Pages

Monday, January 12, 2015

ငယ်ငယ်ကတည်းက အနုပညာကို ၀ါသနာပါလွန်းတာကြောင့် ဒီလောကထဲ ၀င်လာဖြစ်ခဲ့တာလို့ ဆိုတဲ့ ငွေမှုန်ရတီ


RangonNewsDaily:: January . 12 .2015
အနုပညာလောကမှာ လက်ရှိ လူကြိုက်များနေတဲ့ သရုပ်ဆောင် ရွှေမှုန်ရတီရဲ့ညီမ ငွေမှုန်ရတီဟာ အသက် ၁၃ နှစ်သာ ရှိသေးပေမယ့် အနုပညာဝါသနာ ကြီးမားတာကြောင့် ကျောင်းပညာရေး တစ်ဖက်နဲ့ကို ဇာတ်ကားများကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ အဲ့တာကြောင့် သူမရှိရာ ရှုတင်သို့သွားရောက်တွေ့ဆုံမေးမြန်းဖြစ်တဲ့ခါ
“ခုရိုက်နေတဲ့ ကားလေးက Love အချစ်ပေါ့ ။ လူငယ်အပျော် ဟာသကားလေးပါပဲ။ ဒါရိုက်တာက ကိုသြရသပါ။မင်းသားက ကိုရန်လေးပါမယ်။ ကိုကောင်းပြည့်ပါမယ်။ ကိုရန်လေးတို့က ဒီကားထဲမှာ မိန်းမလျှာတွေပေါ့။ ကောင်းပြည့်က ဂျပန်က ပြန်လာမယ်။ မိန်းမလျှာတွေက သူ့ကို ကြိုက်ကြမယ်။ သူ့ကို လုကြမယ်ပေါ့။ ပေါ့ပါးတဲ့ အပျော်ဇာတ်လေးပါပဲ။

 ငွေမှုန်က ဒီကားထဲမှာ ကိုကောင်းပြည့်ကို မခို့တရို့လေး ကြိုက်တယ်။ ၁၀ တန်း နှစ်ခါကျတဲ့ ကောင်မလေး ၊ လွှမ်းပိုင်ကို အရမ်းသဘောကျပြီး ရက်ပါစတိုင် လိုက်ခိုးတဲ့ ကောင်မလေးပေါ့”လို့ သူမက ဖွင့်ဟပါတယ်။


ခုလို သူမထက် အများကြီး တတ်သိနားလည်တဲ့ ကိုရန်လေးတို့၊ ကိုကောင်းပြည့်တို့နဲ့ တွဲရိုက်ရတဲ့အတွက် ပညာရပါတယ်လို့ ဆိုတဲ့ သူမက ပညာရေးနဲ့အနုပညာကို ဟန်ချက်ညီညီ သူမတွဲဖက်လုပ်ကိုင်မယ့် အကြောင်းကိုလည်း “ငယ်ငယ်လေးကတည်းက အနုပညာကို ငွေမှုန် အရမ်းဝါသနာပါတယ်။ အခန်းပိတ်ပြီး အိုက်တင်တွေ လုပ်တယ်။ 

အမေကလဲ ရယ်တယ်။ အရွယ်လဲ ရောက်လာရော အမေက မော်ဒယ်လ်သင်တန်းပို့လိုက်တယ်။ ပွဲတွေလျှောက်တယ်။ ပြီးတော့ ကားရိုက်တယ်ပေါ့။ ပညာရေးကတော့ N3 မှာ ၈တန်း တက်နေတယ်။ ရုပ်ရှင်ရိုက်နေတဲ့ အချိန်ကျရင် ကျောင်းနားထားတယ်။ ပျက်လိုက်၊ နားလိုက်ပေါ့နော်။ စာမေးပွဲတော့ သွားဖြေမယ်။ အဲလိုပဲ လုပ်မှရမယ်။ မဟုတ်ရင်လဲ ရှုတင်တွေဖျက်ဖို့ကျတော့ ခုမှ ငွေမှုန်က စရိုက်တာဆိုတော့ အဆင်မပြေပြန် ဘူး။ ညှိပြီးတော့ လုပ်ရမှာပေါ့နော်။ ပညာရေးရော၊ အနုပညာရော နှစ်ဖက်စလုံး ကိုပေါ့။ ငွေမှုန် အတတ်နိုင်ဆုံးလဲ ကြိုးစား သရုပ်ဆောင်သွားပါမယ်”တဲ့။


ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး ဟာသကားတွေ အရိုက်များနေတယ်လို့ ဆိုတဲ့ သူမက လာမယ့် ၂၆ ရက်နေ့မှာ အစ်မဖြစ်သူ ရွှေမှုန်ရတီ၊ ဇေရဲထက်တို့နဲ့အတူ တစ်ကားရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အစ်မဖြစ်သူဆီက ဘာတွေလေ့လာသင်ယူဖြစ်သလဲဆိုတဲ့အကြောင်း မေးကြည့်လိုက်တော့ “ရွှေမှုန်ကတော့ ရှုတင် အရမ်းများတယ်။ ပြန်လာတဲ့အချိန်လဲ နောက်ကျတယ်။ သူအားတယ်။ စိတ်ကြည်တယ်ဆိုရင် အိုက်တင်ပိုင်းနဲ့ပတ်သတ်ပြီး တတ်သလောက် မှတ်သလောက် ပြောပြပါတယ်”လို့ ပြောပြသွားပါတယ်။

Trend Myanmar , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment