Pages

Sunday, September 13, 2015

ရဲအယောင်ဆောင်ရ်ျ ဆိုင်ကယ်ခိုးလာသော တရားခံတဦးအား နေပြည်တော်တွင်ဖမ်းမိ


RangonNewsDaily:: September . 13 .2015
နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်၏ အနီးကပ်လမ်းညွှန်ချက်များဖြစ်သည့် နေပြည်တော် ပြည် ထောင်စုနယ်မြေအတွင်းခိုး၊ဆိုး၊ နှိုက်ဒုစရိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ဆောင်ချက်များကို တပ်ဖွဲ့ဝင်များ ၂၄ နာရီပတ်လုံး လှည့်ကင်း၊ ၀တ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြပါတယ်။
၎-၉-၂၀၁၅ ရက် ညနေ ၁၉း၄၅ နာရီအချိန်ခန့်တွင် နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူတပ်ဖွဲ့ခွဲမှ ရဲအုပ် ခင်မောင်ငွေခေါင်းဆောင်သော တပ်ဖွဲ့ဝင်များသည် ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ရ်ျ ခိုးမှုများကျူးလွန်နေ ကြောင်း သတင်းအရ မြို့မဈေးကားဝင်း Lucky One စားသောက်ဆိုင်ရှေ့တွင် ဆိုင်ကယ်တစီးဖြင့် မသင်္ကာ ဖွယ်တွေ့ရှိသူ သိန်းလှိုင် (၃၂)နှစ် အဘ ဦးကျော်အုံး ကျပန်းလုပ်ကိုင်စားသောက် လယ်ဝေးမြို့နယ်နေသူအား ခေါ်ယူစစ်ဆေးရာ ၄င်းသည် ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ ရဲဝတ်စုံပေါ်တွင် ထပ်ဝတ်ထားသော အနွေးထည် ကို ချွတ်ပြခဲ့ပါသည်။ မေးမြန်းစစ်ဆေးမှုအရ ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ထားသည်ကို သိရှိရပြီး ၄င်းနှင့်အတူ စီးနင်းလာသည့် ဆိုင်ကယ်မှာလည်း ပိုင်ဆိုင်ကြောင်း အထောက်အထားပြသနိုင်ခြင်း မရှိခဲ့ပါ။


မသင်္ကာ တရားခံသိန်းလှိုင်အား ဆက်လက်စစ်ဆေးရာတွင် လယ်ဝေးမြို့နယ် သာစည်ဘုန်းတော်ကြီးကျောင်းမှ Samsung အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းတလုံး ခိုးယူခဲ့ကြောင်း လယ်ဝေးဘူတာရုံအနီးမှ Honda ဆိုင်ကယ် အနက်ရောင်တစီး၊ လယ်ဝေးမြို့နယ် သပြေပင်ဘုန်းတော်ကြီးကျောင်းမှ Huawai လက်ကိုင်ဖုန်း အနက်ရောင်ဖုန်းတလုံးတို့ကို ခိုးယူခဲ့ပါတယ်။

ရှေးဦးစွာ နေပြည်တော် အမှတ် ၅ ရဲစခန်းတွင် ပ/၁၈/၁၅ ပုဒ်မ ၃၈၀-၅၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ခိုးမှုများ ကျူးလွန်ခဲ့သော လယ်ဝေးမြို့နယ် မြို့မရဲစခန်းတွင် ပ/၁၈၈-၁၅ ပုဒ်မ ၃၈၀-ပ-၁၈၆-၁၅၊ ပုဒ်မ ၃၈၀-ပ-၁၈၇-၁၅၊ ပုဒ်မ ၃၈၀ တို့ဖြင့် ခိုးမှုသုံးခုအတွက် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါတယ်။
ထွန်း(နေပြည်တော်)
News WatchJournal , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment