
ပီကင်းမြို့ရဲ့
လေထုညစ်ညမ်းမှု တိုင်းတာချက်ဟာ စနေနေ့ညပိုင်းမှာ PM 2.5 အမှိုက်မှုန်များက ၁
ကုဗမီတာ
မှာ ၉၀၀ မိုက်ခရိုဂရမ်ထိ ရောက်ရှိသွားပြီး အမေရိကန် EPA က
သတ်မှတ်ထားတဲ့ (၃၀၀ - ၅၀၀)ထက် များ
စွာ ကျော်လွန်နေတယ်လို့ သိရပါတယ်။
တရုတ်ပြည်ရဲ့ အခြားမြို့များမှာလည်း လေထုညစ်ညမ်းမှု ဖြစ်ပွားနေပြီး
ရှန်တုံးမြို့မှာ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းကာ Jiangxi မြို့ရဲ့
ဟိုင်းဝေးကားလမ်းတွေကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ တရုတ်ပြည်ရဲ့
မြို့ပေါင်း ၃၃ မြို့မှာ လေထုအခြေအနေကို စောင့်ကြည့်နေပြီး အဲဒီနေရာတွေမှာ
၃၀၀ မိုက်ခရိုဂရမ် ကျော်
လွန်နေတယ်လို့ သိရပါတယ်။
Myanmar1




0 comments:
Post a Comment