Pages

Wednesday, October 2, 2013

ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ

ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ

ရည်မွန် ၊ စိုးချစ်ချစ်ပိုင်

ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့်အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်းနားတွင် ရာထူး တိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။

ရဲဒုတပ်ကြပ် ခင်မောင်မြင့် သည် ပေးအပ်သောတာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း၊ မိမိကိုယ်ကိုမိမိ ယုံကြည်ချက်ထား ခြင်း၊ တပ်ဖွဲ့ဝင်အချင်း ချင်းပေါ် တွင် ရိုင်းပင်ကူညီတတ်သည့်စိတ် ဓာတ်ရှိသူဖြစ်ခြင်း၊ 

အခြားတပ်ဖွဲ့ ဝင်များနှင့်မတူဘဲ လုပ်ငန်းတာ ဝန်ကို ထူးခြားစွာဆောင်ရွက်ခဲ့ သည့် တပ်ဖွဲ့ဝင်ဖြစ်ခြင်း၊ ၎င်းတာ ဝန်ကျသည့်နေရာသည် ယာဉ် ကြောရှုပ်ထွေး သည့် နေရာဖြစ် သော်လည်း ယာဉ်ကြောကို နိုင် နိုင်နင်းနင်း ရှင်းလင်းဆောင်ရွက် နိုင်မှုရှိခြင်း၊ 

တစ်နှစ်ပတ်လုံးခွင့် မယူဘဲ လုပ်ငန်းတာဝန်ကို အချိန် ပြည့် တက်ကြွစွာထမ်းဆောင် ခဲ့ ခြင်း၊ ဖြတ်သန်း သွားလာသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများ အား ပြုံးရွှင်စွာဆက် ဆံတတ်သူဖြစ်ခြင်းနှင့် ပြည်သူ လူထုမှချစ်သော ရဲဖြစ်ခြင်းတို့ ကြောင့် အကောင်းဆုံးရဲတပ်ဖွဲ့ဝင် ဆုနှင့် ရဲတပ်ကြပ်ရာထူး တိုးမြှင့်ချီး မြှင့်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။

''ပီတိဖြစ်တယ်။ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်သူ ကိုဗဟိုပြုပြီး ပြည် သူ့ လုပ်ငန်းတာ ဝန်ကို ဆက်လက်ထမ်းဆောင် သွားမှာ ပါ''ဟု ရဲတပ်ကြပ်ခင်မောင် မြင့်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

ရဲတပ်ကြပ်ခင်မောင်မြင့် (ယခင်ရဲတပ်သား)သည် သူ၏တာဝန်ဝတ္တရားကျေ ပွန်မှုနှင့် ပြည် သူများ ချီးကျူးခံရမှုများကြောင့် (၄၇)နှစ်မြောက် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့နေ့တွင် ယာဉ်ထိန်းရဲတပ် ဖွဲ့၏ 'စံပြရဲဘော်ဆု'ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။

News Link=>http://goo.gl/3xICBu
Yangon Media Group

RangonNewsDaily:: October. 2.2013 ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်
မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့်အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်
ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်းနားတွင် ရာ
ထူး တိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။

ရဲဒု
တပ်ကြပ် ခင်မောင်မြင့် သည် ပေးအပ်သောတာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း၊ မိမိကိုယ်ကိုမိမိ ယုံကြည်ချက်ထား ခြင်း၊ တပ်ဖွဲ့ဝင်အချင်း ချင်းပေါ် တွင် ရိုင်းပင်ကူညီတတ်သည့်စိတ် ဓာတ်ရှိသူဖြစ်ခြင်း၊

အခြားတပ်ဖွဲ့ ဝင်များနှင့်မတူဘဲ လုပ်ငန်းတာ ဝန်ကို ထူးခြားစွာဆောင်ရွက်ခဲ့ သည့် တပ်ဖွဲ့ဝင်ဖြစ်ခြင်း၊ ၎င်း
တာ ဝန်ကျသည့်နေရာသည် ယာဉ် ကြောရှုပ်ထွေး သည့် နေရာဖြစ် သော်လည်း ယာဉ်ကြောကို နိုင် နိုင်နင်း
နင်း ရှင်းလင်းဆောင်ရွက် နိုင်မှုရှိခြင်း၊

တစ်နှစ်ပတ်လုံးခွင့် မယူဘဲ လုပ်ငန်းတာဝန်ကို အချိန် ပြည့် တက်ကြွစွာထမ်းဆောင် ခဲ့ ခြင်း၊ ဖြတ်သန်း သွား
လာသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများ အား ပြုံးရွှင်စွာဆက် ဆံတတ်သူဖြစ်ခြင်းနှင့် ပြည်သူ လူ
ထုမှချစ်သော ရဲဖြစ်ခြင်းတို့ ကြောင့် အကောင်းဆုံးရဲတပ်ဖွဲ့ဝင် ဆုနှင့်ရဲတပ်ကြပ်ရာထူးတိုးမြှင့်ချီး မြှင့်ခြင်းခံခဲ့
ရခြင်းဖြစ်ကြောင်း သိ ရသည်။

''ပီတိဖြစ်တယ်။ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်သူ ကိုဗဟိုပြုပြီး ပြည် သူ့ လုပ်ငန်းတာ ဝန်ကို ဆက်
လက်ထမ်းဆောင်သွားမှာပါ''ဟုရဲတပ်ကြပ်ခင်မောင် မြင့်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

ရဲတပ်ကြပ်ခင်မောင်မြင့် (ယခင်ရဲတပ်သား)သည် သူ၏တာဝန်ဝတ္တရားကျေ ပွန်မှုနှင့် ပြည် သူများ ချီးကျူးခံရ
မှုများကြောင့် (၄၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင်ယာဉ်ထိန်းရဲတပ် ဖွဲ့၏ 'စံပြရဲဘော်ဆု'ချီးမြှင့်ခြင်း 
ခံခဲ့ရကြောင်း သိရသည်။

Yangon Media Group::--, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment