Pages

Monday, January 12, 2015

အကြမ်းဖက် ဆက်နွှယ်မှု စွဲချက်ဖြင့် အစ္စလမ် ဘာသာဝင် ၂၀ ဦးကိုထောင်ဒဏ်နှစ်ရှည် ချမှတ်

RangonNewsDaily:: January . 12 .2015 ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေး ခံနေရသော အစ္စလမ် ဘာသာဝင် ၂၀ ဦးကို တောင်ကြီး ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇ နှစ်မှ ထောင်ဒဏ် ၁၉ နှစ် အထိ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရသည်...

ညီမလေးအတွက် စကားလက်ဆောင်

RangonNewsDaily:: January . 12 .2015 ညီမလေးရေလူဆိုတာ တစ်ဦးတစ်ယောက်တည်း ပတ်ဝန်းကျင်နဲ့ကင်းကင်းရှင်းရှင်းနေရတဲ့ မျိုးနွယ်မဟုတ်ဘူးနော်။ လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းနဲ့ နေကြတဲ့အခါ သင့်တင့်လျောက်ပတ်၊ လိုက်လျောညီထွေဖြစ်အောင် နေတတ်ပါမှ ငါ့ညီမလေးပြည့်စုံမယ်။ တကိုယ်ကောင်းဆန်တဲ့စိတ်၊ တဖက်သားကို တွေးမပေးတတ်တဲ့ စိတ်တွေက ငါ့ညီမကို ဒဏ်ခတ်တဲ့အခါ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ စိတ်မောရတတ်တယ်။ လူဆိုတာ အပြန်အလှန်အသိအမှတ်ပြု၊...

ငယ်ငယ်ကတည်းက အနုပညာကို ၀ါသနာပါလွန်းတာကြောင့် ဒီလောကထဲ ၀င်လာဖြစ်ခဲ့တာလို့ ဆိုတဲ့ ငွေမှုန်ရတီ

RangonNewsDaily:: January . 12 .2015 အနုပညာလောကမှာ လက်ရှိ လူကြိုက်များနေတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီရဲ့ညီမ ငွေမှုန်ရတီဟာ အသက် ၁၃ နှစ်သာ ရှိသေးပေမယ့် အနုပညာဝါသနာ ကြီးမားတာကြောင့် ကျောင်းပညာရေး တစ်ဖက်နဲ့ကို ဇာတ်ကားများကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ အဲ့တာကြောင့် သူမရှိရာ ရှုတင်သို့သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့ခါ...

MPT ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းတို့ အတွက် ပြန်လည် လျှောက်ထားခကို ၁,၅၀၀ ကျပ် သတ်မှတ်

RangonNewsDaily:: January . 12 .2015 MPT က ၎င်းတို့ ရောင်းချထားသည့် ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားခကို ၁,၅၀၀ ကျပ်သို့ လျှော့ချသတ်မှတ်လိုက်ပြီဖြစ်သည်...

စည်းစိမ်အကုန်ရင်းပြီး ရုပ်ရှင်တစ်ကားပြီးအောင်ရိုက်ခဲ့တဲ့ ဗင်ဒီဇယ်

RangonNewsDaily:: January . 12 .2015 ဗင်ဒီဇယ် ကို Fast and Furious ကားမောင်း အက်ရှင် ရုပ်ရှင် ကြည့်ဖူးသူများ သိမှာပါ။ သူ့မှာ အခြားသော အောင်မြင်တဲ့ ဇာတ်ကားပေါင်း များစွာ ရှိနေသေးပြီး ယင်းထဲမှာ Riddick လည်း ပါဝင်ပါတယ်။ ၂၀၁၃ ခုနှစ်က ရုံတင်ပြသတဲ့ Riddick ကို ရိုက်ဖို့အတွက် ပရိုဂျူဆာနဲ့ ဒါရိုက်တာတို့မှာ ငွေ အလုံအလောက် မရှိပါဘူး...

တောင်ငူမြို့မဈေး ခေါင်မိုးပေါ်တွင် လက်ပစ်ဗုံးဟောင်း တစ်လုံးတွေ့ရှိ

RangonNewsDaily:: January . 12 .2015 တောင်ငူမြို့ မြို့မဈေးတွင် ရွှေဆိုင် ခေါင်းမိုးပေါ်တွင် ၉၁ လက်ပစ်ဗုံး အဟောင်းတစ်လုံးကို ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီခန့်တွင် တွေ့ရှိခဲ့သည်ဟု တောင်ငူရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်...

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင် ရိုဟင်ဂျာ ကား ၅ စီးပေါ်ပါ ရိုဟင်ဂျာ ၁၀၀ နီးပါး ထိုင်းရဲ ထိန်းသိမ်း၊ ၁ ဦး သေဆုံး

RangonNewsDaily:: January . 12 .2015 ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်မှာ ရဲက တရားမ၀င် ၀င်ရောက်မှု သံသယနဲ့ ကား ၅ စီးကို လိုက်လံဖမ်းဆီးရာ ကားပေါ်မှာ ရိုဟင်ဂျာ ၉၈ ဦးကို ထိန်းသိမ်းပြီး အဲဒီထဲက အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်...

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ကားမှောက်၊ မြန်မာ ၃ ဦးသေဆုံး ၆ ဦးဒဏ်ရာရ

RangonNewsDaily:: January . 12 .2015 ထိုင်းနိုင်ငံ အလယ်ပိုင်း ပရကျူတ်ခီရီခန် ခရိုင်ထဲမှာ မြန်မာနိုင်ငံ သားတွေ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ပြီး ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်...

ခရိုအေးရှား သမ္မတရွေးကောက်ပွဲတွင် ဂရက်ဘာကီတာရိုဗစ် ပထမဆုံး အနိုင်ရ အမျိုးသမီး ဖြစ်လာ

RangonNewsDaily:: January . 12 .2015 အတိုက်အခံခေါင်းဆောင် ကိုလင်ဒါ ဘရက်ဘာကီတာရိုဗစ်သည် ခရိုအေးရှား သမ္မတရွေးကောက်ပွဲတွင် ပထမဆုံး အနိုင်ရရှိသည့် အမျိုးသမီး ဖြစ်လာခဲ့သည်...

ထိုင်းယာယီအလုပ်လုပ်ခွင့် ကဒ်ပြားသက်တမ်း မတ်လနောက်ဆုံး

RangonNewsDaily:: January . 12 .2015 ထိုင်းနိုင်ငံတွင်း ယာယီအလုပ်လုပ်ကိုင်ခွင့် ဘတ်ကဒ်လို့ခေါ်တဲ့ ပန်းရောင်ကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာ-လာအို၊ ကမ္ဘောဒီးယားသုံးနိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ကို မတ်လကုန်နောက်ဆုံးထားပြီး သုံးလအတွင်း အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်း အလုပ်သမား ကြီးကြပ်ရေးဝန်ကြီးဌာနက ဆော်သြလိုက်ပါတယ်။ ...

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယွန်းအုပ်လေလံ သိန်း ၂၆၀ ရရှိ

RangonNewsDaily:: January . 12 .2015 NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယွန်းအုပ်ကို လေလံတင်ခဲ့ရာ သိန်း ၂၆၀ ရရှိခဲ့ကြောင်း သိရသည်...

Father Land ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံ ကြိုတင်လွှဲပြောင်းဟုဆို

RangonNewsDaily:: January . 12 .2015 ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခံရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်က ရဲစခန်းသို့ သွားရောက်အဖမ်းမခံမီ ၎င်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို နာရီဆိုင်များ ဖွင့်လှစ်ထားသော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံ လွှဲပြောင်းခဲ့ကြောင်း Father Land ကုမ္ပဏီပိုင်ရှင် ဖြစ်သူ ဦးကျော်မြင့်ကို တရားစွဲဆိုသူများထံမှ စုံစမ်းသိရှိရသည်...

သုံးခွမြို့နယ်၊ ခရမ်း-သုံးခွကားလမ်းပေါ်တွင် တိုယိုတာပရိုဘောက်စ် အငှားယာဉ် အရှိန်မထိန်းနိုင် ဘဲ တံတားအုတ်ခုံအား တိုက်မိသဖြင့် (၁)ဦးသေ၊ (၆)ဦးဒဏ်ရာရ

RangonNewsDaily:: January . 12 .2015 ၁၁.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန် သုံးခွမြို့နယ်၊ ခရမ်း-သုံးခွကားလမ်းအတိုင်း ခရမ်းမြို့နယ်ဘက်မှ သုံးခွမြို့နယ်ဘက်သို့ သာကေတမြို့နယ်နေ ယာဉ်မောင်း ကိုသန်းနွယ်ဦး (၄၂)နှစ်၊ မောင်းနှင်လာသော DD---- တိုယိုတာပရိုဘောက်စ် အငှားယာဉ်သည် သူကြီးပတုတ်ကျေးရွာ၊ မိုင်တိုင်အမှတ်(၄၁/၆)နှင့်(၄၁/၇)ကြားအရောက် အမှတ်(၁/၄၂)တံတားအုတ်ခုံအား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိခဲ့သည်...

ဖုန်းဆိုင်အတွင်းမှ ဟန်းဆက်များ၊ ဆက်စပ်ပစ္စည်းများနှင့် ငွေများ စုစုပေါင်းတန်ဖိုး သိန်း (၁၅၀)ကျော် ခိုးယူခံရမှုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှဖော်ထုတ်ဖမ်းဆီးရမိ

RangonNewsDaily:: January . 12 .2015 ၃.၁.၂၀၁၅ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဦးကျော်ဇင်ဝင်းသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၄)ရပ်ကွက်၊ ပင်လုံလမ်းတွင်ဖွင့်လှစ်ထားသော ၎င်းပိုင် ဖုန်းအရောင်းဆိုင်အား သော့ပိတ်၍နေအိမ်သို့ပြန်လာခဲ့ပြီး ၄.၁.၂၀၁၅ ရက်နေ့ ၀၉၀၀ အချိန်ခန့်တွင် ဆိုင်အားသွားရောက်ဖွင့်လှစ်ရာ အတွင်း၌ ပစ္စည်းများပြန့်ကျဲနေပြီး ဟန်းဆက်မျိုးစုံ(၄၈)လုံး၊...
 
world time