Pages

Thursday, May 1, 2014

ဘရူနိုင်းတွင် အစ္စလာမ္မစ် ပြစ်မှုဆိုင်ရာ ဥပဒေ စတင်ကျင့်သုံး


RangonNewsDaily: May . 1 .2014
ဘုရင်စနစ်ကျင့်သုံးတဲ့ ဘရူနိုင်းမှာ မေ ၁ ရက်နေ့ကစလို့ အစ္စလာမ္မစ် ပြစ်မှုဆိုင်ရာ ဥပဒေကို စတင်ကျင့်သုံးပြီ ဖြစ်လို့ အရှေ့တောင်
အာရှဒေသမှာ တင်းကျပ်တဲ့ဥပဒေကို ပထမဆုံး ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်လာပါတယ်။
ဥပဒေကို အဆင့် ၃ ဆင့် ကျင့်သုံးသွားမယ်လို့ ဘရူနိုင်းဘုရင်ဆူလတန်ဟာဆန်နယ်လ် ဘိုကီးယားက ကြေညာပါတယ်။

မေ ၁ ရက်နေ့မှာ စတင်မယ့် ပထမဆင့်အရ သောကြာနေ့ ၀တ်ပြုတာကို ပျက်ကွက်ရင်၊ တရားဝင် လက်မထပ်ဘဲ ကိုယ်ဝန်ဆောင်
ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရမှာ ဖြစ်ပါတယ်။
::
ဒုတိယအဆင့်ကတော့ နောင်နှစ်နှောင်းပိုင်းမှာ ကျင့်သုံးမှာ ဖြစ်ပြီး ပိုပြီး တင်းကျပ်တဲ့ အပြစ်ပေးတာတွေ ပါဝင်ပါတယ်။

ခိုးမှုနဲ့ လူမြင်ကွင်းမှာ အရက်သေစာ သောက်စားရင် ခြေလက်ဖြတ်တောက်တာနဲ့ ကြိမ်ဒဏ်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
::
နောင်နှစ်နှောင်းပိုင်းမှာပဲ တတိယအဆင့် ကျင့်သုံးတဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်ရင်၊ တိရစ္ဆာန်တွေ
နဲ့ လိင်ဆက်ဆံရင်၊ ကိုရမ်
ကျမ်းနဲ့ တမန်တော်ကို စော်ကားရင် သေတဲ့အထိ ကျောက်တုံးတွေ ပစ်ပေါက်ပြီး ဒဏ်ပေးတဲ့နည်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ရေနံနဲ့ ဓာတ်ငွေကြွယ်ဝတဲ့ ဘရူနိုင်းမှာ ရွေးကောက်ပွဲ မရှိပေမယ့် လူတွေ ၀င်ငွေ မြင့်မားတာ၊ ၀င်ငွေခွန် ကင်းလွတ်တာ
နဲ့ အခမဲ့
ပညာရေးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုကို ဘုရင်က ထောက်ပံ့တာကြောင့် အသက် ၆၇ နှစ်အရွယ် ဘုရင်ကြီးနဲ့ နိုင်ငံရေးစနစ်အပေါ်
 ဝေဖန်တာ မရှိသလောက်ပါပဲ။
::
ဒါပေမယ့် ဥပဒေပြဋ္ဌာန်းချက်တွေ အများစုဟာ မွတ်စလင်မဟုတ်သူတွေအပေါ်မှာလည်း အကျုံးဝင်မှာ ဖြစ်လို
့ ရေနံလုပ်ငန်းမှာ လုပ်
ကိုင်နေတဲ့ အနောက်တိုင်းသား အလုပ်သမားတွေနဲ့ ထောင်ပေါင်းများစွာသော တရုတ်နွယ်ဖွား ဘရူနိုင်းတွေနဲ့ ခရစ်ယာန်ဘာသာ
ဝင် ဖိလစ်ပိုင်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

DVB ::--
KOLATT(PBDN)
RangonNewsDaily

မှတ်ချက် ။ ။

**အစ္စလာမ် ဥပဒေနှင့်အညီ ပြစ်မှုဆိုင်ရာဥပဒေ စတင်ကျင့်သုံး တော့မည် ဘရူနိုင်းဘုရင်ဆူလတန်ဟာဆန်နယ်လ် 
ဘိုကီးယား ရဲ့ ဆုံးဖြတ်ချက်ကိုကြိုဆိုပါတယ် **


0 comments:

Post a Comment