Pages

Thursday, May 1, 2014

ရထားသံလမ်းတွင် လမ်းလျှောက်နေသူ အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ သဖြင့် သေဆုံး


RangonNewsDaily: May . 1 .2014
၁.၅.၂၀၁၄ရက်နေ့ ၁၂၀၅အချိန် တိုက်ကြီးမြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ ကျေးရွာအုပ်စု၊ ခြောက်တိုင်
ကွေ့ကျေးရွာအနီး ရန်ကုန်- ပြည်ရထားလမ်း မိုင်တိုင်အမှတ် (၄၂/၄၃)နှင့် (၄၂/၄၄)ကြား ရထားလမ်းပေါ်တွင် အမျိုးသမီးတစ်ဦး ရထားတိုက်ခံရ၍ သေဆုံးနေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက် (၃၅)နှစ်ခန့်ရှိ အမည်မသိ
အမျိုးသမီး တစ်ဦးဖြစ်ပြီး ရင်ခေါင်းပြတ်၊ ၀ဲလက်မောင်းပြတ်၊ ယာဒူးပြတ်၊ နဖူးထိပ်ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေသည်
ကိုတွေ့ရှိရ ပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ ၁၁၅၀ အချိန်ခန့်တွင် သေဆုံးသူအမျိုးသမီးမှာ ရထားသံလမ်းအတိုင်း ရထားလာသည့်ဘက်အား ကျောပေး၍ လမ်းလျှောက်နေစဉ် ရန်ကုန်ဘက်မှ ပြည်ဘက်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-1217 အမှတ်-၆၃ အဆန် စာပို့ရထား
မှ တိုက်မိခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့် ပတ်သက်၍ တိုက်ကြီးမြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေး လျက်

ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment