Pages

Wednesday, October 2, 2013

သံတွဲ နောက်ဆက်တွဲသတင်း ည ၁၁း ၀၀ (အောက်တိုဘာ ၂ ရက် ၂၀၁၃)

RangonNewsDaily:: October. 2.2013
သံတွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရှိမနေပါ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲ အဏ္ဏ၀ါရပ်ကွက် ငပလီ အဏ္ဏ၀ါရိပ်သာမှာ ရှိနေကြောင်းသတင်းမှာ မမှန်ကန်ကြောင်း ထပ်မံသိရပါသည်။ ::
ယခုအချိန် (ည ၁၀း၀၀-နာရီ) မှာပင် ရခိုင် အကြမ်းဖက်သမားများက သံတွဲ ဘောဓိကုန်းအား မီးတင်ရှို့နေကြောင်း၊
ယခု အချိန်တွင် သံတွဲ ဘောလုံးကွင်းတွင် လူအမြောက်အများ စုရုံးထားပြီး ဖြစ်ကြောင်းနှင့် ယခုည သံတွဲမြို့ပေါ်ကို ၀င်ရောက် တိုက်ခိုက်တော့မည်ဟု ယူဆရကြောင်း လင်းရောင်ခြည်မှ ဖုံးသတင်းရရှိပါသည်။
::
သံတွဲမြို့နေ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှ ပိုင်သော ဗောဓိကုန်းရပ်ကွက်ရှိအိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း၊ ရဲနှင့် ရပ်ကွက်မှ လူ ၆၀-ခန့် ရောက်ရှိကြောင်း၊
::
မီးသတ်ဌာနသို့ အကြောင်းကြားထားသော်လည်း မီးသတ်ကား မရောက်လာသေးကြောင်း၊ အနီးအနားဝန်းကျင်မှဝိုင်းပြီး မီးငြိမ်းသတ်ရန် လုပ်ဆောင်နေကြောင်းကို သံတွဲမြို့မှ ထပ်မံ သတင်းပေးပို့လာပါတယ်။

သတင်းရရှိသမျှ ထပ်မံတင်ပေးသွားပါမည်။ ဒုအာ လုပ်ပေးကြပါ။

Ref : M-Media::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment