Pages

Thursday, May 1, 2014

မော်တော်ယာဉ်ဟောင်း စလစ်ဈေး ပြန်တက်


RangonNewsDaily: May . 1 .2014
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်အို ယာဉ်ဟောင်း အပ်နှံခွင့် “၁က” အက္ခရာအထိ အပ်နှံခွင့် ပြု
ထားသော်လည်း အပ်နှံသူ နည်းပါးခြင်းကြောင့် စလစ်ဈေးနှုန်းများ ပြန်လည် မြင့်တက်လာကြောင်း မော်တော်ယာဉ် ဈေးကွက်အ
တွင်းထံမှ သိရသည်။
စလစ်ဈေးနှုန်းများမှာ သင်္ကြန်မတိုင်မီ (ဧပြီလ ဒုတိယပတ်အတွင်း) က ကျပ်သိန်း ၉၀ ဝန်းကျင်သာ ဈေးပေါက်ခဲ့သော်လည်း သင်္ကြန်
အပြီး (ဧပြီလ တတိယပတ်အတွင်း) တွင် ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာကာ ထပ်မံမြင့်တက်ဖွယ် ရှိကြောင်း မော်တော်ယာဉ် ဝယ်ရောင်းများက ပြောဆိုသည်။

“မတ်လတုန်းက ဖြစ်ခဲ့တဲ့ ဈေးလောက်အထိ ပြန်ဖြစ်နိုင်ခြေ ရှိတယ်။ အပ်ကား အပ်တဲ့သူတွေ ပုံမှန် ပြန်ဖြစ်လာရင်တော့ စလစ်ဈေး

က ပုံမှန် ပြန်ဖြစ်သွားမှာပါ” ဟု သီရိမင်္ဂလာ ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝယ်ရောင်း ဦးကျော်မြင့်အောင်က ပြောကြားသည်။

အောက်တိုဘာလ ဝန်းကျင်တွင် စလစ်ဈေး ပြန်ကျနိုင်ခြေ ရှိကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ဦးသူရိန်က ခန့်မှန်းပြောဆိုသည်။

စလစ်ဈေးနှုန်းများသည် မတ်လအတွင်းက ကျပ်သိန်း ၁၂၀ ဝန်းကျင်အထိ ဈေးပေါက်ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု

ဦးစီးဌာနက “၁က” အက္ခရာ အပ်နှံခွင့် ပြုလိုက်သည့် ဧပြီလ ဆန်းပိုင်းတွင် စလစ်ဈေးနှုန်း ပြန်လည် ကျဆင်းခဲ့ကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းထံမှ သိရသည်။

စလစ်ဈေးနှုန်း ပြန်လည် မြင့်တက်နေသော်လည်း အရောင်းအဝယ် ကောင်းမွန်ကြောင်း စလစ်အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။

လက်ရှိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုမှာ ဧပြီလ ၂၉ ရက်နေ့အထိ “အ” အက္ခရာယာဉ် အပ်နှံပြီးစီးမှု အစီးရေ ၇၃၃၇ စီးနှင့် အပ်နှံ

ရန် ကျန်ရှိနေသော အစီးရေမှာ ၁၂၈၁ စီးဖြစ်၍ အပ်နှံရမည့် အစီးရေပေါင်းမှာ ၈၆၁၈ စီးဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်
ကြားမှုဦးစီး ဌာနထံမှ သိရသည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment