Pages

Wednesday, October 2, 2013

နေအိမ်တွင်လာတည်းသူ အမျိုးသမီးထံမှ ရွှေများလု၊ လူကို မြစ်ထဲပစ်ချ

RangonNewsDaily:: October. 2.2013
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီးသွားရင်း မိတ်ဆွေအိမ် ဝင်ရောက်တည်းခိုသူ အမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံက မြစ်ကမ်းနံဘေးသို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောကြားသည်။

ယင်းနေ့ညက လုယက်ခံရသူ ဒေါ်ငုဝါကို မြစ်ကမ်းဘေးတွင် အိမ်ရှင်အမျိုးသမီးက ချုပ်နှောင်ပြီး အမျိုးသားက လည်ပင်းညှစ်ကာ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်တို့ဖြုတ်ယူ၍ လူကို စောင်ဖြင့်ပတ်ကာ ဧရာဝတီမြစ်တွင်း ပစ်ချခြင်း ဖြစ်ကြောင်း ဒေါ်ငုဝါက ပြောဆိုသည်။

မြစ်ထဲသို့ပစ်ချခံရစဉ် သတိလစ်ခြင်း မရှိဘဲ ရေစီးအတိုင်း မျောပါပြီး သမန်းကုန်းရွာ အရောက် ကမ်းပေါ်သို့ တက်၍ နီးစပ်ရာ အိမ်တွင် အကူအညီတောင်းကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကရှင်းပြ သည်။

သံသယရှိသူ ဇနီးမောင်နှံနှစ်ဦးကို (ပ) ၁၂၄/၂၀၁၃ ပုဒ်မ ၃၉၄ လုယက်မှုဖြင့် အရေးယူထားကြောင်း ဇလွန်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment