Pages

Wednesday, October 2, 2013

ယုဇန ဥယျာဉ်အိမ်ရာတွင် လိုင်စင်မဲ့ယာဉ်တစ်စီး ထပ်မံဖမ်းဆီးရမိ

RangonNewsDaily:: October. 2.2013
ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာတွင် လိုင်စင်မဲ့ယာဉ်တစ်စီးကို စက်တင်ဘာ ၃၀ ရက်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။::
ဒဂုံဆိပ်ကမ်းရဲစခန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စုတို့ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ (၉၄) ရပ်ကွက်၊ ယုဇနအိမ်ရာ အေ (၁၅)လမ်း၊ အခန်း(၀၀၂)ရှေ့တွင် လိုင်စင်မဲ့ယာဉ်တစ်စီးရပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြသည်ဟု ဆိုထားသည်။
ထို့ကြောင့် သတင်းရရှိသည့်နေရာတွင် ယာဉ်အမှတ် ၄ဂ/-----Road Star အမျိုးအစားယာဉ်အား ရပ်ထားသည်ကို တွေ့ခဲ့သည်။ ထို့နောက် ယာဉ်ပိုင်ရှင်ဖြစ်သူမှာ မောင်မောင်ဆန်း (၃၆)နှစ်၊ ယာဉ်မောင်း၊ တိုက်(၁၈)၊ အခန်း(၃၀၂) တွင် နေထိုင်သူ ဖြစ်ကြောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုထားသည်။
::
ထို့နောက် ယာဉ်ပိုင်ရှင်ဖြစ်သူအား ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား စာရွက်စာတမ်းများအား စစ်မေးရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရသည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် မောင်မောင်ဆန်းအား အရေးယူပေးရန် ဒု-ရဲအုပ်ဝင်းကိုက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ဒဂုံဆိပ်ကမ်း ရဲစခန်းက (ပ)၃၃၅/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ (၈) ဖြင့် တရားစွဲ တင်နိုင်ရန် တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။
::
သြဂုတ်လ ၁၃ ရက်ကလည်း အဆိုပါ (၉၄)ရပ်ကွက်၊ အေ- ဘလောက် (၁၇)လမ်းတွင်းတွင် လိုင်စင်မဲ့ ယာဉ်တစ်စီးကို တွေ့ရှိ သိမ်းဆည်းပြီး ၎င်းယာဉ်အားစီးနင်းနေသည့် ပိုင်ရှင်ဖြစ်သူ အငြိမ်းစားဝန်ထမ်း တစ်ဦးကိုလည်း ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အရေးယူဆောင်ရွက်ခဲ့သည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan)






See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment