Wednesday, October 2, 2013
Breaking News :: သံတွဲမြို့ နောက်ဆက်တွဲသတင်း (ည ၁၁း၁၅ )
RangonNewsDaily:: October. 2.2013
သံတွဲမြို့ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် ဗောဓိကုန်းရပ်ကွက်ရှိ
အိမ်တစ်လုံးအား အကြမ်းဖက်သမားများမှ မီးရှို့ခဲ့ပြီး ဦးရှဖီးယား၏
အိမ်အားလည်း မီးကွင်း ၂-ကြိမ်ပစ်ခဲ့ကာ ပထမအကြိမ်တွင် သစ်ပင်အား ထိမှန်၍
မီးမလောင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အိမ်ကို မီးအနည်းငယ်
လောင်ကျွမ်းခဲ့ပါတယ်။
သံတွဲ နောက်ဆက်တွဲသတင်း ည ၁၁း ၀၀ (အောက်တိုဘာ ၂ ရက် ၂၀၁၃)
RangonNewsDaily:: October. 2.2013
သံတွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရှိမနေပါ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲ အဏ္ဏ၀ါရပ်ကွက် ငပလီ အဏ္ဏ၀ါရိပ်သာမှာ ရှိနေကြောင်းသတင်းမှာ မမှန်ကန်ကြောင်း ထပ်မံသိရပါသည်။ ::
ယခုအချိန် (ည ၁၀း၀၀-နာရီ) မှာပင် ရခိုင် အကြမ်းဖက်သမားများက သံတွဲ ဘောဓိကုန်းအား မီးတင်ရှို့နေကြောင်း၊

သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ

RangonNewsDaily:: October. 2.2013
သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံရမှုကြောင့်
သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း
မသိရှိနိုင်သေးတာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ
၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံအတိုင်း
မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။
![]() |
RangonNewsDaily:: October. 2.2013
သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေးတာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံအတိုင်း မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။

Breaking News:: သံတွဲမြို့ ရွှေကျောင်းပြင်ရပ်ကွက်အားလည်း အကြမ်းဖက်သမားများ ၀ိုင်းထား ၁၀း၃၅-နာရီ)
RangonNewsDaily:: October. 2.2013
သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေရာမှ ယခုအခါ ကမန်
တိုင်းရင်းသားအများစုနေထိုင်သည့် ရွှေကျောင်းပြင်ရပ်ကွက်ကို အကြမ်းဖက်ရန် အကြမ်းဖက်သမားများ ၀ိုင်း
ထားသည်ဟု သံတွဲမြို့မှ သတင်းရရှိပါတယ်။
သံတွဲ ဇီးကျွန်းရှိ ကမန်တိုင်းရင်းသားပိုင် လယ်တောများအား အကြမ်းဖက်မီးရှို့ (ည ၇း၃၀)
RangonNewsDaily:: October. 2.2013
သံတွဲမြို့ ဇီးကျွန်းကျေးရွာရှိ ကမန်မွတ်စလင်မ်ပိုင် လယ်တောများအား ယနေ့ည ၇း၃၀-နာရီခန့်က အကြမ်းဖက်သမားများက ၀င်ရောက် မီးရှို့နေတယ်လို့ သိရပါတယ်။အဆိုပါ ဇီးကျွန်းကျေးရွာတွင် မွတ်စလင်မ်အိမ်များမရှိပဲ ကမန်တိုင်းရင်းသားများ ပိုင်သည့် လယ်တောများနှင့် လယ်တဲ (၂၀)ခန့်သာရှိကြောင်း၊ လယ်တော မည်မျှကို မီးရှို့နေကြောင်း အတိအကျ မသိရသော်လည်း

အိမ်ထောင်ရေးအဆင်မပြေသဖြင့် အမျိုးသားတစ်ဦး ဆွဲကြိုးချသတ်သေ
RangonNewsDaily:: October. 2.2013
မရမ်းကုန်းမြို့နယ် မြိုင်ဟေ၀န်အိမ်ရာတွင် အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကိုဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့မှုတစ်ခု စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည်။ သေဆုံးသူမှာ မြိုင်ဟေ၀န်အိမ်ရာ၊ တိုက် (၃)၊ အခန်း(၅၀၁)တွင် နေထိုင်သည့် ဦးဖြိုးကြွယ်စိုး (၃၅)နှစ် ဖြစ်သည်ဟု သွားရောက် စစ်ဆေးခဲ့သည့် မရမ်းကုန်းရဲတပ်ဖွဲ့ကအတည်ပြုထားသ ည်။
မရမ်းကုန်းမြို့နယ် မြိုင်ဟေ၀န်အိမ်ရာတွင် အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကိုဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့မှုတစ်ခု စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည်။ သေဆုံးသူမှာ မြိုင်ဟေ၀န်အိမ်ရာ၊ တိုက် (၃)၊ အခန်း(၅၀၁)တွင် နေထိုင်သည့် ဦးဖြိုးကြွယ်စိုး (၃၅)နှစ် ဖြစ်သည်ဟု သွားရောက် စစ်ဆေးခဲ့သည့် မရမ်းကုန်းရဲတပ်ဖွဲ့ကအတည်ပြုထားသ
လစာကိစ္စ အဆင်မပြေသဖြင့် ရန်ကုန်အသင်းမှ ထွက်ခွာလိုဟု ကြည်လင်း ဖွင့်ဟ
RangonNewsDaily:: October. 2.2013
ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ကစားသမား ကြည်လင်းကလစာကိစ္စအဆင်မပြေသဖြင့်
အသင်းမှ ထွက်ခွာလိုကြောင်း မဇ္ဈိမသို့ ပြောသည်။ ကြည်လင်းမှာ ရန်ကုန်အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကစားနေသော ငယ်မွေးခြံပေါက်ကစားသမား တစ်ဦးဖြစ်ကာ ရန်ကုန်
ပရိသတ်အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ယုဇန ဥယျာဉ်အိမ်ရာတွင် လိုင်စင်မဲ့ယာဉ်တစ်စီး ထပ်မံဖမ်းဆီးရမိ
RangonNewsDaily:: October. 2.2013
ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာတွင် လိုင်စင်မဲ့ယာဉ်တစ်စီးကို စက်တင်ဘာ ၃၀ ရက်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။::
ဒဂုံဆိပ်ကမ်းရဲစခန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စုတို့ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ (၉၄) ရပ်ကွက်၊ ယုဇနအိမ်ရာ အေ (၁၅)လမ်း၊ အခန်း(၀၀၂)ရှေ့တွင် လိုင်စင်မဲ့ယာဉ်တစ်စီးရပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြသည်ဟု ဆိုထားသည်။

လုံခြုံရေး အားနည်းမှုကြောင့် ဆူးလေအနီးတွင် တရားမဝင် ငွေလဲလှယ်လုပ် ငန်းဖြင့် လိမ်လည်နေသူများ ရှိနေသေး
RangonNewsDaily:: October. 2.2013
လုံခြုံ ရေး အားနည်းမှုကြောင့် မဟာ ဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် နိုင်ငံခြားငွေ တရားမဝင်ငွေလဲ လှယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူ များက ငွေလာရောက်လဲလှယ်သူ များကို တစ်ပတ်ရိုက်လိမ်လည်မှု များ ပြုလုပ် နေခြင်းများ ယနေ့ တိုင် ရှိနေသေးကြောင်း ယင်း အနီးတစ်ဝိုက်တွင် တရားရုံးဝန် ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေ သူများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်
RangonNewsDaily:: October. 2.2013
Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ သတင်းရရှိသည်။ အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊
မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊
အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂို ထောင် တွဲ လျှက်) သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန်လာရောက်ခဲ့သ ည်။
Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွာ
တောင်သူလယ်သမားအသင်း တရားဝင်မှတ်ပုံတင် ကျပြီး တစ်ရက်အကြာ ဖျက်သိမ်းခံရ
RangonNewsDaily:: October. 2.2013
မြန်မာ နိုင်ငံ တောင်သူလယ်သမား အသင်းမှာမှတ်ပုံတင်ကျပြီး တစ်ရက် အကြာတွင် ဖျက်သိမ်းခံရကြောင်း သိရသည်။ အဆိုပါအသင်း တရားဝင် ဖွဲ့စည်းခွင့်မှတ်ပုံတင်ကို ဇွန်လ ၇ ရက်ကရရှိခဲ့ပြီး ဇွန်လ ၈ရက် တွင် အကြောင်းပြချက် တစ်စုံတစ်ရာ မှမရှိဘဲ အသင်းဖွဲ့စည်းခွင့်မှတ် ပုံတင်အား ပြန်လည်ဖျက်သိမ်း ခြင်းခံခဲ့ရကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

ကလေးတွင် တောင်ကျချောင်းရေကြောင့် တံတားငါးစင်းပျက်စီး
RangonNewsDaily:: October. 2.2013
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင် စက်တင်ဘာလ နှောင်းပိုင်းက မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး ကလေး မြို့နယ်တွင် ဒေသခံများ အသုံးများသော အဓိကတံတားငါးစင်း ပျက်စီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

နေအိမ်တွင်လာတည်းသူ အမျိုးသမီးထံမှ ရွှေများလု၊ လူကို မြစ်ထဲပစ်ချ
RangonNewsDaily:: October. 2.2013
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီးသွားရင်း မိတ်ဆွေအိမ် ဝင်ရောက်တည်းခိုသူ အမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံက မြစ်ကမ်းနံဘေးသို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောကြားသည်။