Pages

Tuesday, September 29, 2015

"India က ရထားဘူတာတွေမှာ မြန်နှုန်းမြင့် WiFi ပေးဖို့ Google စီစဉ်"


RangonNewsDaily:: September . 28 .2015
Google သည် ၂၀၁၆ နှစ်ကုန်တွင် အိန္ဒိယနိုင်ငံ၏ လူစည်ကားရာ ဘူတာရုံ ၁၀၀ ၌ မြန်နှုန်းမြင့် Wi-Fi ထောက်ပံ့ပေးသွားမည်ဟု ကြေညာခဲ့သည်။ အဆိုပါ မြန်နှုန်းမြင့် Wi-Fi ထောက်ပံ့မှုကို စုစုပေါင်း ဘူတာရုံ ၄၀၀ အထိ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်း search ကုမ္ပဏီကြီးက ဆိုခဲ့သည်။

စူပါမွန်းနှင့် လကြတ်ခြင်း တစ်ပြိုင်နက်တည်းဖြစ်ပေါ်မှု ပုံရိပ်များ.

RangonNewsDaily:: September . 28 .2015
စက်တင်ဘာ ၂၇ ရက်က ကမ္ဘာတစ်ဝန်းက နက္ခတ်ဗေဒ ပညာရှင်တွေ၊ ဝါသနာရှင်တွေဟာ စူပါမွန်းနဲ့ လကြတ်မှု ဖြစ်ရပ်နှစ်ခု တိုက်ဆိုင်တဲ့ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ဒီအခြေအနေ နှစ်ရပ်ဟာ တသီးတခြားစီ ဖြစ်ပေါ်တတ်ပေမယ့် နှစ်ခုပေါင်းစုံပြီး ဖြစ်တည်ခဲ့တာကတော့ ၃၃ နှစ်တာ ကာလအတွင်း ပထမဆုံးပါပဲ။

Sunday, September 27, 2015

Hajj ဘုရားဖူးအချင်းချင်း နင်းမိ၍ သေဆုံးသူ ၇၀၀ ကျော်မြင့်တက်


RangonNewsDaily:: September . 27 .2015
Hajjဆော်ဒီအာရေဗျ နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Hajj ဘုရားဖူးပွဲတော်ကို လာသူများ အချင်းချင်း နင်းမိတာကြောင့် သေဆုံးသူ ဦးရေဟာ ၇၁၇ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရသူကလည်း ၈၀၀ ကျော်သွားပြီလို့သိရပါတယ်။

မြောက်ဥက္ကလာပဆေးရုံတွင် လူနာစောင့်များ၏ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များ ခိုးယူသောအဖွဲ့ကို ဖမ်းမိ

RangonNewsDaily:: September . 27 .2015
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံတွင် စက်တင်ဘာလ ၂၃ ရက် နံနက် ၂ နာရီက သီတာဆောင်ရှိ လူနာစောင့်များ၏ လက်ကိုင်ဖုန်းများ အခိုးခံရမှုကို လှည့်ကင်းရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာမှ ဆေးရုံအတွင်း လူနာစောင့်များထံမှ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များ လှည့်လည်ခိုးယူနေသောအဖွဲ့မှ အမျိုးသားနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဆေးတက္ကသိုလ် (၂) ရှေ့တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အင်ဒိုတောမီးကြောင့် စင်ကာပူတွင် လေထုညစ်ညမ်းပြီး ကျောင်းများပိတ်ထားရ


RangonNewsDaily:: September . 27 .2015
အင်ဒိုနီးရှား နိုင်ငံတွင် လောင်ကျွမ်းနေသည့် တောမီးများနှင့် ဆက်နွှယ်ပြီး လေထုညစ်ညမ်းမှုများ ဖြစ်လာသဖြင့် စင်ကာပူတွင် ကျောင်းများကို ပိတ်ထားလိုက်ရကြောင်း သတင်းရရှိသည်။

မန္တလေး ယာဉ်ထိန်းရဲများအတွက် ကျဉ်စက်များ စတင်ထုတ်ပေး


RangonNewsDaily:: September . 27 .2015
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သော မန္တလေးမြို့တော်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ အတွက် တရားခံ ဖမ်းဆီးရာတွင် အသုံးပြုသည့် ကျဉ်စက်များကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် စတင်ထုတ်ပေးလိုက်ကြောင်း အဆိုပါ တပ်ဖွဲ့ဝင်များထံမှ သိရသည်။

“လှည်းတန်းခုံးတံတားဟောင်းပေါ်တွင်အိမ်စီးကားက ဂါလီလှည်းကိုအရှိန်ဖြင့် မျက်နှာချင်းဆိုင်ဝင်တိုက်”


RangonNewsDaily:: September . 27 .2015
လှည်းတန်းခုံးတံတားအဟောင်းပေါ်တွင် ယနေ့(စက်တင်ဘာ၂၆ရက်) မွန်းလွဲ ၁၂နာရီ ၄၀ မိနစ် ဝန်းကျင်အချိန်က Crown အိမ်စီးကားက မျက်နှာချင်းဆိုင်မှငှက်ပျောသီးတင်ဂါလီအနှေးယာဉ်ကိုအရှိန်ပြင်းစွာဝင်တိုက်မိရာဂါလီမောင်းသူဒဏ်ရာပြင်းထန်စွာရသွားသည်။

ဆိုင်ကယ်လဲ၍ ဒဏ်ရာရသူကို ကူညီနေသော ရဲတပ်သား ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

RangonNewsDaily:: September . 27 .2015
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တ လေးလမ်းဟောင်းတွင် အမျိုးသား တစ်ဦး ဆိုင်ကယ်မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သဖြင့် သွားရောက်ကူညီသည့်ရဲ တပ်သားကို အခြားဆိုင်ကယ်တစ် စီးက ဝင်ရောက်တိုက်မိ၍ သေဆုံး သွားကြောင်း သတင်းရရှိသည်။

တစ်ပြိုင်နက်တည်းဖြစ်ပွားမည့် စူပါမွန်းနှင့် လကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်မဟုတ်

RangonNewsDaily:: September . 27 .2015
စူပါမွန်းဖြစ်စဉ်နှင့် လ ကြတ်ခြင်းကို ဥရောပ၊ အမေ ရိကနှင့် အာဖရိကတိုက်နိုင်ငံများ မှ မြင်တွေ့ရမည်ဖြစ်သော်လည်း အာရှနိုင်ငံများအပါအဝင် မြန်မာ နိုင်ငံမှ မြင်တွေ့ရမည်မဟုတ် ကြောင်း ပညာရှင်များကဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌရာထူး MNL ထိပ်သီးအသင်းပိုင်ရှင် နှစ်ဦး တာဝန်ယူမည်


RangonNewsDaily:: September . 27 .2015
ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် ဥက္ကဋ္ဌရာထူး အပြောင်းအလဲ မရှိခဲ့သော်လည်း ဒုတိယဥက္ကဋ္ဌ ရာထူးများကို မြန်မာနေရှင်နယ်လိဂ် MNL ထိပ်သီးအသင်းပိုင်ရှင် နှစ်ဦးကို ခန့်အပ်ခဲ့ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။

Monday, September 14, 2015

လူတိုင်း လုပ်မိနေတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ဆိုး ( ၇ )ခု


RangonNewsDaily:: September . 14 .2015
ကျန်းမာရေးကို ဘေးဖြစ်စေတဲ့ အပြုအမူတွေကို လူတွေဟာ သတိမထားမိဘဲ ပြုလုပ်နေလေ့ရှိပါတယ်။ မပြောပလောက်တဲ့ အမူအကျင့်လေးတွေက ဆိုးရွားတဲ့ ကျန်းမာရေး အန္တရာယ် ကို ဖြစ်စေတတ်တာမို့ အချိန်မီရှောင်နိုင်အောင် လူတိုင်းပြုလုပ်လေ့ ရှိတဲ့ အမူအကျင့်အမှားလေးတွေကို ဖော်ပြလိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်

RangonNewsDaily:: September . 14 .2015
ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု မိုးလေ၀ သပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးသည်။

Sunday, September 13, 2015

မြန်မာ့တပ်မတော်သည် အစ္စရေးတပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်


RangonNewsDaily:: September . 13 .2015
မြန်မာနိုင်ငံအနေဖြင့် ရန်သူနိုင်ငံဟူ၍ မရှိသော်လည်း မိမိနိုင်ငံကိုကာကွယ်ရန်အတွက် တပ်မတော်ကိုစွမ်းရည်ရှိရန် တည်ဆောက်နေပြီး အစ္စရေးတပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

သမ္မတဦးသိန်းစိန် ဓာတ်ပုံကိစ္စ ဒါရိုက်တာမိုက်တီးကို ခေါ်ယူမေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ ပြန်ကြားရေးဝန်ကြီးဌာန အကြောင်းကြား

RangonNewsDaily:: September . 13 .2015
လူမှုကွန်ရက်စာမျက်နှာ တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၏ ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် ပြု ပြင်၍ တင်ထားသည့် မိုက်တီးအ မည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့် သည် ဒါရိုက်တာမိုက်တီး သုံးစွဲ သည့် အကောင့်အစစ် ဟုတ်၊ မဟုတ် ကာယကံရှင်အား ခေါ်ယူ မေးမြန်းပေးရန် ရုပ်ရှင်အစည်းအရုံးသို့ အကြောင်းကြားထား ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောသည်။

သမီးခိုးရာလိုက်ပြေးရာတွင် အောင်သွယ်သည်ဟုဆိုကာ တူမကို ဖခင်ကဓားဖြင့်ခုတ်

RangonNewsDaily:: September . 13 .2015
ပေါက်ခေါင်းမြို့နယ် ပိတောက်ကုန်းရပ်ကွက်အုပ်စု ရသေ့ကျေးရွာတွင် သမီးဖြစ်သူ ခိုးရာလိုက်ပြေးသဖြင့် ဖခင်က အ သက် (၃၆)နှစ်အရွယ် တူမဖြစ် သူကို အောင်သွယ်ထင်မှတ်၍ဓားဖြင့်ခုတ်သတ်လိုက်ကြောင်း သ တင်းရရှိသည်။

ရဲအယောင်ဆောင်ရ်ျ ဆိုင်ကယ်ခိုးလာသော တရားခံတဦးအား နေပြည်တော်တွင်ဖမ်းမိ


RangonNewsDaily:: September . 13 .2015
နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်၏ အနီးကပ်လမ်းညွှန်ချက်များဖြစ်သည့် နေပြည်တော် ပြည် ထောင်စုနယ်မြေအတွင်းခိုး၊ဆိုး၊ နှိုက်ဒုစရိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ဆောင်ချက်များကို တပ်ဖွဲ့ဝင်များ ၂၄ နာရီပတ်လုံး လှည့်ကင်း၊ ၀တ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြပါတယ်။

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းအား ကူညီခွင့်ပြုသည့် ဥပဒေကို ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်တွင် အတည်ပြု


RangonNewsDaily:: September . 13 .2015
ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်သည် စက်တင်ဘာ ၁၁ ရက်က မိမိ ကိုယ်ကိုအဆုံးစီရင်ခြင်းအား ကူညီခွင့် ဥပဒေကြမ်းကို အတည်ပြုလိုက်သည်ဟု သိရသည်။ ယင်းဥပဒေကြမ်းကိုဘာသာရေး နှင့် မသန်းစွမ်းသူအခွင့်အရေးလှုပ်ရှား သည့်အဖွဲ့များက ကန့်ကွက်နေသည့်ကြားမှ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ရှိ ကာအ်ဘာဝတ်ကျောင်းတော်အနီးကရိန်းပြိုလဲ ၊ ၁၀၇ ဦးထက်မနည်း သေဆုံး


RangonNewsDaily:: September . 13 .2015
သောကြာနေ့က မက္ကာမှာရှိတဲ့ မဟာပလီကြီးပေါ်ကို ကရိန်းတစ်ခုပြိုလဲကျတဲ့အတွက် လူ ၁၀၇ ဦး ထက် မနည်းသေဆုံးကြောင်း ဆော်ဒီအာရေဗျအရပ်ဘက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။
လူ ၂၃၈ ဦးထက်မနည်း ဒဏ်ရာရကြောင်း ဆိုပါတယ်။

Friday, September 11, 2015

ကား၊ဆိုင်ကယ် ကိုယ်တိုင်မောင်းနှင်သောရဟန်းနှင့်သာမဏေများ ဒဏ်ငွေ ချမှတ်ခံရမည်


RangonNewsDaily:: September . 11 .2015
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကား၊ ဆိုင်ကယ် ကိုယ်တိုင်မောင်းနှင်နေသော ရဟန်း၊ သာမဏေ များအား တစ်ပတ်လျှင် တစ်ကြိမ်စစ်ဆေး ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိပြီး အရေးယူမှုများနှင့် ဒဏ်ငွေ ချမှတ်ခြင်းများကို လည်းပြုလုပ်နေကြောင်း သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

ဂျပန် ရေကြီးမှု လူ ၉သောင်းကျော် ရွှေ့ပြောင်းရ


RangonNewsDaily:: September . 11 .2015
ဂျပန် နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရေကြီးမှု၊ မြေပြိုမှု တွေကြောင့် လူပေါင်း ၉ သောင်း ကျော် နေအိမ်တွေ စွန့်ခွာ ခဲ့ကြရပါတယ်။

ပျောက်ဆုံး မလေးရှားသင်္ဘောတွင် မြန်မာသင်္ဘောသားမည်မျှပါသည်ကို စုံစမ်းနေ

RangonNewsDaily:: September . 11 .2015
သီတင်းတစ်ပတ်ကြာ ပျောက်ဆုံးနေသော မလေးရှား MV Sah Lian သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသားမည်မျှပါဝင် သည်နှင့် မည်သည့်ကုမ္ပဏီက စေ လွှတ်ထားသည်ကို စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း ရေကြောင်းပို့ ဆောင်ရေးဦးစီးဌာန၊ သင်္ဘော သားဌာနခွဲမှ ညွှန်ကြားရေးမှူး ဦး တိုးမြင့်က ပြောသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့ ၁၁ မြို့မှပြည်သူများ မြစ်ရေကြီးမည်ကို သတိထားရန်လို

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် ရေကြီးရေမြုပ်နေစဉ်(ဓာတ်ပုံ-ရေကြည်သတင်းစုံ)
RangonNewsDaily:: September . 11 .2015
ချင်းတွင်းမြစ်ရေအနည်း ငယ်ကျဆင်းနေသော်လည်း ဧရာဝတီမြစ်ရေတိုးနေသဖြင့် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြို့ ၁၁ မြို့တွင် မြစ်ကမ်းဘေးနေသူများ အထူးသတိထားရန်လိုကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ဖုန်းခလျှော့သည့် ပရိုမိုးရှင်းအစီအစဉ်ကြောင့် ဖုန်းလိုင်းများကျပ်

RangonNewsDaily:: September . 11 .2015
သြဂုတ်လကုန်ပိုင်းက ပြုလုပ်ပေးသည့် ဖုန်းပြောဆိုခ များ သက်သာစေမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို အသုံးပြုသူ အများအပြား ရှိလာသည့်အတွက် ယခုရက်ပိုင်းအတွင်း ဖုန်းလိုင်း ကျပ်သည့် ပြဿနာများမြင့်တက် လာသည်ကို တွေ့ရကြောင်း MPTမှ သတင်းရရှိသည်။

Wednesday, September 9, 2015

ဆိပ်ဖြူမြို့နယ်အတွင်းမှ စွန့်ပစ်ခံကလေးငယ်၏ မိခင်ဖြစ်သူဟု ယူဆရသူအား တွေ့ရှိထား


RangonNewsDaily:: September . 9 .2015
မကွေး တိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကိုး တောင်ကျေးရွာအုပ်စု၊ တောင်ငယ် လုံးကျေးရွာနှင့် သံဇလုံကျေးရွာနှစ် ရွာအကြား သဲချောင်းအနီးမှတွေ့ရှိ ခဲ့သော ကလေးငယ်၏မိခင်ဖြစ်သူဟု ယူဆရသော အမျိုးသမီးတစ်ဦးအား တွေ့ရှိထားပြီဖြစ်ကြောင်းနှင့် ကလေး ငယ်တွင် အသားဝါဖြစ်ပေါ်လာသ ဖြင့် မကွေးဆေးရုံကြီးသို့ ပို့ဆောင် ကုသလျက်ရှိကြောင်း သိရသည်။

စင်္ကာပူမှာ ရှိတဲ့ Marina Bay Sands


RangonNewsDaily:: September . 9 .2015
အဆောက်အဦး အမြင့်ပေါ်မှာ သင်္ဘောပုံ ဖန်တီးပြီး လူအများကို စိတ်ဝင်စားအောင် ပြုလုပ်ထားတဲ့ Marina Bay Sands ကတော့ စင်္ကာပူ၏ အထင်ကရ နေရာများထဲမှ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ Marina Bay Sands ကနေပြီးတော့ စင်္ကာပူမှာ ရှိတဲ့ အလွန်လှပတဲ့ နေရာတွေကို မြင်နိုင်တဲ့ အပြင် ရေကစားလို့လည်း ရတဲ့ နေရာဖြစ်ပါတယ်။

ဘရာဇီးတွင် ဘတ်စ်ကားမှောက်မှုကြောင့် လူ(၁၅) ဦး သေဆုံး


RangonNewsDaily:: September . 9 .2015
ဘရာဇီးနိုင်ငံ၊ ပါရာတီမြို့တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ရာ အနည်းဆုံး လူ(၁၅)ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ဒဏ်ရာရသူဦးရေမှာ (၃၀)ခန့်ရှိပြီး အချို့ကို ဒေသခံ ဆေးရုံများသို့ ခွဲ၍ ပို့ ဆောင် ပေးထားရကြောင်းလည်း သိရသည်။

အိန္ဒိယတွင် စစ်မှုထမ်းဟောင်း ပင်စင်လစာများ အစီအစဉ်သစ်ဖြင့် တိုးမြှင့်ပေးမည်


RangonNewsDaily:: September . 9 .2015
အိန္ဒိယ အစိုးရသည် စစ်မှုထမ်းဟောင်း ၀န်ထမ်းများ ဆယ်စုနှစ်နှင့်ချီ တောင်းဆိုလာခဲ့သည့် ၎င်းတို့ ပင်စင်လစာများအား ပြောင်းလဲတွက်ချက်ပြီး နှုန်းထား အသစ်ဖြင့် ပေးအပ်ရန် တောင်းဆိုမှုကို လိုက်လျောလိုက်ကာ ပင်စင် အစီအစဉ်သစ်ဖြင့် လစာများ တိုးမြှင့်ပေးတော့မည် ဖြစ်သည်။

မြွေဆိပ်ဖြေဆေး ပြတ်တော့မယ်


RangonNewsDaily:: September . 9 .2015
မြွေကိုက်ခံရသူတွေကို ကုသဖို့ အစွမ်းအထက်ဆုံး မြွေဆိပ်ဖြေဆေး တစ်မျိုးကို မကြာမီ ထုတ်လုပ်မှု ရုပ်သိမ်းတော့မှာ ဖြစ်တဲ့အတွက် လူထောင်ပေါင်းများစွာဟာ အသက်ဘေးအန္တရာယ် ကျရောက်နိုင်တယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက သတိပေးထားပါတယ်။

စက္ကူဖြင့်လုပ်သည့်ဆန်တု တရုတ်တွင် တွေ့ရှိ


RangonNewsDaily:: September . 9 .2015
စက္ကူတွေနဲ့ ပြုလုပ်ထားတဲ့ ဆန်တု တွေကို တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်မှာ ခုသီတင်းပတ် အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ရှန်ဟိုင်းရစ် (Shanghaiist) သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အား ကြိုတင်မဲဆွယ်သည်ဟု တိုင်ကြားချက် ပြန်လည်ရုပ်သိမ်း”

RangonNewsDaily:: September . 9 .2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား တရားဝင်မဲဆွယ်ခွင့်မရှိသည့်ကာလတွင် မဲဆွယ်သည်ဟုဆိုကာ တိုင်ကြားခဲ့သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းဦးကျော်ဝင်းက ၄င်း၏တိုင်ကြားချက်ကို ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြန်လည်ရုပ်သိမ်းသွားသည်ဟု သတင်းရရှိသည်။

ကျောက်ဖြူတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ တစ်ဦးက အရာရှိ အမျိုးသမီးတစ်ဦး၏ နောက်ကြောကို ကတ်ကြေးဖြင့်ထိုး


RangonNewsDaily:: September . 9 .2015
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး အဆင့်ရှိသူ အမျိုးသမီး တစ်ဦး၏ နောက်ကြောအား နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်လာသူ တစ်ဦးက ကတ်ကြေးဖြင့် ထိုးသဖြင့် ယင်းအမျိုးသမီးတွင် ဒဏ်ရာ နှစ်ချက်ရကာ ဆေးရုံတင်လိုက်ရသည်ဟု သတင်း ရရှိသည်။

ဆယ်စုနှစ် လေးခုကျော်ကြာ ကာလအတွင်း သက်တမ်းအရှည်ဆုံး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည့် အာဘေး


RangonNewsDaily:: September . 9 .2015
ရှင်ဇို အာဘေး အနေဖြင့် ဆယ်စုနှစ် လေးခုကျော် ကာလအတွင်း ဂျပန်နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာတော့မည်ဟု သတင်းများက ဖော်ပြခဲ့သည်။

Wednesday, September 2, 2015

တရားခံရဲ့ခုခံမှုကြောင့် ရဲတပ်ဖွဲ့ ဝင် နှစ်ဦး ဓားထိုးခံရသေဆုံး


RangonNewsDaily::ှ September . 2 .2015
သန်လျင်ရဲစခန်းက ရဲအုပ် အောင်နိုင်၊ တက သူရလွင် ပါတပ်ဖွဲ့ဝင်များ ၃၂၆ တရားခံပြေး တင်မြင့် အား တည်းခိုခန်း မှာဝင်ဖမ်းရင်းဓားထိုးခံရလို့ ၂.၉.၁၅ နေ့ ၁၁း၄၅ လောက်တွင်သေဆုံးခဲ့ကြောင်းသိရသည်။

Tuesday, September 1, 2015

နားကြပ်တပ်ထားတဲ့ကောင်မလေးတစ်ယောက် ငါးလွာမှ ပြုတ်ကျသေဆုံး

RangonNewsDaily:: September . 1 .2015
ရန်ကုန်မြို့အထပ်မြှင့်အဆောက်အဦးတစ်ခုပေါ်မှ အထက်တန်းကျောင်းသူတစ်ဦး ပြုတ်ကျသေဆုံးမှု ဖြစ်စဉ် တစ်နှစ်အတွင်းဒုတိယအကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်မှာ ယနေ့ မနက် ငါးနာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အတွင်းရှိ ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်အပေါ်ထပ် ငါးလွှာမှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။

မင်္ဂလာတောင်ညွန့် NLD ပါတီတွင်းရန်ပွဲ ၉ ဦး ဆေးရုံတင်ထားရ


RangonNewsDaily:: September . 1 .2015
သြဂုတ်လ ၂၉ ရက် စနေနေ့က မင်္ဂလာတောင်ညွန့်မြိုနယ်ရှိ NLD ပါတီဝင်အချင်းချင်း အကြီးအကျယ် ရန်ဖြစ်ခဲ့ခြင်းကြောင့် ပါတီဝင်အချို့ ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ဒုတိယ အများဆုံး ဖမ်းမိခဲ့သော မူးယစ်ဆေးဝါးမှုမှ လူ ၁၂ဦးအား ဖမ်းဝရမ်းထုတ်


RangonNewsDaily:: September . 1 .2015
ကမ္ဘာ့ဒုတိယ အများဆုံး ဖမ်းဆီးရမိခဲ့သော WY မူးယစ်ဆေးဝါး အမှုနှင့် ပတ်သက်၍ လူ၁၂ဦးအား မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင်း သိရသည်။