Pages

Wednesday, October 2, 2013

သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ


RangonNewsDaily:: October. 2.2013
သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေးတာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံအတိုင်း မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။::သေဆုံးသူ ၅-ဦးတွင် အမျိုးသမီး ၁-ဦး၊ အမျိုးသား ၄-ဦးဖြစ်ပြီး၊ ၄-ဦးမှာ ဓါးခုတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ပြီး ၁-ဦးမှာ မီးရှို့ခံရပြီးသေဆုံးသွားခြင်းဖြစ်ပါတယ်။
::
ဓါးခုတ်ခံရသူများမှာ ဒေါ်ခင်ကြည် (၉၃-နှစ်)၊ ကိုမြင့်လွင် (၄၅-နှစ်)၊ ဦးအဗ္ဗဒွလ်မီယာ (၆၀-နှစ်)၊ ဦးအဗ္ဗဒွလ်စမတ်စ် (၈၆-နှစ်)တို့ဖြစ်ပြီး ကိုခင်ဇော် (၅၀-နှစ်)မှာ ဗလီအတွင်း မီးရှို့ခံရပြီး သေဆုံးသွားခြင်းဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။
::
ပြန်လည်ခုခံနိုင်စွမ်းအား မရှိသည့် အသက် ၉၃-နှစ်အရွယ်ရှိ အဘွားအိုတစ်ယောက်အား ဓါးဖြင့် ရက်စက်စွာ ခုတ်ဖြတ်သတ်ဖြတ်နိုင်သည့် အကြမ်းဖက်သမားများကို မြင်ရခြင်းအားဖြင့် လူစိတ်ပျောက်နေပြီး အရိုင်းအစိုင်းတိရိစ္ဆာန်စိတ် ၀င်နေခြင်းသာဖြစ်တယ်လို့သည်း သံတွဲမြို့ခံ ဗုဒ္ဓဘာဝင်တစ်ဦးက M-Media ကို ပြောပါတယ်။

M-Media ::-- , RangonNewsDaily
kolatt (Pabedan)


See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment