Pages

Thursday, May 1, 2014

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှု ယာဉ်ပိုင်ရှင်တွေ အခက်အခဲဖြစ်


RangonNewsDaily: May . 1 .2014
ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံမှု သတ်မှတ်ချိန် ကြာမြင့်၍ ယာဉ်ပိုင်ရှင် အများစု အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ပန်းဆိုးတန်းလမ်းမှာ နေထိုင်တဲ့ ယာဉ်ပိုင်ရှင် ကိုဌေးလွင်က“သူတို့ ယာဉ်ရပ်နားခ ကောက်ခံဖို့ အချိန် သတ်မှတ်ထားတာ ၁၀ နာရီ
စာ ဆိုတော့ တနေ့ကို ကျပ် ၂ ထောင် လောက် ပေးနေရတယ်၊ အဆင်မပြေဘူး၊ တလဆိုရင် တော်တော် ထိတယ်”လို့ ပြောပါ
တယ်။

"ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တော့မယ့် မေသန်းနု"


RangonNewsDaily: May . 1 .2014
အနုပညာရှင် တစ်ယောက် အနေနဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိ ထားတဲ့ မေသန်းနုက စီးပွားရေး အနေနဲ့ အနုပညာ အလုပ်နဲ့ ဆက်နွှယ်တဲ့ အလှ အပ ဆိုင်ရာ 1st Lady Hair & Beauty Spa ဆိုင်ကို ဖွင့်လှစ်ထား ပါတယ်။

ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း နှုန်းထားအသစ်ဖြင့် စာချုပ်ပြန်ချုပ်မည်


RangonNewsDaily: May . 1 .2014
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ပတ်သက်၍ လွှဲယူ လုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် လျှပ်စစ်ဓာတ်အားခ နှုန်းထားအသစ်ဖြင့် စာချုပ်အသစ် ပြန်ချုပ်ဆိုမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးး ဦးမြင့်အောင်က ပြောကြားသည်။

PSI က အော်ရီဒူးနှင့် ပူးပေါင်း၍ မိုဘိုင်းလ် ဝန်ဆောင်မှုဖြင့် ကျန်းမာရေး အသိပညာ ပေးမည်


RangonNewsDaily: May . 1 .2014
ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့် အော်ရီဒူးနှင့် ပူးပေါင်း၍ မိုဘိုင်းလ် နည်းပညာ အသုံးပြုကာ အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အသိပညာ တိုးတက်စေရေးအတွက် m-moment အမျိုးသမီး ကျန်းမာရေး ဝန်ဆောင်မှုဖြင့် ကျန်းမာရေး အသိပညာ ပေးခြင်းကို ချဲ့ထွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း PSI မြန်မာက ဈေးကွက်ချဲ့ထွင်ရေး ဒါရိုက်တာ ဒေါက်တာဟန်ဝင်းထက်က The Voice သို့ ပြောကြားသည်။

တရုတ်စစ်တပ်အင်အား ကြီးထွားလာမှုတွင် ဥရောပသမဂ္ဂ ကုမ္ပဏီများ အထောက်အကူပြုခဲ့ကြောင်း လေ့လာတွေ့ရှိ

တရုတ်အရှေ့ပိုင်း ကျန်စုပြည်နယ် နန်ကျင်းမြို့ ကာကွယ်ရေးပြတိုက်တွင် ပြသထားသော တရုတ်ရေတပ်သင်္ဘော ပုံစံငယ်များကို ကြည့်ရှုနေသူတစ်ဦး (Photo:AFP)
RangonNewsDaily: May . 1 .2014
တရုတ်က စစ်အသုံးစရိတ် မြှင့်တင်နေပြီး အိမ်နီးချင်းများနှင့် ပင်လယ်ရေပိုင်နက် အငြင်းပွားမှုများ တင်းမာနေချိန်တွင် အေအက်
ဖ်ပီက စူးစမ်းလေ့လာမှုများအရ ဥရောပနိုင်ငံများသည် အာရှအင်အားကြီး တရုတ်ကို လက်နက်များနှင့် စစ်ရေးနည်းပညာများ လွှဲပြောင်းပေးအပ်ရန် ဒေါ်လာဘီလျံ အမြောက်အမြားရှိသည့် သဘောတူညီမှုများကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရထားသံလမ်းတွင် လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ သဖြင့် သေဆုံး


RangonNewsDaily: May . 1 .2014
၁.၅.၂၀၁၄ရက်နေ့ ၁၂၀၅အချိန် တိုက်ကြီးမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ကျေးရွာအုပ်စု၊ ခြောက်တိုင်
ကွေ့ကျေးရွာအနီး ရန်ကုန်- ပြည်ရထားလမ်း မိုင်တိုင်အမှတ် (၄၂/၄၃)နှင့် (၄၂/၄၄)ကြား ရထားလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့်ရှိ အမည်မသိ
အမျိုးသမီး တစ်ဦးဖြစ်ပြီး ရင်ခေါင်းပြတ်၊ ၀ဲလက်မောင်းပြတ်၊ ယာဒူးပြတ်၊ နဖူးထိပ်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်
ကိုတွေ့ရှိရ ပါသည်။

ဘရူနိုင်းတွင် အစ္စလာမ္မစ် ပြစ်မှုဆိုင်ရာ ဥပဒေ စတင်ကျင့်သုံး


RangonNewsDaily: May . 1 .2014
ဘုရင်စနစ်ကျင့်သုံးတဲ့ ဘရူနိုင်းမှာ မေ ၁ ရက်နေ့ကစလို့ အစ္စလာမ္မစ် ပြစ်မှုဆိုင်ရာ ဥပဒေကို စတင်ကျင့်သုံးပြီ ဖြစ်လို့ အရှေ့တောင်
အာရှဒေသမှာ တင်းကျပ်တဲ့ဥပဒေကို ပထမဆုံး ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်လာပါတယ်။

တယ်လီနောမိုဘိုင်း Data Center မန္တလေးတွင် မေလအတွင်း အပြီးတည်ဆောက် မည်

RangonNewsDaily: May . 1 .2014
မန္တလေးတွင် တည်ဆောက်နေသော မိုဘိုင်း Data Center တည်ဆောက်မှုမှာ မေလအတွင်း ပြီးစီးမည် ဖြစ်ကြောင်း တယ်လီနော
ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။တယ်လီနောအနေဖြင့် မြန်မာနိုင်ငံတွင် မိုဘိုင်း Data Center နှစ်ခုကို ရန်
ကုန်နှင့် မန္တလေးတွင် တည် ဆောက်သွားမည်ဖြစ်သည်။ ရန်ကုန်ရှိ Data Center ကို ဧပြီ ပထမပတ်အတွင်းက တည်ဆောက်
ထားခဲ့ ပြီး အဆိုပါ Data Center တည်ရှိရာ Core Site မှ တယ်လီနော၏ရုံးချုပ်သို့ ဖုန်းခေါ်ဆိုမှုများ စမ်းသပ်ပြု လုပ်ခဲ့သည်။ ထို့ပြင် မန္တလေးရှိ Data Center မှာ လာမည့် မေလပထမပတ်အတွင်း တည်ဆောက်မှု ပြီးစီးမည်ဖြစ်သည်ဟု ဆိုထားသည်။

အလုပ်သမားအခွင့်အရေးများအပြည့်အ၀ရရှိရေး ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ အလုပ်သမားများ တောင်းဆိုဆန္ဒပြ


RangonNewsDaily: May . 1 .2014
မေလ ၁ရက်၊ အလုပ်သမားနေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ မနက်၁၁နာရီကနေ နေ့လည် (၁)နာရီထိ အလုပ်သမား ၂၀၀ခန့် အလုပ်သမားအခွင့်အရေးများ တောင်းဆိုဆန္ဒပြကြပါတယ်။

အလုပ်သမားနေ့ အခမ်းအနားများ ရန်ကုန်မြို့တော်တွင် ပြုလုပ်

RangonNewsDaily: May . 1 .2014
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာ မြို့နယ်၊ ကျောက်တံတား မြို့နယ်နှင့် တောင်ဥက္ကလာပ မြို့နယ်တို့တွင် အလုပ်သမား
နေ့ အခမ်းအနားများကို ပြုလုပ်မည် ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူများထံမှ သိရသည်။လှိုင်သာယာမြို့နယ်တွင် အလုပ်သမားနေ့
အခမ်းအနားကို အမှတ် (၆) ရပ်ကွက်ရှိ အောင်မြေသာယာ ဘောလုံးကွင်းတွင် နံနက် ၈ နာရီခွဲမှ ညနေ၆ နာရီခန့်အထိ ပြုလုပ်မည်
ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်
ကြီး ဦးထင်အောင်တို့ တက်ရောက်မည် ဖြစ်ကာ အဆိုတော်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား
သမဂ္ဂအဖွဲ့ချုပ် (FTUN) မှ လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးမျိုးဇော်ဦးက ပြောကြားသည်။

နောက်ဖေးလမ်းကြား ကျူးကျော်များ မဖယ်ရှားပါက စည်ပင်ဥပဒေဖြင့် တရားစွဲဆိုမည်


RangonNewsDaily: May . 1 .2014
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စည်ပင်သာယာပိုင် အိမ်နောက်ဖေး လမ်းကြားများရှိ ကျူးကျော် အဆောက်အအုံများ မဖယ်ရှား
ပါက စည်ပင်သာယာရေး ဥပဒေဖြင့် တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

"တစ်နှစ်ခွဲကျော် ရင်ဆိုင်ခဲ့တဲ့အမှု တေးသံရှင် မီးမီးခဲ အနိုင်ရ"


RangonNewsDaily: May . 1 .2014
တေးသံရှင် မီးမီးခဲနဲ့ သူ့ရဲ့ ခင်ပွန်းဟောင်း ထူးအယ်လင်း တို့ကို ရန်ကုန်အနောက်ပိုင်းခရိုင် ဒုခရိုင်စစ်တရားရုံးက ဒီနေ့ မွန်းလွဲ
နာရီ ၁ဝမိနစ်မှာ တရားဝင် ကွာရှင်းခွင့် ပြုလိုက်ပြီလို့ မီးမီးခဲ ရဲ့ပြောကြားချက်အရ သိရပါတယ်။

"Mr. Poem စားသောက်ဆိုင်ဖွင့်ထားတဲ့ ဇာနည်နဲ့ ကြည်လဲ့လဲ့ဦး"


RangonNewsDaily: May . 1 .2014
ဇာနည်နဲ့ ကြည်လဲ့လဲ့ဦးက အနုပညာအလုပ်အပြင် မိသားစုစီးပွားရေးအဖြစ် Mr. Poem အမည်နဲ့ဆိုင်ဖွင့်ထားပါတယ်။” Mr. Poem
ဆိုင်လေးကို ကိုဇာနည်ဖွင့်ထားတာပါ။ အစ်မနဲ့ မယူခင်က တည်းက ဖွင့်ထားတာ။ သူ့မိဘတွေ ကလည်း ဒီအလုပ်ကို လုပ်နေတော့
အစ်မတို့ ကလည်း ဝင်ပြီး လုပ်ပေးရင်းနဲ့ မိသားစု စီးပွားရေး လိုဖြစ်သွားတယ်။

မော်တော်ယာဉ်ဟောင်း စလစ်ဈေး ပြန်တက်


RangonNewsDaily: May . 1 .2014
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်အို ယာဉ်ဟောင်း အပ်နှံခွင့် “၁က” အက္ခရာအထိ အပ်နှံခွင့် ပြု
ထားသော်လည်း အပ်နှံသူ နည်းပါးခြင်းကြောင့် စလစ်ဈေးနှုန်းများ ပြန်လည် မြင့်တက်လာကြောင်း မော်တော်ယာဉ် ဈေးကွက်အ
တွင်းထံမှ သိရသည်။