Pages
Monday, January 14, 2013
ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရ၍ သေဆုံးခဲ့သူ၏ နစ်နာကြေး လျှော်ကြေးငွေ လများစွာ ကြာသည့်တိုင် မရရှိသေးခြင်းနှင့် မြန်မာသံရုံးမှ နှုတ်ပိတ်ရှောင်တိမ်းနေခြင်း။
ထိုင်းနိင်ငံ၊ နတ်ခွန်ပထုန်ပြည်နယ်၊ အမ်ဖန်းမြို့နယ်၊ စိုင်းဟကြက်သားစက်ရုံတွင် အလုပ်ကိုင်နေစဉ် ကျန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ ၊ နေ့ လည် (၂) နာရီခွဲအချိန်ခန့် တွင် တိုက်ပေါ်မှ ပစ်ချခံရသော မစန်းစန်းဝင်း၏ ဖြစ်စဉ်ကို အရင်ဆုံး ပြန်လည်ဖေါ်ပြလိုပါတယ်။
ဖြစ်စဉ်မှာ သေဆုံးသူ မစန်းစန်းဝင်းသည် စက်ရုံအနီး ကွန်ဒိုတိုက်ခန်းတွင် ခင်ပွန်းဖြစ်သူ ဦးအောင်ခင်ဦး၊ သမီးဖြစ်သူ မသဲစုအောင်တို့ နှင့် အတူ ငါးထပ်မြောက် အခန်း (၅/၁၅၃) တွင် ဌါးရမ်းနေထိုင်ခဲ့ပါသည်။ ခင်ပွန်းနှင့် သမီးဖြစ်သူတို့ မှာ နေ့ ဆိုင်း နံနက် (၈) နာရီမှ အိုဗာတိုင်အပါအ၀င် ည (၈) နာရီထိ အလုပ်ဆင်းရပါသည်။ မစန်းစန်းဝင်းမှာ ညနေ (၆) နာရီမှ မနက် (၆) နာရီထိ အလုပ်ဆင်းရပါသည်။
ခဏအကြာတွင် မြေညီထပ်မှ ဈေးရောင်းနေသော မြန်မာဆိုင်ရှေ့ တွင် မစန်းစန်းဝင်းမှာ အပေါ်ထပ်မှ ပြုတ်ကျလာပြီး အင်္ကျီမပါ လုံခြည်တကွင်းနှင့် ကယ်ပါ ကယ်ပါဟု ပြောဆိုပါသည်။ ထိုအနီးရှိ ကိုမင်းဇော်ဆိုသူသည် နီးစပ်ရာမှ လုံခြည်တကွင်းအားယူ၍ ဖုံးဖိပေးပြီး အမက ကိုအောင်ကြီး (ကိုအောင်ခင်ဦး) ရဲ့  ဇနီး ဟုတ်တယ် မဟုတ်လားဟု မေးရာ မစန်းစန်းဝင်းမှ ဟုတ်သည်ဟု ပြန်ဖြေခဲ့ပါသည်။ ထို့ နောက် ကိုမင်းဇော်မှ ဘယ်အခန်းတွင်နေသည်ဟု မေးရာ မစန်းစန်းဝင်း မှ အခန်းအမှတ် (5/153) တွင် နေထိုင်သည်ဟု ပြန်ဖြေခဲ့ပါသည်။ ထိုနောက် ကိုမင်းဇော်သည် မစန်းစန်းဝင်း ဌါးရမ်းနေထိုင်သည့် ငါးထပ်သို့  လှေခါးအတိုင်း ပြေးတက်ရာ နှစ်ထပ်မြောက် လှေခါး အကွေ့ တွင် အပေါ်မှ ပြေးဆင်းလာသည့် အလှုခံသည့် အသက် (၂၅) နှစ်ဝန်းကျင်ရှိ ဆံပင်ဂုတ်ဝဲ ထိုင်းအမျိုးသားတဦးနှင့် ပခုံးချင်းတိုက်မိပါသည်။ 
ထို့နောက် ကိုမင်းဇော်သည် အပေါ်ထပ်သို့  ထပ်မံပြေးတက်၌ မစန်းစန်းဝင်း နေထိုင်ရာ ငါးထပ်မြောက်အခန်းသို့ အရောက်တွင် အိမ်ခန်းတံခါးပွင့်၍ အတွင်းခံအင်္ကျီနှင့် အပေါ်အင်္ကျီတို့  မှာ တနေရာစီ ရှုတ်ပွနေပြီး အ၀တ်အစားထည့်သည့် ဗွီရိုမှာ ပွင့်၍ ဗွီရိုအတွင်းမှ ပစ္စည်းများ ပြန့်ကျဲနေပြီး အကြွေစိများ ထည့်ထဲ့ထားသည့် စုဗူးမှာလည်း ပေါက်ခွဲခံထားရသည် ကို တွေ့  ရပါသည်။
ထို့နောက် ကိုမင်းဇော်သည် မစန်းစန်းဝင်း၏ ခင်ပွန်းဖြစ်သူ ကိုအောင်ခင်ဦးအား ဖုံးနှင့် ဆက်သွယ်ပြီး အိမ်သို့ အမြန်ပြန်လာရန် ခေါ်လိုက်ပါသည်။ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့ အိမ်သို့ အလုပ်လုပ်ရာမှ ပြန်အရောက်တွင် မဟာချိုင် (၂) ဆေးရုံမှ အရေးပေါ်လူနာတင်ကားများ ရောက်ရှိနေပြီဖြစ်သည်။ လူနာတင်ယဉ်ပေါ်တွင် ခင်ပွန်းဖြစ်သူက မစန်းစန်းဝင်းအား နင့်ကို ဘယ်သူစော်ကားသွားတာလည်း မေးမြန်းရာ မစန်းစန်းဝင်းမှာ ငို၍ မဖြေတော့ပါ။ ထို့ နောက် ဆေးရုံတွင် ဆေးကုသမှုခံနေစဉ် နှစ်ရက်မြောက် သြဂုတ်လ (၄) ရက်နေ့  ည (၇) နာရီ မိနစ် (၂၀) တွင် သေဆုံးသွားခဲ့ပါသည်။
သေဆုံးပြီးနောက် နာရေးကူညီမှုမှ ဆေးရုံသို့ လာရောက် အလောင်းသယ်ဆောင်ရမည်ဖြစ်ကြောင်း၊ သွားရောက်သယ်ဆောင်ရန်သွားသောအခါ သေဆုံးသူ မစန်းစန်းဝင်းမှာ မိမိကိုယ်မိမိ သေကြောင်းကြံစည်သည်ဖြစ်ကြောင်းကို ခင်ပွန်းသည်အား လက်မှတ်ထိုးပေးရန် ပြောပါသည်။ ခင်ပွန်းသည်က ငြင်းဆိုခဲ့ပါသည်။ ငြင်းဆန်မှုကြောင့် အလောင်းအား သယ်ဆောင်၍ မရသောကြောင့် ဆေးရုံတွင် ပြန်လည်ထားခဲ့ရပါသည်။ နောက်နေ့ မနက်ဆေးရုံသို့   ပြန်လာချိန်တွင် အလောင်းမှာ ပျောက်ဆုံးနေပြီး တာဝန်ရှိသူများအား မေးမြန်းရာ တာဝန်ရှိသူများက မသိကြောင်း  ပြန်လည်ဖြေကြားပါသည်။
နောက်နေ့  နံနက်တွင် အလောင်းသယ်ယူရန် မှုခင်းဖြစ်ပွားရာ မြို့ နယ်ရဲစခန်းမှ မှုခင်းတိုင်စာ တောင်းခံရာ ထုတ်ပေးခဲ့ခြင်း မရှိပါ။ ကိုကျော်သောင်းတို့ ထိုင်းနိုင်ငံရောက် မြန်မာအဖွဲ့ အစည်းများ၏ အကူအညီဖြင့် ထပ်မံတောင်းဆိုမှသာ ရရှိခဲ့ပါသည်။
အမှုစတင်ဖြစ်ပွားခဲ့သည့်နေ့  သြဂုတ်လ (၂) ရက်နေ့ မှ မှ သြဂုတ်လ (၆) ရက်နေ့ ထိတိုင်အောင် ရဲစခန်းသို့ အမှုသွားဖွင့်ခဲ့ရာတွင် လုံးဝမဖွင့်ပေးခဲ့ပါ။ မြန်မာအလုပ်သမားကူညီရေးအဖွဲ့ မှ ကိုကျော်သောင်းတို့၏ ကူညီမှုကြောင့်သာ အမှုဖွင့်၍ ရခဲ့ခြင်း ဖြစ်ပါသည်။
ထို့ နောက် အလောင်းအား သယ်ယူပြီး၊ နေထိုင်ရာ (၀ပ်စန်ဖစ်) ဘုန်းကြီးကျောင်းတွင် မြန်မာနိင်ငံမှ ထိုင်းနိင်ငံသို့ လာရောက်၍ ဒုက္ခသည်များကို ကူညီပေးနေသော ဘုန်းတော်ကြီးတစ်ပါးနှင့် လူမှုကူညီရေးအဖွဲ့ အစည်းမှ ကိုကျော်သောင်းတို့ မှ ကူညီမီးသင်္ဂြိုလ် ပေးခဲ့ကြပါသည်။ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်လည်း ဈာပနသို့  ရောက်ရှိလာခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရသော မြန်မာအမျိုးသမီး မစန်းစန်းဝင်း၏ သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသတင်းများနှင့် မြန်မာသတင်းများတွင် လူသိရှင်ကြးပါလာသည့်အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ မစန်းစန်းဝင်း အမှုကိစ္စတွင် မြန်မာအလုပ်သမား နစ်နာကြေးနှင့် အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးမည့်အကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။  
မစန်းစန်းဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်သည် ထောက်ခံစာရေးပေးခြင်း၊ မီးသင်္ဂြိုလ်ရာသို့  လာရောက်ခဲ့ခြင်း၊ သေဆုံးသူအတွက် နစ်နာကြေး လျှော်ကြေးငွေ ရရှိရေးအတွက် အစကနဦးတွင် ဆောင်ရွက်ပေးခဲ့သော်လည်း၊ လပေါင်းမြောက်မြားစွာကြာသည့်တိုင် နစ်နာကြေး လျှော်ကြေးငွေ မရရှိသေးခြင်းအပေါ် အကျိုးအကြောင်း သိရှိစေရန်အတွက် မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်အား ထပ်မံဆက်သွယ်များ အကြိမ်များစွာလုပ်သော်လည်း အဆက်အသွယ်အလုပ်မခံဘဲ ရှောင်ရှားနေပါသည်။
မစန်းစန်းဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရဌာနများဘက်မှ သေဆုံးမှုနှင့် နစ်နာကြေး လျှော်ကြေးငွေပေးရန်ကိစ္စကို  မြန်မာသံရုံး (အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်) မှတစ်ဆင့် စီစဉ်ပေးဆောင်မည်ဟု သိရှိပြီး၊ မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်အား ဆက်လက်စုံစမ်းမေးမြန်းမှုအား ရှောင်တိမ်းနေခြင်းသည် လျှော်ကြေးငွေရရှိမှုနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ဖြစ်နေပါသည်။ 
မစန်းစန်းဝင်း သေဆုံးမှုဖြစ်ပြီးနောက် အလားတူ သတ်ဖြတ်ခံရသော ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း သေနတ်ဖြင့် ပစ်သတ်ခံရ၍ မြန်မာအမျိုးသမီးတစ်ဦးသေဆုံးမှုအတွက် ထိုင်းအစိုးရဘက်မှ လျှင်မြန်စွာ လျှော်ကြေးငွေ ပေးခဲ့ပြီးဖြစ်ရာ၊ မြန်မာသံရုံးမှတစ်ဆင့် အသက်ဆုံးရှုံးမှု နစ်နာကြေး လျှော်ကြေးငွေ ရရှိအောင် ဆောင်ရွက်ရသော မစန်းစန်းဝင်း၏ အမှုတွင် လပိုင်းများစွာကြာမြင့်နေသည့်တိုင်အောင် လျှော်ကြေးငွေ မရရှိသေးခြင်းသည် ထူးခြားမှု ဖြစ်နေပေသည်။  
သို့ အတွက် သေဆုံးခဲ့သူ မစန်းစန်းဝင်း၏ အသက်ဆုံးရှုံးမှု နစ်နာကြေး လျှော်ကြေးငွေ ပျောက်ဆုံးနေခြင်းအတွက် မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်မှ အမြန်ဆုံးဖြေရှင်းပေးရန်နှင့် ဤအမှုကိစ္စအား မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအပါအ၀င် အများသူငှာ သိရှိစေရန်အတွက် ထပ်မံတင်ပြလိုက်ရပါသည်။
ထိုင်းနိင်ငံ၊ နတ်ခွန်ပထုန်ပြည်နယ်၊ အမ်ဖန်းမြို့နယ်၊ စိုင်းဟကြက်သားစက်ရုံတွင် အလုပ်ကိုင်နေစဉ် ကျန်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ ၊ နေ့ လည် (၂) နာရီခွဲအချိန်ခန့် တွင် တိုက်ပေါ်မှ ပစ်ချခံရသော မစန်းစန်းဝင်း၏ ဖြစ်စဉ်ကို အရင်ဆုံး ပြန်လည်ဖေါ်ပြလိုပါတယ်။
ဖြစ်စဉ်မှာ သေဆုံးသူ မစန်းစန်းဝင်းသည် စက်ရုံအနီး ကွန်ဒိုတိုက်ခန်းတွင် ခင်ပွန်းဖြစ်သူ ဦးအောင်ခင်ဦး၊ သမီးဖြစ်သူ မသဲစုအောင်တို့ နှင့် အတူ ငါးထပ်မြောက် အခန်း (၅/၁၅၃) တွင် ဌါးရမ်းနေထိုင်ခဲ့ပါသည်။ ခင်ပွန်းနှင့် သမီးဖြစ်သူတို့ မှာ နေ့ ဆိုင်း နံနက် (၈) နာရီမှ အိုဗာတိုင်အပါအ၀င် ည (၈) နာရီထိ အလုပ်ဆင်းရပါသည်။ မစန်းစန်းဝင်းမှာ ညနေ (၆) နာရီမှ မနက် (၆) နာရီထိ အလုပ်ဆင်းရပါသည်။
အဆိုပါ သြဂုတ်လ (၂) ရက်နေ့ တွင် သမီးနှင့် ခင်ပွန်းတို့ အလုပ်ဆင်းနေချိန် မစန်းစန်းဝင်းမှာ ညဆိုင်းအလုပ်မသွားခင် အိမ်ခန်းတွင်း၌ အိပ်ပျော်နေခိုက် နေ့ လည် (၂) နာရီခွဲခန့် အချိန်တွင် တံခါးခေါက်သံကြားသဖြင့် တံခါးဖွင့်ကြည့်ရာ မစန်းစန်းဝင်း၏ တခန်းကျော်မှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မိန်းခလေးတဦး၏ အခန်းရှေ့ တွင် အလှူခံတစ်ဦး တံခါးခေါက်နေတာ တွေ့ ရသဖြင့် မစန်းစန်းဝင်းလည်း မိမိ အခန်းတံခါးပြန်လည်ပိတ်၍ ဆက်လက်အိပ်နေခဲ့ပါသည်။
ခဏအကြာတွင် မြေညီထပ်မှ ဈေးရောင်းနေသော မြန်မာဆိုင်ရှေ့ တွင် မစန်းစန်းဝင်းမှာ အပေါ်ထပ်မှ ပြုတ်ကျလာပြီး အင်္ကျီမပါ လုံခြည်တကွင်းနှင့် ကယ်ပါ ကယ်ပါဟု ပြောဆိုပါသည်။ ထိုအနီးရှိ ကိုမင်းဇော်ဆိုသူသည် နီးစပ်ရာမှ လုံခြည်တကွင်းအားယူ၍ ဖုံးဖိပေးပြီး အမက ကိုအောင်ကြီး (ကိုအောင်ခင်ဦး) ရဲ့  ဇနီး ဟုတ်တယ် မဟုတ်လားဟု မေးရာ မစန်းစန်းဝင်းမှ ဟုတ်သည်ဟု ပြန်ဖြေခဲ့ပါသည်။ ထို့ နောက် ကိုမင်းဇော်မှ ဘယ်အခန်းတွင်နေသည်ဟု မေးရာ မစန်းစန်းဝင်း မှ အခန်းအမှတ် (5/153) တွင် နေထိုင်သည်ဟု ပြန်ဖြေခဲ့ပါသည်။ ထိုနောက် ကိုမင်းဇော်သည် မစန်းစန်းဝင်း ဌါးရမ်းနေထိုင်သည့် ငါးထပ်သို့  လှေခါးအတိုင်း ပြေးတက်ရာ နှစ်ထပ်မြောက် လှေခါး အကွေ့ တွင် အပေါ်မှ ပြေးဆင်းလာသည့် အလှုခံသည့် အသက် (၂၅) နှစ်ဝန်းကျင်ရှိ ဆံပင်ဂုတ်ဝဲ ထိုင်းအမျိုးသားတဦးနှင့် ပခုံးချင်းတိုက်မိပါသည်။
ထို့နောက် ကိုမင်းဇော်သည် အပေါ်ထပ်သို့  ထပ်မံပြေးတက်၌ မစန်းစန်းဝင်း နေထိုင်ရာ ငါးထပ်မြောက်အခန်းသို့ အရောက်တွင် အိမ်ခန်းတံခါးပွင့်၍ အတွင်းခံအင်္ကျီနှင့် အပေါ်အင်္ကျီတို့  မှာ တနေရာစီ ရှုတ်ပွနေပြီး အ၀တ်အစားထည့်သည့် ဗွီရိုမှာ ပွင့်၍ ဗွီရိုအတွင်းမှ ပစ္စည်းများ ပြန့်ကျဲနေပြီး အကြွေစိများ ထည့်ထဲ့ထားသည့် စုဗူးမှာလည်း ပေါက်ခွဲခံထားရသည် ကို တွေ့  ရပါသည်။
ထို့နောက် ကိုမင်းဇော်သည် မစန်းစန်းဝင်း၏ ခင်ပွန်းဖြစ်သူ ကိုအောင်ခင်ဦးအား ဖုံးနှင့် ဆက်သွယ်ပြီး အိမ်သို့ အမြန်ပြန်လာရန် ခေါ်လိုက်ပါသည်။ ခင်ပွန်းဖြစ်သူနှင့် သမီးဖြစ်သူတို့ အိမ်သို့ အလုပ်လုပ်ရာမှ ပြန်အရောက်တွင် မဟာချိုင် (၂) ဆေးရုံမှ အရေးပေါ်လူနာတင်ကားများ ရောက်ရှိနေပြီဖြစ်သည်။ လူနာတင်ယဉ်ပေါ်တွင် ခင်ပွန်းဖြစ်သူက မစန်းစန်းဝင်းအား နင့်ကို ဘယ်သူစော်ကားသွားတာလည်း မေးမြန်းရာ မစန်းစန်းဝင်းမှာ ငို၍ မဖြေတော့ပါ။ ထို့ နောက် ဆေးရုံတွင် ဆေးကုသမှုခံနေစဉ် နှစ်ရက်မြောက် သြဂုတ်လ (၄) ရက်နေ့  ည (၇) နာရီ မိနစ် (၂၀) တွင် သေဆုံးသွားခဲ့ပါသည်။
သေဆုံးပြီးနောက် နာရေးကူညီမှုမှ ဆေးရုံသို့ လာရောက် အလောင်းသယ်ဆောင်ရမည်ဖြစ်ကြောင်း၊ သွားရောက်သယ်ဆောင်ရန်သွားသောအခါ သေဆုံးသူ မစန်းစန်းဝင်းမှာ မိမိကိုယ်မိမိ သေကြောင်းကြံစည်သည်ဖြစ်ကြောင်းကို ခင်ပွန်းသည်အား လက်မှတ်ထိုးပေးရန် ပြောပါသည်။ ခင်ပွန်းသည်က ငြင်းဆိုခဲ့ပါသည်။ ငြင်းဆန်မှုကြောင့် အလောင်းအား သယ်ဆောင်၍ မရသောကြောင့် ဆေးရုံတွင် ပြန်လည်ထားခဲ့ရပါသည်။ နောက်နေ့ မနက်ဆေးရုံသို့  ပြန်လာချိန်တွင် အလောင်းမှာ ပျောက်ဆုံးနေပြီး တာဝန်ရှိသူများအား မေးမြန်းရာ တာဝန်ရှိသူများက မသိကြောင်း ပြန်လည်ဖြေကြားပါသည်။
ခင်ပွန်းဖြစ်သူသည် ထိုင်းနိင်ငံရောက် မြန်မာအဖွဲ့ အစည်းများမှ ကိုကျော်သောင်းတို့ ၏ အကူအညီဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မြန်မာသံရုံးသို့ သွားရောက်ပြီး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်ထံ အကြောင်းကြားခဲ့ကြပါသည်။ ဦးကျော်ကျော်လွင်မှ ဆက်သွယ်စုံစမ်းပေးရာ အလောင်းကို ဘုရင်မဆေးရုံသို့  ပိုင်ဆိုင်သူ မရှိ၍ ရောက်ရှိနေကြောင်း သိရခဲ့ပါသည်၊ ထို့ နောက် မြန်မာသံရုံးမှ အလောင်းထုတ်ရန် ထောက်ခံစာအားပေးပြီး ခင်ပွန်းကိုအောင်ခင်ဦးနှင့်အတူ ကိုကျော်သောင်းတို့ လိုက်ပါပြီး ဘုရင်မဆေးရုံသို့  ညနေ (၅) နာရီခွဲခန့်  အချိန်တွင် ရောက်ရှိသွားရာ အလောင်းထုတ်မရခဲ့ပါ။ အလောင်းထုတ်မည်ဆိုပါက နောက်နေ့ တွင် လာရောက်ထုတ်ယူရန်နှင့် မှုခင်းဖြစ်ပွားသည့် မြို့ နယ်မှ တိုင်စာနှင့် သေဆုံးသည့်မြို့ နယ်မှ ရဲစခန်းထောက်ခံစာတို့ အား တပါတည်းယူလာဆောင်လာရန် ပြောပါသည်။ မစန်းစန်းဝင်းအလောင်းအား ဟုတ် မဟုတ်ကြည့်ရှုရန် ခွင့်တောင်းရာ တာဝန်ရှိသူများမှ လိုက်လံပြသခဲ့ပါသည်။ ခင်ပွန်းဖြစ်သူက မစန်းစန်းဝင်း အလောင်းမှန်ကန်ကြောင်း သိရမှ ပြန်လာခဲ့ကြပါသည်၊။
နောက်နေ့  နံနက်တွင် အလောင်းသယ်ယူရန် မှုခင်းဖြစ်ပွားရာ မြို့ နယ်ရဲစခန်းမှ မှုခင်းတိုင်စာ တောင်းခံရာ ထုတ်ပေးခဲ့ခြင်း မရှိပါ။ ကိုကျော်သောင်းတို့ ထိုင်းနိုင်ငံရောက် မြန်မာအဖွဲ့ အစည်းများ၏ အကူအညီဖြင့် ထပ်မံတောင်းဆိုမှသာ ရရှိခဲ့ပါသည်။
အမှုစတင်ဖြစ်ပွားခဲ့သည့်နေ့  သြဂုတ်လ (၂) ရက်နေ့ မှ မှ သြဂုတ်လ (၆) ရက်နေ့ ထိတိုင်အောင် ရဲစခန်းသို့ အမှုသွားဖွင့်ခဲ့ရာတွင် လုံးဝမဖွင့်ပေးခဲ့ပါ။ မြန်မာအလုပ်သမားကူညီရေးအဖွဲ့ မှ ကိုကျော်သောင်းတို့၏ ကူညီမှုကြောင့်သာ အမှုဖွင့်၍ ရခဲ့ခြင်း ဖြစ်ပါသည်။
ထို့ နောက် အလောင်းအား သယ်ယူပြီး၊ နေထိုင်ရာ (၀ပ်စန်ဖစ်) ဘုန်းကြီးကျောင်းတွင် မြန်မာနိင်ငံမှ ထိုင်းနိင်ငံသို့ လာရောက်၍ ဒုက္ခသည်များကို ကူညီပေးနေသော ဘုန်းတော်ကြီးတစ်ပါးနှင့် လူမှုကူညီရေးအဖွဲ့ အစည်းမှ ကိုကျော်သောင်းတို့ မှ ကူညီမီးသင်္ဂြိုလ် ပေးခဲ့ကြပါသည်။ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်လည်း ဈာပနသို့  ရောက်ရှိလာခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် ငါးထပ်အမြင့် တိုက်ပေါ်မှ ပစ်ချခံရသော မြန်မာအမျိုးသမီး မစန်းစန်းဝင်း၏ သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသတင်းများနှင့် မြန်မာသတင်းများတွင် လူသိရှင်ကြးပါလာသည့်အတွက် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ မစန်းစန်းဝင်း အမှုကိစ္စတွင် မြန်မာအလုပ်သမား နစ်နာကြေးနှင့် အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးမည့်အကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါသည်။
မစန်းစန်းဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်သည် ထောက်ခံစာရေးပေးခြင်း၊ မီးသင်္ဂြိုလ်ရာသို့  လာရောက်ခဲ့ခြင်း၊ သေဆုံးသူအတွက် နစ်နာကြေး လျှော်ကြေးငွေ ရရှိရေးအတွက် အစကနဦးတွင် ဆောင်ရွက်ပေးခဲ့သော်လည်း၊ လပေါင်းမြောက်မြားစွာကြာသည့်တိုင် နစ်နာကြေး လျှော်ကြေးငွေ မရရှိသေးခြင်းအပေါ် အကျိုးအကြောင်း သိရှိစေရန်အတွက် မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်အား ထပ်မံဆက်သွယ်များ အကြိမ်များစွာလုပ်သော်လည်း အဆက်အသွယ်အလုပ်မခံဘဲ ရှောင်ရှားနေပါသည်။
မစန်းစန်းဝင်း သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်းအစိုးရဌာနများဘက်မှ သေဆုံးမှုနှင့် နစ်နာကြေး လျှော်ကြေးငွေပေးရန်ကိစ္စကို မြန်မာသံရုံး (အလုပ်သမားရေးရာတာဝန်ခံဖြစ်သူ ဦးကျော်ကျော်လွင်) မှတစ်ဆင့် စီစဉ်ပေးဆောင်မည်ဟု သိရှိပြီး၊ မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်အား ဆက်လက်စုံစမ်းမေးမြန်းမှုအား ရှောင်တိမ်းနေခြင်းသည် လျှော်ကြေးငွေရရှိမှုနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ဖြစ်နေပါသည်။
မစန်းစန်းဝင်း သေဆုံးမှုဖြစ်ပြီးနောက် အလားတူ သတ်ဖြတ်ခံရသော ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း သေ
နတ်ဖြင့် ပစ်သတ်ခံရ၍ မြန်မာအမျိုးသမီးတစ်ဦးသေဆုံးမှုအတွက် ထိုင်းအစိုးရဘက်မှ လျှင်မြန်စွာ
 လျှော်ကြေးငွေ ပေးခဲ့ပြီးဖြစ်ရာ၊ မြန်မာသံရုံးမှတစ်ဆင့် အသက်ဆုံးရှုံးမှု နစ်နာကြေး လျှော်ကြေးငွေ ရရှိအောင် ဆောင်ရွက်ရသော မစန်းစန်းဝင်း၏ အမှုတွင် လပိုင်းများစွာကြာမြင့်နေသည့်တိုင်အောင် လျှော်ကြေးငွေ မရရှိသေးခြင်းသည် ထူးခြားမှု ဖြစ်နေပေသည်။
သို့ အတွက် သေဆုံးခဲ့သူ မစန်းစန်းဝင်း၏ အသက်ဆုံးရှုံးမှု နစ်နာကြေး လျှော်ကြေးငွေ ပျောက်ဆုံးနေခြင်း
အတွက် မြန်မာသံရုံး အလုပ်သမားရေးရာတာဝန်ခံ ဦးကျော်ကျော်လွင်မှ အမြန်ဆုံးဖြေရှင်းပေးရန်နှင့် ဤ
အမှုကိစ္စအား မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ
အပါအ၀င် အများသူငှာ သိရှိစေရန်အတွက် ထပ်မံတင်ပြလိုက်ရပါသည်။
 Nik Nayman
0 comments:
Post a Comment