်ပြေးလွှားနေသည်ကို တွေ့ရကြောင်း သိရှိရသည်။

ယခုတဖန် မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့တို့တွင် လူရွယ်၊ လူလတ်များကို ဖမ်းဆီးကာ ရှေ့တန်းသို့ပို့ဆောင်ရန် ထပ်မံလုပ်ဆောင်လျက်ရှိနေပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သည့်အစိုးရမှ မပြုလုပ်သော လူသားမဆန်သည့် ရက်စက်ရွံ့ရှာဖွယ်အပြုအမူများကို မြန်မာအစိုးရစစ်တပ်သည် သမရိုးလုပ်စဉ်အဖြင့် ပြုမူလျက်ရှိသည်။ ဤကဲ့သို့သောလုပ်ရပ်ကို တိုင်းရင်းသားသေများတွင် နှစ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ဤကဲ့သို့သောဖြစ်စဉ်များကို တိုင်းရင်းသားလူမျိုးများနှင့် အကျဉ်းထောင်ရှိ အကျဉ်းသားများ မှတပါး၊ မြေပြန့်ပြည်မတွင်နေထိုင်ကြသော ဗမာလူမျိုးများ မြို့ပေါ်မွေး၊ မြို့ပေါ်ကြီးသူများ မည်သူမှ မသိရှိနိုင်ခဲ့ပါ။ ဤကဲ့သို့ ရေးသားဖေါ်ပြချက်များကို လည်း ယုံကြမည်မဟုတ်ဘဲ လိမ်ညာလှည့်ဖြားပြောဆိုနေကြသည်ဟုသာ ပုတ်ခတ်မည်သာဖြစ်သည်။

ဤကဲ့သို့ ယုံကြည်ရန်ခက်ခဲခြင်းသည်ပင် တိုင်းရင်းသားလူမျိုးများနှင့် မြေပြန့်နေ ဗမာလူမျိုးကြား နားလည်မှု ကွဲလွဲကာ အမြဲတစေ အပြစ်ရှာအမုန်းတရားများကို ပေါ်ပေါက်စေလျက်ရှိကြောင်း တင်ပြအပ်ပါသည်။

မနောသန်းနိုင်

၁၃-၁-၂၀၁၃

ကချင်ဒေသ တိုက်ပွဲကာလ(၁၉)လ ကြာမြှင့်လာပြီဖြစ်၍ မြန်မာအစိုးရတပ်ဖွဲ့အတွင်း အင်အားပြန်လည် ဖြည့်
တင်းရန် အခက်အခဲများရှိလာခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲဖြစ်တိုင်း မြန်မာ့တပ်မတော်ဘက်၌ ထိခိုက်ဒဏ်ရာရရှိ မှု၊ကျဆုံးမှု၊တပ်ပြေးတိုးပွားလာမှုအစရှိသည့်ပြဿနာများသည်တပ်မတော်၏ပြုန်းတီးအင်အား၊ဆုတ်ယုတ်
 အင်အားကို အရှိန်မြှင့်ဖြစ်ပွားစေခဲ့လေသည်
ယခုအချိန်အထိ KIA တပ်ဖွဲ့နှင့် မြန်မာစစ်တပ်အကြား ဖြစ်ပွားသောတိုက်ပွဲ ကြီး၊ ငယ် ပေါင်း(၂၆၀၀)ခန့် ရှိနေပြီဖြစ်ရာ ပြုန်းတီးအင်အားကိုခန့်မှန်းတွက်ချက်၍ရနေပြီ ဖြစ်သည်။ဒီဇင်ဘာလ(၃၀)ရက် တရက်တည်း
မှာပြင် တပ်မ(၈၈) လက်အောက်ခံ ခမရ(၃၁၆)တပ်ရင်းမှ ၆၀ ကျော်ကျဆုံးပြီး ယင်းနေ့တိုက်ပွဲတွင် ထိခိုက်
ဒဏ်ရာရသူ ၂၀၀ နီးပါးရှိခဲ့သည်။

ထို့ကြောင့် မြန်မာ့တပ်မတော်သည် တပ်ဖွဲ့အင်အားသစ်ကို အလျင်စလိုဖြည့်တင်းရန် လိုအပ်သဖြင့် မြန်မာ

နိုင်ငံဒေသအနှံ့ရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို ရှေ့တန်းသို့ပို့လွှတ်လျက်ရှိကြောင်း သတင်း
အခိုင်အမာရရှိပါသည်။ KIA တပ်ဖွဲ့မှ ဖမ်းဆီးရမိသော ဒဏ်ရာရအကျဉ်းသားတစ်ဦး၏ ထွက်ဆိုချက်က သက်သေခံလျက်ရှိသည်။ 

ရန်ကုန်မှတဆင့် ရထားဖြင့် ကချင်ပြည်နယ်သို့ပို့ဆောင်ရာတွင် လမ်းခရီး၌ အကျဉ်းသား ၁၀၀ နည်းပါး ထွက်ပြေးလွှတ်မြောက်ခဲ့ကာ၊ ၎င်းအပါအ၀င် အကျဉ်းသား ၃၀၀ ခန့် မြစ်ကြီးနားသို့ ညအချိန်ရောက်ရှိခဲ့ကာ မြို့အပြင်ဖက်ရှိ တပ်ရင်းစခန်းသို့ ပို့ဆောင်ခံရကြောင်း၊ ၎င်းတပ်ရင်းတွင် စစ်ဝတ်စုံများထုတ်ပေးကာ လက်
နက်ကိုင်ပစ်ခတ်နည်းကို (၃)ရက်သင်ကြားပေးကာ ရှေ့တန်းသို့ပို့လွှတ်ခြင်း ခံရကြောင်း ဖမ်းဆီးခံရသူအ
ကျဉ်းသားက ထွက်ဆိုခဲ့သည်။

တိုက်ပွဲတွင်ပါဝင်တိုက်ခိုက်သော KIA တပ်သားများမြင်တွေ့ချက်မှာ မြန်မာစစ်တပ်နှင့်အတူပါလာသော လူ

တချို့သည် လက်နက်ကိုင်ထားခြင်း မရှိဘဲ၊ အင်္ကျီဗလာ၊ ဂျင်းဘောင်းဘီများ ၀တ်ထားကြောင်း၊ တိုက်ပွဲ ဖြစ်
ပွားစဉ် ကြောက်ရွံ့ထိတ်လန့်ကာ အော်ဟစ်ပြေးလွှားနေသည်ကို တွေ့ရကြောင်း သိရှိရသည်။

ယခုတဖန် မြစ်ကြီးနားမြို့၊ ၀ိုင်းမော်မြို့တို့တွင် လူရွယ်၊ လူလတ်များကို ဖမ်းဆီးကာ ရှေ့တန်းသို့ပို့ဆောင်ရန် ထပ်မံလုပ်ဆောင်လျက်ရှိနေပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် မည်သည့်အစိုးရမှ မပြုလုပ်သော လူသားမဆန်

သည့်ရက်စက်ရွံ့ရှာဖွယ်အပြုအမူများကို မြန်မာအစိုးရစစ်တပ်သည်သမရိုးလုပ်စဉ်အဖြင့် ပြုမူလျက်ရှိသည်။ 

ဤကဲ့သို့သောလုပ်ရပ်ကို တိုင်းရင်းသားသေများတွင် နှစ်ပေါင်း ၅၀ ကျော် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် ဤကဲ့သို့သောဖြစ်စဉ်များကို တိုင်းရင်းသားလူမျိုးများနှင့် အကျဉ်းထောင်ရှိ အကျဉ်းသားများ မှတပါး၊  မြေ
ပြန့်ပြည်မတွင်နေထိုင်ကြသော ဗမာလူမျိုးများ မြို့ပေါ်မွေး၊ မြို့ပေါ်ကြီးသူများ မည်သူမှ မသိရှိနိုင်ခဲ့ပါ။ ဤကဲ့
သို့ ရေးသားဖေါ်ပြချက်များကို လည်း ယုံကြမည်မဟုတ်ဘဲ လိမ်ညာလှည့်ဖြားပြောဆိုနေကြသည်ဟုသာ ပုတ်ခတ်မည်သာဖြစ်သည်။

ဤကဲ့သို့ ယုံကြည်ရန်ခက်ခဲခြင်းသည်ပင် တိုင်းရင်းသားလူမျိုးများနှင့် မြေပြန့်နေ ဗမာလူမျိုးကြား နားလည်

မှု ကွဲလွဲကာ အမြဲတစေ အပြစ်ရှာအမုန်းတရားများကို ပေါ်ပေါက်စေလျက်ရှိကြောင်း တင်ပြအပ်ပါသည်။

မနောသန်းနိုင်

myitkyina.blog News

0 comments:

Post a Comment