Pages

Wednesday, October 2, 2013

သံတွဲ ဇီးကျွန်းရှိ ကမန်တိုင်းရင်းသားပိုင် လယ်တောများအား အကြမ်းဖက်မီးရှို့ (ည ၇း၃၀)

RangonNewsDaily:: October. 2.2013

သံတွဲမြို့ ဇီးကျွန်းကျေးရွာရှိ ကမန်မွတ်စလင်မ်ပိုင် လယ်တောများအား ယနေ့ည ၇း၃၀-နာရီခန့်က အကြမ်းဖက်သမားများက ၀င်ရောက် မီးရှို့နေတယ်လို့ သိရပါတယ်။အဆိုပါ ဇီးကျွန်းကျေးရွာတွင် မွတ်စလင်မ်အိမ်များမရှိပဲ ကမန်တိုင်းရင်းသားများ ပိုင်သည့် လယ်တောများနှင့် လယ်တဲ (၂၀)ခန့်သာရှိကြောင်း၊ လယ်တော မည်မျှကို မီးရှို့နေကြောင်း အတိအကျ မသိရသော်လည်း
မီးရှို့နေသည့် မီးတောက်နှင့် မြင်ကွင်းကို ပျဉ်ရောင်းမှ လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက M-Media ကို ပြောပါတယ်။

ယနေ့ညနေပိုင်း သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ဘက်တွင်လည်း လူစုလူဝေး ပြုလုပ်နေမှုကြောင့် သံတွဲမြို့ခံများမှ စိုးရိမ်နေကြပါတယ်။
::
သမ္မတ ဦးသိန်းစိန် သံတွဲမြို့ကို လာရောက်မည်ဆိုသည့်အတွက် ဇီးကျွန်းတွင် ဒုက္ခသည်စခန်းဖွင့်ကာ ရခိုင်အများစုမှာ အဆိုပါ ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်ကြပြီး သံတွဲမြို့တွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်ခံရမှုများကို ပြောင်းပြန်လုပ်ကာ ရခိုင်များက အကြမ်းဖက်ခံရသည်ဟုဆိုကာ ၎င်းဒုက္ခသည်စခန်းတွင် ဇီးကျွန်းကျေးရွာရှိ ရခိုင် အမျိုးသမီး၊ ကလေး အများစုကို သွားရောက်ပို့ဆောင်ကာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားတယ်လို့ ပျဉ်ရောင်းကျေးရွာမှ သတင်းပေးပို့လာပါတယ်။

M-Media ::-- ,RangonNewsDaily
kolatt (Pabedan)


0 comments:

Post a Comment