Pages

Wednesday, October 2, 2013

မာစီဒီး ၆ ဘီး SUV G63 AMG

Photo: မာစီဒီး ၆ ဘီး SUV G63 AMG
Wednesday, October 2, 2013

မာစီဒီး က ၆ ဘီးကား မထုတ်ပါဘူး။ tuning ကုမ္မဏီတစ်ခုက တစ်မူ ထူးခြားအောင် ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်မြင်နေ ကျ Mercedes Benz G Wagen က ၆ဘီးကား ဖြစ်လို့ သွားပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ အင်ဂျင်အရွယ် ၅.၅ လီိတာ တာဘို ၂ လုံးပူး ဆလင်ဒါ ၈ လုံးတွဲ အင်ဂျင် ဖြစ်ပါတယ်။ ဒါကြောင့်မြင်းကောင်ရေအား ထုတ်လုပ်မှုက ၆၉၀ ဝန်းကျင် ရှိပါတ်။ ဂီယာ ၆ ချက်ထိုးပါ။ ၇.၄ စက္ကန့် အတွင်း တစ်နာရိ မိုင် ၆၀ တင်နိုင်မယ်လို့ ဆိုပါတယ်။ ကားကတော့ လေး ဘီးမောင်း စနစ်ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ၆ ဘီးကား ပါ။ ခရီးကြမ်းအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပေမယ့် မြို့ ထဲမှာလည်း စတိုင်ကျ ကျ စီးနိုင်ကြောင်း ဆိုပါတယ်။

Top Speed ကို တစ်နာရီ မိုင် ၁၀၀ အထိပဲ ကန့်သတ် ထားပါတယ်။ အပြင်အဆင်အနေနဲ့ ကာဘွန်ဖိုက်ဘာ ဘော်ဒီသားသုံး ကိုယ်ထည်၊ LED မီးလုံး၊ Xenon မီးလုံး အသုံးပြုမှု၊ အနက်၊အနီ Leather သား၊ အတွင်းခန်း ဇိမ်ကျကျ ပစ္စည်းနဲ့ ပြင်ဆင်မှု အစရှိသဖြင့် စုံလင်ပါတယ်။ Frankfurt မော်တော်ယာဉ် ပြပွဲမှာ ပြသလျက် ရှိတဲ့ ကားပါ။ Mercedes Benz G63 AMG 6x6 ဘီးကားကို ၂၀၁၄ မှာစတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:autoblog
Aung Kham (ရိုးရာလေး)

RangonNewsDaily:: October. 2.2013
မာစီဒီး က ၆ ဘီးကား မထုတ်ပါဘူး။ tuning ကုမ္မဏီတစ်ခုက တစ်မူ ထူးခြားအောင် ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်မြင်နေ ကျ Mercedes Benz G Wagen က ၆ဘီးကား ဖြစ်လို့ သွားပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ အင်ဂျင်အရွယ် ၅.၅ လီိတာ တာဘို ၂ လုံးပူး ဆလင်ဒါ ၈ လုံးတွဲ အင်ဂျင် ဖြစ်ပါတယ်။ ဒါကြောင့်မြင်းကောင်ရေအား ထုတ်လုပ်မှုက ၆၉၀ ဝန်းကျင် ရှိပါတ်။ ဂီယာ ၆ ချက်ထိုးပါ။ ၇.၄ စက္ကန့် အတွင်း တစ်နာရိ မိုင် ၆၀ တင်နိုင်မယ်လို့ ဆိုပါတယ်။ ကားကတော့ လေး ဘီးမောင်း စနစ်ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ၆ ဘီးကား ပါ။ ခရီးကြမ်းအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပေမယ့် မြို့ ထဲမှာလည်း စတိုင်ကျ ကျ စီးနိုင်ကြောင်း ဆိုပါတယ်။

Top Speed ကို တစ်နာရီ မိုင် ၁၀၀ အထိပဲ ကန့်သတ် ထားပါတယ်။ အပြင်အဆင်အနေနဲ့ ကာဘွန်ဖိုက်ဘာ ဘော်ဒီသားသုံး ကိုယ်ထည်၊ LED မီးလုံး၊ Xenon မီးလုံး အသုံးပြုမှု၊ အနက်၊အနီ Leather သား၊ အတွင်းခန်း ဇိမ်ကျကျ ပစ္စည်းနဲ့ ပြင်ဆင်မှု အစရှိသဖြင့် စုံလင်ပါတယ်။ Frankfurt မော်တော်ယာဉ် ပြပွဲမှာ ပြသလျက် ရှိတဲ့ ကားပါ။ Mercedes Benz G63 AMG 6x6 ဘီးကားကို ၂၀၁၄ မှာစတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:autoblog
Aung Kham (ရိုးရာလေး) , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment