Pages

Thursday, May 1, 2014

"ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တော့မယ့် မေသန်းနု"


RangonNewsDaily: May . 1 .2014
အနုပညာရှင် တစ်ယောက် အနေနဲ့ ပရိသတ် အားပေးမှုကို အခိုင်အမာ ရရှိ ထားတဲ့ မေသန်းနုက စီးပွားရေး အနေနဲ့ အနုပညာ အလုပ်နဲ့ ဆက်နွှယ်တဲ့ အလှ အပ ဆိုင်ရာ 1st Lady Hair & Beauty Spa ဆိုင်ကို ဖွင့်လှစ်ထား ပါတယ်။
ROYAL STAR Gift Shop & Event Planner ဆိုင်ကိုလည်း အနုပညာ ရှင်မောင်နှမတွေနဲ့ စုပေါင်းဖွင့် လှစ်ထားပါတယ်။ ထပ်မံပြီး Construction လုပ်ငန်းလုပ်ကိုင်ဖို့ အတွက်လည်း စီစဉ်နေ တယ်လို့သိရပါတယ်။

အနုပညာသမား တစ်ယောက်အနေ နဲ့ အနုပညာ အပြင် စီးပွားရေးလုပ်ငန်း ကိုပါ ကြိုတင်လုပ်ကိုင် ထားသင့်တယ်လို့ စီးပွားရေးလုပ်ကိုင်မှု နဲ့ပတ်သက် ပြီး ပြောပြတဲ့ မေသန်းနုက ” Beauty Spa ဆိုင်တို့၊ Gift Shop တို့ စလုပ် တုန်းက အနုပညာ အလုပ်နဲ့လည်း ဆက်နွှယ်နေတာကြောင့် ကိုယ်နဲ့ လည်းမစိမ်းတော့ လုပ်ဖြစ်သွားတာ။ ရှယ်ယာအနေနဲ့ စုပြီးလုပ်ဖြစ်ကြတာ။ အခု Construction လုပ် ငန်းလုပ်ဖို့က ရှယ်ယာ အနေနဲ့တစ်ခု၊ တစ်ယောက် တည်းကတစ်ခုလုပ်ဖို့ စီစဉ်နေတာ။ စည်ပင်ကိုဆောက်လုပ်ခွင့်ပါမစ်ရဖို့ တင်ထားတယ်။ ခွင့်ပြုချက်ကျတာနဲ့ စပြီး လုပ်မယ်။


တစ်ယောက်တည်းက ကိုယ်နိုင်သလောက် လုပ်နိုင်တာပေါ့။ နည်းနည်းကြီးလို့ ကိုယ်မနိုင်တာကျတော့ ရှယ်ယာခေါ်ပြီး လုပ်မှာပေါ့။ စီးပွားရေး အနေနဲ့ အစက တည်းက လုပ်သင့်တယ်။ နောက်က လိုက်လုပ်ပေး မယ့်သူ မိသားစုတွေထဲက ရှိရင်ကောင်းတာပေါ့။ အနု ပညာသမားတွေက အသက် ကြီးမှဆို အစကပြန် လုပ်ရမယ်။ 


အလုပ် လုပ်ပြီဆို ကိုယ်တိုင် နားလည်ထားမှလည်းဖြစ်မှ လေ။ မဆင့်အခုဒီဟာ လုပ်ဖြစ် တာကလည်း သူငယ်ချင်းကို လိုက်လုပ် ပေးရင်းနဲ့ စိတ်ဝင် စားလို့ လုပ်ဖြစ်တာ။ အနုပညာရှင်က စီးပွားရေးလုပ်တော့ လူသိ ပိုမြန်တယ်။ ဒါပေမဲ့ ကိုယ်က ပိုဂရုစိုက်ရတယ်။ ပိုလူသိမြန်သလို ကိုယ့်နာမည်တစ်လုံးအတွက် ပိုထိန်းသိမ်း၊ ဂရုစိုက် ရတာ ပိုများတယ်” လို့ ပြောပြခဲ့ပါတယ်။

Popular Journal , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment