Pages

Monday, January 12, 2015

ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ကားမှောက်၊ မြန်မာ ၃ ဦးသေဆုံး ၆ ဦးဒဏ်ရာရ


RangonNewsDaily:: January . 12 .2015
ထိုင်းနိုင်ငံ အလယ်ပိုင်း ပရကျူတ်ခီရီခန် ခရိုင်ထဲမှာ မြန်မာနိုင်ငံ သားတွေ တင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ပြီး ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်းနိုင်ငံသား ကားမောင်းသမားနဲ့ အဖော်ဖြစ်သူ စုစုပေါင်းလူ ၉ ဦး တင်ဆောင်လာတဲ့ အဖြူရောင်မှန်လုံ ဟိုင်းလပ်စ်ကားဟာ ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့ကနေ ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ကျနပူရီခရိုင်ကိုအသွား ဇန်န၀ါရီ ၁၁ ရက်နေ့ မနက် ၅ နာရီအချိန် မတော်တဆထိခိုက်မှု ဖြစ်ခဲ့တယ်လို့ ပကျူတ်ခီရီခန်ခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မှူး ယုဒ်ဝရစ် ထောင်းန်ဆုန်က သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ မြန်မာနိုင်ငံသား ၇ ဦးဟာ ကန်ကျနပူရီခရိုင် ဆန်ခရပူရီ မြို့နယ် ဘုရားသုံးဆူဘက်ကို သွားဖို့ အဲဒီကားကို စင်းလုံးငှားခဲ့တာလို့ ဆိုပါတယ်။
::
အဆိုပါကားဟာ ဖစ်ကဆဲမ်လမ်းမပေါ်မှာ မောင်းနှင်ရင်း ကော်လပ်ရပ်ကွက် နောင်ဗိုဘုန်းကြီးကျောင်း နားအရောက် အရှိန်လွန်ပြီး သစ်ပင်နဲ့ တိုက်မိတဲ့အတွက် လမ်းဘေးဘက်ကို တိမ်းမှောက်သွားတာလို့ တာဝန် ကျရဲအရာရှိ ကပြောပါတယ်။

ဒီမတော်တဆထိခိုက်မှုမှာ ယာဉ်မောင်းသူဟာ အိပ်ငိုက်ပြီး အမြန်နှုန်းနဲ့ မောင်းနှင် လာတဲ့အတွက် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို ၀င်တိုက်တာလို့ ရဲစခန်းက သုံးသပ်ထားပါတယ်။
::
ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးနဲ့ ၁ နှစ်ရွယ် ကလေးငယ်တဦးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သူ ၆ ဦးကို ပရကျူတ်ခီရီခန်ဆေးရုံသို့ ပို့ဆောင်ထားကာ ယာဉ်မောင်းဖြစ်သူ ထိုင်းလူမျိုးမှာ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ်ခန်းကို ပို့ဆောင်ထားတယ်လို့ ရဲအရာရှိက သတင်းထောက်တွေကို ပြောသွားပါတယ်။

DVB ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment