Pages

Wednesday, October 2, 2013

အကြီးဆုံး သော စစ်ရေးပြ အခမ်း အနား တောင် ကိုရီးယား တပ်မတော် နေ့ တွင် ကျင်းပ

အကြီးဆုံး သော စစ်ရေးပြ အခမ်း အနား တောင် ကိုရီးယား တပ်မတော် နေ့ တွင် ကျင်းပ

တောင်ကိုရီုးယား နိုင်ငံ သည် ဆယ်စုနှစ် တစ်ခု အတွင်း အကြီးမား ဆုံး သော စစ်ရေး ပြပွဲ အခမ်း အနား တစ်ရပ် ကို အောက်တို ဘာ ၁ ရက် က ကျင်းပ သည်။ ယင်း အခမ်း အနား ၌ တောင် ကိုရီးယား သမ္မတ က မိန့်ခွန်း ပြောကြား ရာ တွင် မြောက် ကိုရီးယား ၏ ခြိမ်းခြောက် မှု များ သည် အလွန် အန္တရာယ် ကြီးမား ကြောင်း သတိပေး ခဲ့သည်။ 

တောင် ကိုရီးယား နိုင်ငံ ၏ ( ၆၅ )နှစ် မြောက် တပ်မတော်နေ့ အထိမ်း အမှတ် စစ်ရေး ပြပွဲ ၌ ပြသသော စစ် လက်နက် များ တွင် ခရုဇ် ဒုံးကျည် များ နှင့် တော်ပီဒို လက်နက် များ ပါဝင် သည်။ တောင် ကိုရီးယား နိုင်ငံ သို့ လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက် ရန် ရောက်ရှိ နေ သည့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချပ်ဟေဂဲလ် နှင့် ဗိုလ်ချုပ်ကြီး မာတင်ဒမ် ဆီ တို့သည် တပ်မတော် နေ့ အထိမ်း အမှတ် စစ်ရေးပြ အခမ်း အနား သို့ တက်ရောက် ကြသည်။ 

စစ်ရေးပြ အခမ်းအနား ၌ တောင် ကိုရီးယား သမ္မတ ပတ်ဂွန်ဟိုင်း က မိန့်ခွန်း ပြောကြား ရာ တွင် ကိုရီးယား ကျွန်းဆွယ် ၏ အခြေ အနေမှာ အလွန် စိုးရိမ်ဖွယ် ကောင်း သည်ဟု ဖော်ပြ သည်။ မိမိ တို့ အနေဖြင့် မြောက်ကိုရီးယား အား ရင်ဆိုင် ရန် အင်အား တောင့်တင်း သည့် တပ်မတော် ကို တည်ဆောက် သွား ရမည် ဖြစ်ကြောင်း၊ မြောက် ကိုရီးယား နိုင်ငံ အနေဖြင့် နျူ ကလီးယား အစီအစဉ် များ အား စွန့်လွှတ် သွား စေရန် လုပ်ဆောင် ခြင်း သည် ၄င်း နိုင်ငံ ရှိ ပြည်သူ များ နှင့် ကိုရီးယား ကျွန်းဆွယ် ဒေသ ငြိမ်းချမ်းရေး အတွက် မှန်ကန် သော ရွေးချယ်မှု ဖြစ်ကြောင်း တောင် ကိုရီးယား သမ္မတ က ဆက်လက် ပြောကြား သည်။ 

ယင်း စစ်ရေးပြ အခမ်း အနား တွင် ခေတ်မီ စစ်လက်နက် ပစ္စည်း များ ကို ခင်းကျင်း ပြသ သည်။ ယင်း တို့ အနက် ဟွမ်မူး - ၃ အမျိုးအစား ခရုဇ် ဒုံးကျည်မှာ မြောက် ကိုရီးယား ရှိ ပစ်မှတ် များ ကို တိကျစွာ ထိမှန်အောင် တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း တောင် ကိုရီးယား က ပြောကြား သည်။ စစ်ရေး ပြပွဲ တွင် တောင် ကိုရီးယား တပ်ဖွဲ့ ဝင် ဦးရေ ၁၁၀၀၀ နှင့် စစ် လေယာဉ် အစင်းရေ ၁၂၀ တို့ ပါဝင် စစ်ရေး ပြသ ကြသည်။ 

BBC

RangonNewsDaily:: October. 2.2013 တောင်ကိုရီုးယား နိုင်ငံသည်ဆယ်စုနှစ် တစ်ခု အတွင်း အကြီးမား ဆုံး သော စစ်ရေး ပြပွဲ အခမ်း အနား တစ်
ရပ် ကို အောက်တို ဘာ၁ ရက်ကကျင်းပ သည်။ယင်းအခမ်း အနား ၌ တောင် ကိုရီးယား သမ္မတ က မိန့်ခွန်း
ပြောကြား ရာ တွင် မြောက် ကိုရီးယား ၏ ခြိမ်းခြောက် မှု များ သည် အလွန် အန္တရာယ် ကြီးမား ကြောင်းသတိ
ပေး ခဲ့သည်။ တောင် ကိုရီးယား နိုင်ငံ ၏ ( ၆၅ )နှစ် မြောက် တပ်မတော်နေ့ အထိမ်း အမှတ် စစ်ရေး ပြပွဲ ၌ ပြသသော စစ် လက်နက် များ တွင် ခရုဇ် ဒုံးကျည် များ နှင့် တော်ပီဒို လက်နက် များ ပါဝင် သည်။ တောင် ကိုရီးယား နိုင်ငံ သို့ လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိ နေ သည့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချပ်ဟေ
ဂဲလ် နှင့် ဗိုလ်ချုပ်ကြီး မာတင်ဒမ် ဆီ တို့သည် တပ်မတော် နေ့ အထိမ်း အမှတ် စစ်ရေးပြ အခမ်း အနား သို့ တက်ရောက် ကြသည်။

စစ်ရေးပြ အခမ်းအနား ၌ တောင် ကိုရီးယား သမ္မတ ပတ်ဂွန်ဟိုင်း က မိန့်ခွန်း ပြောကြား ရာ တွင် ကိုရီးယား ကျွန်းဆွယ် ၏ အခြေ အနေမှာ အလွန် စိုးရိမ်ဖွယ် ကောင်း သည်ဟု ဖော်ပြ သည်။ 
 
မိမိ တို့ အနေဖြင့် မြောက်ကိုရီးယား အား ရင်ဆိုင် ရန် အင်အား တောင့်တင်း သည့် တပ်မတော် ကို တည်
ဆောက် သွား ရမည် ဖြစ်ကြောင်း၊ မြောက် ကိုရီးယား နိုင်ငံ အနေဖြင့် နျူ ကလီးယား အစီအစဉ် များ အား စွန်
့လွှတ် သွား စေရန် လုပ်ဆောင် ခြင်း သည် ၄င်း နိုင်ငံ ရှိ ပြည်သူ များ နှင့် ကိုရီးယား ကျွန်းဆွယ် ဒေသ ငြိမ်း
ချမ်းရေး အတွက် မှန်ကန် သော ရွေးချယ်မှု ဖြစ်ကြောင်း တောင် ကိုရီးယား သမ္မတ က ဆက်လက် ပြောကြား သည်။

ယင်း စစ်ရေးပြ အခမ်း အနား တွင် ခေတ်မီ စစ်လက်နက် ပစ္စည်း များ ကို ခင်းကျင်း ပြသ သည်။ ယင်း တို့ အ
နက် ဟွမ်မူး - ၃ အမျိုးအစား ခရုဇ် ဒုံးကျည်မှာ မြောက် ကိုရီးယား ရှိ ပစ်မှတ် များ ကို တိကျစွာ ထိမှန်အောင် တိုက်ခိုက် နိုင်စွမ်းရှိကြောင်း တောင်ကိုရီးယားက ပြောကြား သည်။ စစ်ရေး ပြပွဲ တွင် တောင် ကိုရီးယား တပ်
ဖွဲ့ ဝင် ဦးရေ ၁၁၀၀၀ နှင့် စစ် လေယာဉ် အစင်းရေ ၁၂၀ တို့ ပါဝင် စစ်ရေး ပြသ ကြသည်။

BBC , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment