Pages

Monday, January 12, 2015

သုံးခွမြို့နယ်၊ ခရမ်း-သုံးခွကားလမ်းပေါ်တွင် တိုယိုတာပရိုဘောက်စ် အငှားယာဉ် အရှိန်မထိန်းနိုင် ဘဲ တံတားအုတ်ခုံအား တိုက်မိသဖြင့် (၁)ဦးသေ၊ (၆)ဦးဒဏ်ရာရ


RangonNewsDaily:: January . 12 .2015
၁၁.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန် သုံးခွမြို့နယ်၊ ခရမ်း-သုံးခွကားလမ်းအတိုင်း ခရမ်းမြို့နယ်ဘက်မှ သုံးခွမြို့နယ်ဘက်သို့ သာကေတမြို့နယ်နေ ယာဉ်မောင်း ကိုသန်းနွယ်ဦး (၄၂)နှစ်၊ မောင်းနှင်လာသော DD---- တိုယိုတာပရိုဘောက်စ် အငှားယာဉ်သည် သူကြီးပတုတ်ကျေးရွာ၊ မိုင်တိုင်အမှတ်(၄၁/၆)နှင့်(၄၁/၇)ကြား
အရောက် အမှတ်(၁/၄၂)တံတားအုတ်ခုံအား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူများအနက် အမျိုးသမီး(၁)ဦးမှာ ဒဏ်ရာရရှိမှု
မရှိဘဲ မြောက်ဥက္ကလာပမြို့နယ်နေ ဦးတင်မြင့်(၆၀)နှစ်မှာ နှာခေါင်း၌သွေးထွက်
ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်ယာဉ်မောင်းပါ အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ဖူးရောင်၊ ပွန်းပဲ့၊ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ်ကုသခဲ့ရ
ပါသည်။


ယင်းသို့ ယာဉ်မဆင်မခြင်းမောင်းနှင်သူ ယာဉ်မောင်း ကိုသန်းနွယ်ဦးအား သုံးခွမြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police ::--KOLATT(PBDN)
RangonNewsDaily 


0 comments:

Post a Comment